၁၄ သူ့မယားကို မပြစ်မှားနှင့်။
၃၂ သူ့မယားကို ပြစ်မှားသောသူသည် ဥာဏ်မရှိ။ ထိုသို့ပြုသောသူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။
၂၇ သင်၏မျောက်မ ထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသော မေထုန်၏ ညစ်ညူးခြင်း၊တောင်ပေါ်၌၎င်း၊ လယ်ပြင်၌၎င်း၊ ပြုသော စက်ဆုပ်ရွံရှာဘွယ်တို့ကို ငါသိမြင်၏။ အိုယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့မရောက်ဘဲ အဘယ်မျှ ကာလပတ်လုံး နေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
၃၂ ကိုယ်မဆိုင်သောယောက်ျားကို၊ ကိုယ်လင်၏ကိုယ်စားလက်ခံ၍ နောက်မီးလင်းသောမိန်းမနှင့်တူ၏။
၂၇ သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။
၃၁ တဖန်တုံ၊ မယားနှင့် ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။
၉ ငါပညတ်သည်ကား၊ မှားယွင်းခြင်း အကြောင်း မှတပါး အခြားသော အကြောင်းဖြင့် မိမိမယားနှင့် ကွာ၍ အခြားသော မိန်းမနှင့် စုံဘက်သော သူသည် မိမိမယားကို ပြစ်မှား၏။ ကွာသော မိန်းမနှင့် စုံဘက်သော သူသည်လည်း သူ့မယားကို ပြစ်မှားသည်၊ ဟုမိန့်တော်မူ၏။
s မိန်းမလျှာသုံးမျိုး
၂၀ လူအတွင်းမှ ထွက်သောအရာမူကား၊ လူကို ညစ်ညူးစေသော အရာဖြစ်၏။
၁၁ ကိုယ်တော်ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍၊ အခြားသော မိန်းမနှင့်စုံဘက်ခြင်းကိုပြု၏၊ ထိုသူသည် မိမိမယားကို ပြစ်မှား၏။
၁၈ အကြင်သူသည် မိမိမယားနှင့်ကွာ၍ အခြားသော မိန်းမနှင့် စုံဘက်ခြင်းကိုပြု၏၊ ထိုသူသည် မိမိမယားကိုပြစ်မှား၏။ လင်ကွာသော မိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း၊ သူ့မယားကို ပြစ်မှားသည်၊ ဟုမိန့်တော်မူ၏။
s သူဌေးကြီးနှင့်လာဇရု
၂ ဥပမာကား၊ လင်ရှိသောမိန်းမသည် လင်မသေမှီတိုင်အောင်၊ ပညတ်တရားအားဖြင့် လင်၌ချည်နှောင့်လျက်ရှိ၏။ လင်သေလျှင်မူကား လင်ဝတ်နှင့်လွတ်၏။
၉ မတရားသောသူတို့သည်၊ ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရသည်ကို၊ သင်တို့မသိကြသလော။ အလွဲမယူကြနှင့်။ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ ယောက်ျားချင်း မေထုန်ကို ပြုသောသူ၊ ထိုအမှုကိုခံသောသူ၊
၁၅ သင်တို့ကိုယ်ခန္ဓာသည် ခရစ်တော်၏ အင်္ဂါဖြစ်ကြောင်းကို မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်၏ အင်္ဂါကိုယူ၍၊ ပြည်တန်ဆာ၏ အင်္ဂါဖြစ်စေအပ်သလော၊ မဖြစ်စေအပ်။
၆ ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း၊ စိမ့်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သောသူတို့ကိုကား၊ အဝေးက သိတော်မူ၏။
၃၄ အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အားကား၊ ကျေးဇူးပြုတော်မူ၏။ ပညာရှိသောသူတို့သည် ဘုန်းအရေကို အမွေခံရ၍၊ မိုက်သောသူတို့မူကား၊ အရှက်ကွဲခြင်းကို ထမ်းသွားကြရလိမ့်မည်။
%ln
%ft(a)သစ္စာတရား
၁၂ အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ ရောက်လတံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့။
s ဖာရိရှဲတို့၏ပဌမ အမင်္ဂလာ
၂၇ အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။
၁၁ မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။
၈ သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။
၁၁ ထိုသို့နှိမ့်ချလျက်ရှိသော သူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာ စေတော်မူ၏။
၂၆ ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကိုချွတ်လော့။ နောက်တဖန်မရှိရ။ နိမ့်သောသူကိုချီးမြှောက်ရမည်။ မြင့်သောသူကိုနှိမ့်ချရမည်။
၁၂ အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ ရောက်လတံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့။
s ဖာရိရှဲတို့၏ပဌမ အမင်္ဂလာ
၅၂ ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ၍၊ နှိမ့်ချသောသူတို့ကိုချီးမြှောက်တော်မူပြီ။
၁၁ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူမည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့၊ ဟုမိန့်တော်မူ၏။
sကျေးဇူးမဆပ်နိုင်သူကိုခေါ်ဖိတ်ပါ
၁၄ ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတံ့၊ ဟုမိန့်တော်မူ၏။
sသူငယ်ကဲ့သို့ခံယူ
၁၀ ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချ ကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။
၁ နက်ဖြန်နေ့ကိုအမှီပြု၍မဝါကြွားနှင့်။ တရက်အတွင်းတွင်အဘယ်သို့ဖြစ်လိမ့်မည်ကိုမသိနိုင်။
၁၉ ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာ သုံးဆောင်ရန်ဥစ္စာများကို သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့၊ ငါပြောမည်၊ ဟုသူဌေးအကြံရှိ၏။
_________________________
Footnotes