၂၆ လူသည် ဤစကြဝဠာကို အကြွင်းမဲ့ အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။
၄ ငါသည် သင်တို့ထံမှာ ဧည့်သည်အာဂန္တု ဖြစ်ပါ၏။%fo(a) ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည်အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကိုငါ့အား အခွင့်ပေးပါလော့၊ ဟုဆို၏။
၃ ယခုဤပြည်၌ တည်းခို၍ နေလော့။ သင့်ဘက်မှာ ငါနေ၍ ကောင်းကြီးပေးမည်။ အကြောင်းမူကား၊ သင်နှင့်သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘ အာဗြဟံအား ငါကျိန်ဆိုသော စကားရှိသည်အတိုင်း ငါပြုမည်။
၉ ကျွန်တော်သည် ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်သည် အနှစ် တရာ့သုံးဆယ်ရှိပါပြီ။ ကျွန်တော် အသက်ရှင်သောနှစ် နည်း၍ဆိုးပါ၏။ ဧည့်သည်အာဂန္တုဖြစ်သော ဘိုးဘေးတို့၏ အသက်တမ်းကို မမှီပါဟုလျှောက်ဆိုပြီးလျှင်၊
၂၂ ထိုမိန်းမဖွားသောသားကို ဂေရရှုံ (Gershom) အမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ငါသည် တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီ ဟုဆိုသတည်း။
sဣသရေလ အမျိုးသားတို့ ညည်းတွားငိုကြွေးသံ ဘုရားကြား
၂၃ မြေကို သူတပါး အစဉ်ပိုင်စေခြင်းငှာ မရောင်းရ။ မြေသည်ငါဥစ္စာဖြစ်၏။%fo(a)သင်တို့သည် ငါ၌တည်းသော ဧည့်သည်အာဂန္တု ဖြစ်ကြ၏။
၁၅ အကျွန်ုပ်တို့သည် ဘိုးဘေးများကဲ့သို့ ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီးပေါ်မှာ နေရသော ကာလသည် အရိပ်ကဲ့သို့ ဖြစ်ပါ၏။ မှီခိုရာမရှိပါ။
၁၂ အိုထာဝရဘုရား အကျွန်ုပ် ဆုတောင်းခြင်း ပဌနာကို ကြားတော်မူပါ။ အကျွန်ုပ် အော်ဟစ်သော အသံကို နားထောင်တော်မူပါ။ အကျွန်ုပ် မျက်ရည်ကို ကြည့်၍ နေတော်မမူပါနှင့်။ ဘိုးဘေးအပေါင်းတို့သည် ဖြစ်ဘူးသကဲ့သို့ အကျွန်ုပ်သည် ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။
၁၉ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။
၁၆ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့၊ ဤသူတို့သည် မဆက်ဆံကြပါ။
၁၃ ယခုဆိုခဲ့ပြီးသောသူ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးက မြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည် ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။
၂ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ များပြားပါစေသော်။
s ငါတို့ကိုတဖန်ဖြစ်ဖွားစေ(born again)
၁၇ လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော်ကို၊ သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ် ကာလပတ်လုံး ကြောက်ရွံ့သော စိတ်နှင့်ကျင့်နေကြလော့။
၁၁ ချစ်သူတို့၊ ဝိညာဉ်နှင့် စစ်ပြိုင်တတ်သော ကိုယ်ကာယ တပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည် အာဂန္တု ကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။
၁၅ လောကကို၎င်း၊ လောက၌ ရှိသောအရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကိုချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။
၁၈ ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသော ကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော၊ အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင် အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခုကာလသည် နောက်ဆုံးသော ကာလဖြစ် သည်ကိုသိရ၏။
၂၂ မုသာကို သုံးသောသူကား အဘယ်သူနည်း။ ယေရှုသည် ခရစ်တော်မဟုတ် ၊ ဟုငြင်းပယ်သောသူဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏။
၃ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို၊ ဝန်မခံသော ဝိညာဉ်မည် သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း၊ ဤလောကသို့ လာမည်ဖြစ်၍၊ ယခုပင်လာလျက်ရှိသော အန္တိခရစ်၏ဝိညာဉ်ဖြစ်၏။
s သင်တို့သည်ဘုရားနှင့်စပ်ဆိုင်
၇ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို၊ ငြင်းပယ်လျက် လှည့်ဖြားသောသူ အများတို့သည်၊ လောကထဲသို့ ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။
၁၅ ဝိညာဉ်လူမူကား၊ ထိုအရာအလုံးစုံတို့ကို ပိုင်းခြား၍ နားလည်တတ်၏။ သို့သော်လည်း၊ ထိုလူကို အဘယ်သူမျှ ပိုင်းခြား၍မသိနိုင်။
၂၀ သင်တို့သည် သန့်ရှင်းတော်မူသော ဘုရား၏လက်မှ၊ ဘိသိက်ကျေးဇူးတော်ကို ခံရ၍၊ ခပ်သိမ်းသော အရာတို့ကိုသိကြ၏။
sခမည်းတော်နှင့်သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏
၄၂ ဗိမာန်တော်၌၎င်း၊ အိမ်၌၎င်း၊ နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ ဟူ၍၊ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက် နေကြ၏။
%ln
၃၄ %ft(a) နိဿရေးဆရာသည် ဂရိတ်လို νομοδιδάσκαλος အင်္ဂလိပ်အသံထွက် (nomodidaskalos) အဓိပ္ပါယ် မှာ teachers of the law ပညတ်တော်၌ ကျွမ်းကျင်သောဆရာ ဖြစ်သည်။
၂၂ ရှောလုသည်လည်း အားတိုးပွားသဖြင့်၊ ဒမာသက်မြို့၌ နေသော ယုဒလူတို့သည် ပြောသမျှသော စကားကို ချေ၍၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။
sရှောလုကို သတ်မည်ကြံ၊ ယေရုရှလင်မြို့သို့သွား
၁ ယေရှုသည် ခရစ်တော် ဖြစ်တော်မူသည်ကို၊ ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖွားစေ %fo(a)တော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည်၊ သားကိုလည်း ချစ်တတ်သည်နှင့်အညီ၊
၁၃ ယေရှုသည် ဖိလိပ္ပု ကဲသရိမြို့၏ ကျေးလက်သို့ ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း၊ ဟုတပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊
၁၀ ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။
၁၉ ထိုသူတို့ကလည်း၊ သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်း၊ ဟုမေးကြ၏။ ယေရှုကလည်း၊ သင်တို့သည်ငါ့ကိုမသိကြ။ ငါ့ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။
၄၈ ယုဒလူတို့ကလည်း၊ သင်သည် ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူ လည်းဖြစ်၏၊ဟုငါတို့ပြောသောစကားသည် လျောက်ပတ်သည် မဟုတ်လော၊ ဟုဆိုကြ၏။
၅၅ သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ။ ငါမူကားသိ၏။ ငါမသိဟုငါဆိုလျှင် သင်တို့ကဲ့သို့ မုသာသုံးသောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားတော်ကိုလည်း နားထောင်၏။
၂၁ ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။
၃ ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။
၂၅ တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကို မသိသော်လည်းအကျွန်ုပ်သိပါ၏။
၁၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည်၊ မိမိသားတော်၏ ဘုန်းကို ထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့ အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း၊ သင်တို့သည် ထိုသခင်ကို ငြင်းပယ်ကြ၏။
၂၃ သားတော်ကို ငြင်းပယ်သောသူ မည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူ မည်သည်ကား၊ ခမည်းတော်ကိုသိ၏။
၁ ဘုရားသခင်၏ သားတော်၊ ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့်၊ ငါတို့ကိုလည်း မသိကြ။
၅ ယေရှုကလည်း၊ ရေ နှင့် ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရ၊ ဟုငါအမှန်အကန်ဆို၏။
၂၃ ကိုးကွယ်သောသူ မှန်သမျှတို့သည်၊ ခမည်းတော်ကို ဝိညာဉ်နှင့်၎င်း၊ သမ္မာတရား %fo(b)နှင့်၎င်း၊ ကိုးကွယ်ရမည့် အချိန်ကာလသည်လာ၍၊ ယခုပင် ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ ကိုးကွယ်သောသူတို့ကို၊ ခမည်းတော်သည် အလိုရှိတော်မူ၏။
၆၃ ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသော စကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။
၃၉ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည်၊ ခံရလတံ့သော ဝိညာဉ်တော်ကိုရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေး သောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။
၁၆ ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော်တည်းဟူသော၊ တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ၊ သင်တို့အား ပေးတော်မူမည်။
၂၆ ခမည်းတော်ထံမှ ထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။
၇ ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာ %fo(a)သည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။
၁၃ သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သော အရာတို့ကိုလည်း သင်တို့အား ဖေါ်ပြလိမ့်မည်။
၂၂ ထိုသူတို့အပေါ်မှာ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။
၈ ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်၊ ဟု%fo(a) မိန့်တော်မူ၏။
၄ ထိုသူအပေါင်းတို့သည်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း၊ အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။
sအမျိုးမျိုးသော စကားဖြင့်ဟောကြ
၁၅ အကြောင်းမူကား၊ သင်တို့သည် တဖန် ကြောက်ရွံ့တတ်သောကျွန်၏ ဝိညာဉ် %fo(a) ကိုရကြသည်မဟုတ်။ အဗ္ဗအဘ၊ ဟုခေါ်ရသောအခွင့်နှင့်၊ သားဖြစ်ခြင်း၏ ဝိညာဉ်%fo(a)ကိုရကြပြီ။
၁၂ ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင် ပေးတော်မူသောအရာတို့ကို သိခြင်းအလိုငှါ၊ ဘုရားသခင့်ထံမှ ကြွလာသော ဝိညာဉ်ကို ခံရကြပြီ။
၂၇ သို့သော်လည်း သန့်ရှင်းတော်မူသော ဘုရား၏လက်မှ သင်တို့ခံရသော ဘိသိက်ကျေးဇူးတော်သည် သင်တို့၌ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိက် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင် သည်မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသော အရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌ တည်နေကြလော့။