-
AA
+
🡀
|
🡂
ဟေဗြဲဩဝါဒစာ
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေဗြဲဩဝါဒစာ
အခန်းကြီး ၁၃


ခက်ခဲသောသူတို့ကိုသတိရ၍ သန့်ရှင်းခြင်းရှိကြလော့

ညီအစ်ကိုခြင်းချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။ အချို့သော သူတို့သည် ဧည့်သည်ဝတ်ကိုပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ။ အကျဉ်းခံရသောသူတို့နှင့် အတူကိုယ်ခံရသကဲ့သို့မှတ်၍၊ သူတို့ကိုအောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာနှင့် မကင်းမလွတ်သောသူဖြစ်၍၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့။ ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့်၊ သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိစေလော့။ မတရားသောမေထုန်ကို ပြုသောသူနှင့်၊ သူ့မယားကို ပြစ်မှားသောသူကို၊ ဘုရားသခင် စစ်ကြောစီရင်တော်မူလိမ့်မည်။ သင်တို့၏ ကျင့်ကြံပြုမူခြင်းသည်၊ ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည်သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား၊ ဟုဂတိတော်ရှိ၏။ [A] ထိုကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည် ဖြစ်၍၊ လူသည်ငါ၌ ပြုနိုင်သမျှကို မကြောက်။ ဟုငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့်ရှိကြ၏။


နှုတ်ကပတ်ဟောသောသူများ၏ယုံကြည်ခြင်းမှီအောင်လိုက်လော့
CROSS REFERENCES






ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို သင်တို့အားဟောပြော၍၊ သင်တို့ကို အုပ်သောသူတို့ကို အောက်မေ့ကြလော့။ [B] သူတို့သည်အ ဘယ်သို့ကျင့်ကြံပြုမူ၍၊ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့။ ယေရှုခရစ်သည်မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။ အထူးထူးအပြားပြားသော အယူဝါဒသစ်ကို လိုက်၍မဖောက်ပြန်ကြနှင့်။ အစာများအားဖြင့် စိတ်ခိုင်ခံ့မြဲမြံခြင်း မရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှုထားသောသူတို့သည် အကျိုးကိုရကြပြီမဟုတ်။


ယေရှုနှင့်အတူ တပ်ပြင်အထံတော်သို့ ထွက်ကြကုန်အံ့

၁၀ တဲတော်၌ ဝတ်ပြုသောသူတို့ စားရသောအခွင့်မရှိသော ယဇ်ပလ္လင်သည် ငါတို့၌ ရှိ၏။ ၁၁ အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည်၊ အပြစ်ဖြေသော ယဇ်ကောင်၏အသွေးကို၊ သန့်ရှင်းရာဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌ မီးရှို့ရ၏။ ၁၂ ထိုသို့နှင့်အညီ၊ ယေရှုသည် မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှါ၊ မြို့တံခါးပြင်၌ အသေခံတော်မူ၏။ ၁၃ သို့ဖြစ်၍၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ၍၊ တပ်ပြင်၊ အထံတော်သို့ ထွက်သွားကြကုန်အံ့။ ၁၄ အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သောမြို့မရှိ။ နောက်ဖြစ်လတံ့သော မြို့ကိုရှာကြ၏။ ၁၅ ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို၊ သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ၊ အစဉ်ပူဇော်ကြကုန်အံ့။ ၁၆ ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။


သင်တို့ကိုအုပ်သောသူတို့၏စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့
CROSS REFERENCES






၁၇ သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့။ [C] သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့စိတ်ဝိညာဉ်၏ အကျိုးအလိုငှါ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။ ၁၈ ငါတို့အဘို့ ဆုတောင်းကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက်၊ အရာရာတို့၌ ကောင်းမွန်စွာ ကျင့်နေခြင်းငှါ အလိုရှိသောသူဖြစ်သည်၊ ဟုစိတ်စွဲလမ်းခြင်းရှိကြ၏။ ၁၉ ငါသည် သင်တို့ရှိရာသို့ အလျှင်၊ အမြန်ပြန်ရသောအခွင့် ရှိစေခြင်းငှါ၊ ငါတို့အဘို့ ဆုတောင်းမည်အကြောင်း၊ ငါသည်သာ၍ နှိုးဆော်တောင်းပန်၏။


ဘုရားသခင်သည် သင်တို့ကိုပြုပြင်ပါစေသော်

၂၀ ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကို ထိန်းသောသိုးထိန်းကြီးဖြစ်သော၊ ငါတို့သခင်ယေရှုကို သေခြင်းမှ နှုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည်၊ ၂၁ မိမိနှစ်သက်တော်မူသော၊ အမှုအရာကို ယေရှုခရစ်အားဖြင့်၊ သင်တို့၌ ပြုတော်မူ၍၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသောအကျင့်အမျိုးမျိုး၌ သင်တို့ကို ပြုပြင်တော်မူပါစေသော်။ ထိုသခင်ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက်၊ ဘုန်းကြီးတော်မူစေသတည်း။ အာမင်။


စာရေးသူကိုယ်တိုင်လာမည်
CROSS REFERENCES






၂၂ ညီအစ်ကိုတို့၊ ငါသည်အကျဉ်းအားဖြင့်၊ ရေးထား၍ကြားလိုက်သော၊ ဤဆုံးမခြင်း ဩဝါဒစကားကို၊ သည်းခံမည် အကြောင်း၊ ငါသည်သင်တို့ကို နှိုးဆော်တောင်းပန်၏။ ၂၃ ငါတို့ညီ တိမောသေကို အခြားသို့ လွှတ်လိုက်သည်အရာကို သိမှတ်ကြလော့။ သူသည် မကြာမမြင့်မှီရောက်လျှင်၊ ငါသည်သူနှင့် အတူလာ၍ သင်တို့ကို တွေ့မြင်လိမ့်မည်။ ၂၄ သင်တို့ကိုအုပ်သော သူအပေါင်းတို့ကို၎င်း၊ သန့်ရှင်းသူအပေါင်းတို့ကို၎င်း၊ နှုတ်ဆက်ကြလော့။ [D] ဣတလိပြည် (Italy) သူပြည်သားတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။ ၂၅ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။


ဟေဗြဲဩဝါဒစာပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.