-
AA
+
🡀
|
🡂
ယာကုပ်ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ယာကုပ်ဩဝါဒစာ
အခန်းကြီး ၂


လူအဆင့်အတန်းမခွဲကြဘို့

ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။ ရွှေလက်စွပ်နှင့် တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသောသူ၊ နှစ်ဦးသည်သင်တို့၏ တရားစရပ်ထဲသို့ ဝင်သောအခါ၊ တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍၊ ကောင်းမွန်သောဤအရပ်မှာ ထိုင်ပါဟူ၍၎င်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့။ သို့မဟုတ်ဤအရပ်မှာ ငါ့​ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍၎င်း၊ သင်တို့သည် ပြောဆိုလျှင်၊ တဘက်၌ ငဲ့ကွက်သောစိတ်ရှိ၍၊ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ်လော။ ငါချစ်သည်ညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်းရတနာကို ရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်၊ ဟုဝန်ခံတော်မူသော၊ နိုင်ငံတော်၏ အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။ သင်တို့သည် ဆင်းရဲသောသူကို မထီမဲ့မြင် ပြုကြသည်တကား။ ငွေရတတ်သော သူတို့သည်၊ သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည် မဟုတ်လော။ တရားပလ္လင်ရှေ့သို့ ဆွဲငင်ကြသည် မဟုတ်လော။ သင်တို့ကို သမုတ်သော နာမတော်မြတ်ကို၊ သူတို့သည် ကဲ့ရဲ့ကြသည်မဟုတ်လော။


ပညတ်လိုက်ရှောက်ရာတွင် တခုမလိုက်လျှင် အားလုံးလွန်ကျူး
CROSS REFERENCES






ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့၊ [A] ဟုကျမ်းစာ၌ ပါသောရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏။ သို့မဟုတ် လူမျက်နှာကို ထောက်လျှင်၊ ဒုစရိုက်ကို ပြုသောသူ ဖြစ်ကြ၏။ တရားကို လွန်ကျူးသောသူ၊ ဟုပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။ ၁၀ အဘယ်သို့နည်းဟူမူကား၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံတခု၌ မှားမိလျှင်၊ ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏။ ၁၁ သူ့မယားကိုမပြစ်မှားနှင့်။ ဟုပညတ်တော်မူသောသူက၊ လူအသက်ကိုမသတ်နှင့်။ ဟုပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည်သူ့မယားကို မပြစ်မှားဘဲနေသော်လည်း၊ လူအသက်ကိုသတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏။ ၁၂ လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကို ခံရလတံ့သောသူ ကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကိုစီရင်ကြလော့။ ၁၃ ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းကို အောင်၍ဝါကြွားတတ်၏။


ယုံကြည်ခြင်းကိုအကျင့်အားဖြင့်ပြရမည်
CROSS REFERENCES






၁၄ ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သောသူက၊ ငါသည် ယုံကြည်ခြင်းရှိ၏။ ဟုပြောလျက်အကျင့်ကိုမကျင့်ဘဲ နေလျှင်အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။ ၁၅ ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ [B] နေ့တိုင်းစားရသောအစာမရှိသောအခါ၊ ၁၆ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့၊ နွေးကြလော့။ ဝကြလော့ဟုပြောလျက်၊ သူတို့ကိုယ်နှင့် တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင်၊ အဘယ်အကျိုးရှိသနည်း။ ၁၇ ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည်၊ တပါးတည်းရှိသောကြောင့် အသေဖြစ်၏။ ၁၈ တနည်းကား၊ သင်သည် ယုံကြည်ခြင်းရှိ၏။ ငါသည် အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်။ ဟုပြောစရာရှိ၏။ ၁၉ ဘုရားသခင် တဆူတည်းရှိသည်။ ဟုသင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။


ဝိညာဉ်နှင့်ကင်းသောကိုယ်အသေ
CROSS REFERENCES






၂၀ လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည်၊ အသေဖြစ်သည်ကို သိချင်သလော။ ၂၁ ငါတို့အဘ အာဗြဟံသည်၊ မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာ တင်လှူပူဇော်သောအခါ၊ အကျင့်အားဖြင့်​ဖြောင့်မတ်ရာသို့ ရောက်သည် မဟုတ်လော။ ၂၂ ယုံကြည်ခြင်းသည် အကျင့်နှင့်အတူ ပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကို သိမြင်ရ၏။ ၂၃ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏၊ [C] ဟူသော ကျမ်းစကား ပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရားသခင်၏ အဆွေဟူ၍ ခေါ်ဝေါ်ခြင်းကို ခံရ၏။ ၂၄ လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ အကျင့်အားဖြင့် ရောက်သည်ကို သင်တို့သိမြင်ရကြ၏။ ၂၅ ထိုနည်းတူ၊ ပြည်တန်ဆာရာခပ်သည်၊ တမန်တို့ကို လက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။ ၂၆ ဝိညာဉ်နှင့် ကင်းသော ကိုယ်သည် အသေဖြစ်သကဲ့သို့၊ [D] အကျင့်နှင့် ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.