၃၂ ညီအစ်ကိုတို့၊ ယခုငါသည် သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှါ၎င်း၊ သန့်ရှင်းသော သူအပေါင်းတို့နှင့်အတူ သင်တို့အား အမွေပေးခြင်းငှါ၎င်း၊ တတ်နိုင်သော ဘုရားသခင်၏ ကျေးဇူးတော်တရား၌ လည်း၊ သင်တို့ကို ငါအပ်နှံ၏။
၁၇ သားမှန်လျှင် အမွေခံ၊ ဘုရားသခင်၏ အမွေခံ ဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင်၊ ထိုသခင်နှင့် ဆက်ဆံသော အမွေခံလည်း ဖြစ်ကြ၏။
sဤလောကသည် အနိစ္စနိုင်ငံသို့လိုက်
၂၉ ခရစ်တော်နှင့် စပ်ဆိုင်လျှင်၊ အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏အရာ၌ တည်ကြ၏။
၇ သို့ဖြစ်၍ သင်တို့သည် နောက်တဖန် အစေအပါကျွန်မဖြစ်၊ သားပင်ဖြစ်ကြ၏။ သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံလည်း ဖြစ်ကြ၏။
sလောကီတရား၌ ကျွန်ပြန်ခံ
၁၁ မိမိစေတနာ၏ အလိုတော်သို့ လိုက်၍၊ အလုံးစုံတို့ကို စီရင် ပြုပြင်တော်မူတတ်သော သူ၏ကြံစည်ခြင်း ရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့် မှတ်သားတော်မူသည် နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။
၆ ငါတို့သည် ယေရှုခရစ်အားဖြင့်၊ သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။
၇ အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်၊ ဖြောင့်မတ်ရာသို့ရောက်၍၊ ထာဝရအသက်ကို မြော်လင့်သည်နှင့်အညီ၊ အမွေခံဖြစ်မည် အကြောင်းတည်း။
s အကျိုးရှိမည့်အရာများကျင့်ဘို့ ဟောပြောပါ
၁၄ ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သောသူတို့ကို ပြုစုစေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံ ဝိညာဉ်ဖြစ်ကြသည် မဟုတ်လော။
%ln
၇ အောင်မြင်သောသူသည် ဤအရာတို့ကို အမွေခံရလိမ့်မည်။ ငါသည်သူ၏ ဘုရားသခင် ဖြစ်မည်။သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။