-
AA
+
🡀
|
🡂
၁ ပေတရု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၁ ပေတရု ဩဝါဒစာ
အခန်းကြီး ၄


အလိုတော်အတိုင်းကျင့်
CROSS REFERENCES






ထိုသို့ခရစ်တော်သည် ကိုယ်ခန္ဓာတော်၌၊ ငါတို့အတွက် ခံတော်မူသည် မှန်သောကြောင့်၊ သင်တို့လည်း ထိုသို့သော သဘောကို လက်နက်ပြု၍ သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓာ၌ ခံသောသူသည် ဒုစရိုက်တို့နှင့် လွတ်ငြိမ်းသည် ဖြစ်၍၊ နောက်တဖန် သူတို့၏ တပ်မက်ခြင်းတရားကို မကျင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်း ကျင့်လျက်၊ ကိုယ်ခန္ဓာ အသက် အပိုင်းအခြား ကျန်ရစ်သောကာလကို လွန်စေတတ်၏။ သာသနာပလူတို့၏ အလိုသို့ လိုက်၍၊ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့်ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ [A] သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း၌ ကျင်လည်၍၊ ငါတို့ လွန်စေပြီးသော အသက်ကာလသည် ငါတို့အားလောက်ပေ၏။ ယခုမှာ သင်တို့သည် သူတို့နှင့်အတူ မဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူး ညစ်ညူးစွာ မပြုသည်အရာကို သူတို့သည် အံ့ဩ၍ ကဲ့ရဲ့တတ်ကြ၏။ သို့ဖြစ်၍၊ အသက်ရှင်သော သူတို့ကို၎င်း၊ သေသော သူတို့ကို၎င်း၊ တရားစီရင်ခြင်းငှာ အသင့်ရှိတော်မူသောသူ ရှေ့၌ ၊ ထိုသူတို့သည် စစ်ကြောခြင်းကို ခံရကြလတံ့။ ထိုအကြောင်းကြောင့် လူတို့ရှေ့၌ ကိုယ်ခန္ဓာအားဖြင့် အပြစ်စီရင်ခြင်းကို ခံရသော်လည်း၊ ဘုရားသခင့် ရှေ့တော်၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင်မည် အကြောင်း၊ သေသော သူတို့သည် ဧဝံဂေလိတရားကို ကြားရကြ၏။


သမ္မာသတိရှိကြလော့

ခပ်သိမ်းသော အမှုအရာတို့သည် အဆုံးသို့ ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိ ရှိကြလော့၊ ဆုတောင်းခြင်း အလိုငှာ စောင့်နေကြလော့။ အခြားသော အမှုအရာထက်မက၊ အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်၏။ မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့။ ၁၀ သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီး ခံရသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော် ဘဏ္ဍာစိုးကောင်းကဲ့သို့၊ [B] အချင်းချင်း ဝေငှပေးကမ်းကြလော့။ ၁၁ ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော် ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက်သောသူသည်၊ ဘုရားသခင် ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။


ခရစ်တော်၏ နာမကြောင့်ကဲ့ရဲ့ခြင်းကို ခံရလျှင်

၁၂ ချစ်သူတို့၊ သင်တို့ကို စုံစမ်းစရာဖို့ ယခုခံရသော မီးစစ်ခြင်း အရာကိုကား၊ သင်တို့၌ အံ့ဘွယ်သောအရာ ဖြစ်သည်၊ ဟုထင်မှတ်၍၊ အံ့ဩခြင်း မရှိကြနှင့်၊ ၁၃ သင်တို့သည် ခရစ်တော်၏ ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍၊ ဘုန်းတော် ပေါ်ထွန်းသောအခါ၊ အလွန် ဝမ်းမြောက် ရွှင်လန်းမည်အကြောင်း၊ ယခုပင် ဝမ်းမြောက်ကြလော့။ ၁၄ ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကို ခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသော ဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်း ရှိတော်မူ၏။ ၁၅ လူအသက်ကို သတ်သောအပြစ်၊ သူ့ဥစ္စာကို ခိုးသောအပြစ်၊ ဒုစရိုက်ကို ပြုသောအပြစ်၊ သူတပါးအမှု၌ ရောနှောသော အပြစ်ရှိ၍၊ သင်တို့တွင် အဘယ်သူမျှ မခံစေနှင့်။ ၁၆ ခရစ်ယာန် ဖြစ်သောကြောင့် ခံရလျှင်မူကား ရှက်ကြောက်ခြင်း မရှိစေနှင့်။ ထိုအမှုကြောင့် ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းစေ။ ၁၇ ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ ဧဝံဂေလိတရား စကားကို နားမထောင်သောသူတို့၏ အမှုသည်၊ အဘယ်သို့ ပြီးလိမ့်မည်နည်း။ ၁၈ ​ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခဲသည် မှန်လျှင်၊ ဘုရားသခင်ကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသော သူသည် အဘယ်မှာ ပေါ်လိမ့်မည်နည်း။ ၁၉ ထိုကြောင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်း ဆင်းရဲခံရသော သူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့သို့ မှတ်လျက်၊ ကောင်းသောအကျင့်ကို ကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့အသက် ဝိညာဉ်ကို အပ်နှံကြစေ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.