၂၂ ရှမွေလကလည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူ သကဲ့သို့၊ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏။
၆ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော်မရှိသည် ဖြစ်၍ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ၊ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော် မမူသောအခါ၊
၈ မီးရှို့သော ယဇ်မှစ၍ ယဇ်ပူဇော်ခြင်း အမျိုးမျိုးအတွက် ငါသည်သင်၌ အပြစ်မတင်။ ထိုယဇ်တို့သည် ငါ့ရှေ့မှာ အစဉ်ရှိကြ၏။
၁၆ ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ။ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။
၁၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ပူဇော်သောယဇ်အများကို၊ ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့်ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ်တို့၏အသွေးကို ငါမနှစ်သက်။
၂၀ ရှေဘပြည်မှ လောဗန်ကို၎င်း၊ ဝေးသောပြည်မှ မွှေးသောကြံကို၎င်း၊ အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့သနည်း။ သင်တို့ မီးရှို့ရာယဇ်တို့ကို ငါအလိုမရှိ။ ပူဇော်သော ယဇ်အမျိုးမျိုးကို ငါမနှစ်သက်။
sမြောက်မျက်နှာမှ လူမျိုးခေါ်လာမည်
၂၂ အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ် အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည်မဟုတ်။
၂၁ သင်တို့ စောင့်သောပွဲနေ့တို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ချိုးခြံစွာကျင့်သော နေ့ရက်တို့၌ ငါမမွေ့လျော်၊
၆ ငါသည် ထာဝရဘုရား ရှေ့တော်သို့ အဘယ် ပူဇော်သက္ကာ ပါလျက်ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရားသခင် ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ်ရမည်လော။
၁၀ သင်တို့တွင် အဘယ်သူသည် ငါတံခါးတို့ကို ပိတ်လိမ့်မည်နည်း။ သင်တို့သည် ငါ့ယဇ်ပလ္လင်ပေါ်မှာ မီးကိုအချည်းနှီးမညှိရကြ။ သင်တို့ကို ငါအလိုမရှိ။ သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံ၊ ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
၅ ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ၊ အိုဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍၊ အကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။
၁ ထာဝရဘုရားက သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ၊ ငါမချထားမှီတိုင်အောင်၊ ငါလက်ျာဘက်၌ ထိုင်နေလော့ ၊ ဟုငါ၏သခင်အား မိန့်တော်မူ၏။
၁၃ ထိုမှတပါး၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင်၊ ငါ့လက်ျာဘက်၌ ထိုင်နေလော့၊ ဟု အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူဘူးသနည်း။
၇ ယခုမူကား အကျွန်ုပ်သည် အဘယ်သို့ မြော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား ကိုယ်တော်၌သာ မြော်လင့်စရာအကြောင်း ရှိပါ၏။
၅ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏၊
၁၈ အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည်ရောက်လိမ့်မည်။ သင်မြော်လင့်ခြင်း အကြောင်းမပျက်ရာ။
၁၄ ထို့အတူသင်တွေ့ရသော ပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည်မြော်လင့်ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကိုခံရလိမ့်မည်။
၆ ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏ သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်၊ ဟုမြော်လင့်ခြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကိုခံရ၏၊ ဟုလွှတ်တော်အပေါ်မှာ ကြွေးကြော်လေ၏။
၆ ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ဂတိတော်ကိုထောက်၍၊ မြော်လင့်ခြင်းတရားအကြောင်း ကြောင့်အကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ၏။
၁၈ သင်၏အမျိုးအနွယ်သည်၊ ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်၊ ဟုမြော်လင့်စရာအကြောင်း မရှိဘဲလျက်၊ ယုံကြည်၍ မြော်လင့်လေ၏။
၄ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည် လည်းမြော်လင့်ခြင်းကို ပြုစုတတ်၏။
၁၃ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့်၊ မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း၊ မြော်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော်။
sပေါလုသည် တပါးအမျိုးသားများအား ဟောရန်ခန့်
၁၃ ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါး တည်လျက်ရှိ၏။ ဤသုံးပါတို့တွင် ချစ်ခြင်းမေတ္တာသည်၊ အမြတ်ဆုံး ဖြစ်သတည်း။
၇ ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှါ သာအလိုမရှိ။ နောက်မှ သခင်ဘုရားသည် အခွင့်ပေးတော်မူလျှင်၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်၊ ဟုမြော်လင့်ခြင်းရှိ၏။
၇ သင်တို့အတွက်ကြောင့် ငါတို့သည် မရွေ့နိုင်သော မျှော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်းကို ဆက်ဆံသကဲ့သို့၊ ထိုနည်းတူ သက်သာခြင်းကို ဆက်ဆံကြ၏၊ ဟုငါတို့သည်သိကြ၏။
sမိမိကိုယ်ကိုအားမကိုးဘဲ ဘုရားအားကိုးဘို့ ခံစားစေ
၁၁ သင်တို့သည် ကူညီ၍ ငါတို့အဘို့ ဆုတောင်းလျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ ဟု ငါတို့သည် ယုံကြည် မျှော်လင့်ခြင်းရှိ၏။ ထိုသို့ဖြစ်လျှင် အများသောသူတို့သည် ကူညီသောအားဖြင့်၊ ငါတို့၌ ရောက်သော ဆုကျေးဇူးကို၊ အများသောသူတို့သည် ထောက်၍၊ ငါတို့အတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
sအပြန်အလှန် ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်ကြ
၁၂ ထိုသို့သော ယုံကြည်မြော်လင့်ခြင်းရှိသည်ဖြစ်၍ ငါတို့သည် ထိမ်ဝှက်ခြင်းအလျှင်းမရှိ၊ အတည့်အလင်း ဟောပြောကြ၏။
၁၆ ထိုသို့သူ့လုပ်ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင်တို့ပြည်တဘက်သို့ကူး၍၊ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့၏ ယုံကြည်ခြင်း ပါရမီရင့်ပြီးမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်၊ ဟုမြော်လင့်ခြင်းရှိ၏။
၆ ငါတို့သည် အစစ်ခံနိုင်သောသူ ဖြစ်သည်ကို၊ သင်တို့သိကြလိမ့်မည်။ ဟုငါထင်မှတ်မြော်လင့်ခြင်းရှိ၏။
၄ သင်တို့ကို ခေါ်တော်မူခြင်းနှင့်၊ စပ်ဆိုင်သော မြော်လင့်ခြင်း တပါးထဲသို့၊ ခေါ်သွင်းတော် မူသည်နှင့်အညီ ကိုယ်တကိုယ်၊ ဝိညာဉ် တဝိညာဉ်တည်း ရှိ၏။
၂၂ အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည်ကိုယ် တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ
၂၇ တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာ နှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။
၈ နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်း သို့ရောက်မည်၊ ဟုမြော်လင့်ခြင်းတည်းဟူသော၊သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။
sအမျက်တော်ခံစေခြင်းငှါ ငါတို့ကိုခန့်ထားတော်မမူ
၁၆ ငါတို့ကိုချစ်တော်မူ၍၊ ထာဝရ သက်သာခြင်း အကြောင်းကို၎င်း၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မြော်လင့်ခြင်း အကြောင်းကို၎င်း၊ ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့်၊ ငါတို့သခင် ယေရှုခရစ်သည် ကိုယ်တော်တိုင်၊
၂၂ ထိုမှတပါး၊ ငါတည်းခိုစရာအရပ်ကို လည်းပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသောအခွင့်ကို ပေးတော်မူမည်၊ ဟုမြော်လင့်ခြင်းရှိ၏။
၆ ခရစ်တော်မူကား၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌၎င်း၊ မြော်လင့်ခြင်းနှင့် စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ထိုအိမ်တော်ဖြစ်သတည်း။
s ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်
၁၉ ထိုမြော်လင့်ခြင်းမူကား၊ကုလားကာအတွင်း၌ ချ၍၊ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့၊ ငါတို့၌ ရှိသတည်း။ %fo(a)
၁၉ ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကိုမပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မြော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။
၂၃ မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍၊ မတိမ်းယိမ်းမရွေ့လျောဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
၃ အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း အကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည့်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကိုတဖန်ဖြစ်ဖွား (born again) စေတော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
၃၅ အပြစ် တရားကို စီရင်ရသောအခွင့်၊ အပြစ်နှင့်အလျောက် ဆပ်ပေးရသော အခွင့်ကို ငါပိုင်၏။ အချိန်တန်မှ သူတို့ ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေးရောက်သော အချိန်နီးပြီ။ သူတို့တွေ့ကြုံရသော အမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။
၁၉ ချစ်သူတို့၊ သူတပါးသည် သင်တို့ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏။
၂၈ တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ ၌ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။
၅ အဘယ်သူကို ကြောက်ရမည်နည်း ဟူမူကား၊ ကိုယ်ခန္ဓာကို သတ်ပြီးမှ ငရဲထဲသို့ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။
၁၆ ထိုပြည်ကို မအောက်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍ မြတ်သော ပြည်ကို၊ တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ၊ သူတို့နေစရာဘို့မြို့ကို တည်ထောင်တော်မူပြီ။
s အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၊ ယောသပ်တို့၏ ယုံကြည်ခြင်း
၁၄ အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သောမြို့မရှိ။ နောက်ဖြစ်လတံ့သော မြို့ကိုရှာကြ၏။
၄ စိတ်မြင့်သောသူသည် သဘောမဖြောင့်။ ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ ထိုမှတပါး၊ စပျစ်ရည်နှင့် ပျော်မွေ့သောသူ သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ်နေရာ၌ မနေနိုင်ဘဲ၊ မိမိလောဘကို မရဏာနိုင်ငံကဲ့သို ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိလျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုး အပေါင်းတို့ကို မိမိထဲသို့ ဆွဲငင်၍ စုဝေးစေ၏။
၁၇ အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအားဖြင့်၊ အသက်ရှင်လိမ့်မည် ဟုကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်း အဘို့အလိုငှါ ဧဝံဂေလိတရားဖြင့် ထင်ရှားလျက်ရှိ၏။
sဘုရားမဲ့များအပေါ်ဘုရား၏ အမျက်တော်ထင်ရှား
၁၁ တဖန်တုံ၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။