၇ အဘယ်သူသည် ကိုယ်စရိတ်ကို သုံး၍၊ စစ်မှုကိုထမ်းရသနည်း။ အဘယ်သူသည် ဥယျာဉ်ကိုစိုက်၍၊ အသီးကိုမစားဘဲ နေရသနည်း။ အဘယ်သူသည် သိုးထိန်းလုပ်၍၊ သိုးနို့ကို မသုံးဘဲနေရသနည်း။
၄ ငါတို့စစ်တိုက်၍ သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက် မဟုတ်။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်၊ မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။
၁၈ ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော၊ အနာဂတ္တိစကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်း ကို၎င်း၊ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်ခြင်းကို၎င်း၊ စွဲလမ်း၍၊ ကောင်းသောစစ်ကို တိုက်စေခြင်းငှာ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့် အညီ၊ အထက်ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကို သင်၌ ငါအပ်ပေး၏။
၃ ထိုသို့အလိုငှာ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကိုသည်းခံလော့။
၂၈ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသော အရာတို့ကို အသစ်ပြုပြင်သော ကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့ လိုက်ကြသော သင်တို့သည် တစ်ဆယ့်နှစ်ခုသော ပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလလူ တစ်ဆယ့်နှစ်မျိုးကို၊ စစ်ကြောစီရင်ရကြလတံ့။
၁၁ ထိုအခါ ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းမည်၊ ဟုလူများထင် မှတ်သောကြောင့်၊ ပရိသတ်အလယ်၌ ထပ်၍မိန့်တော်မူသော ဥပမာကား၊
၂၉ ငါ့ခမည်းတော်သည် ငါ့အားနိုင်ငံကို ပေးတော်မူသည်နှင့် အညီ၊
၂ သန့်ရှင်းသူတို့သည်၊ လောကီနိုင်ငံကို တရားစီရင်မည်၊ ဟုမသိကြသလော။ သင်တို့သည် လောကီနိုင်ငံကို စီရင်ရသည်မှန်လျှင်၊ အငယ်ဆုံးသောအမှုများကို မစီရင်ထိုက်သလော။
၁၂ သည်းခံလျှင်၊ ထိုသခင်နှင့်အတူ စိုးစံလိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ်လျှင်၊ ငါတို့ကို ငြင်းပယ်တော်မူလိမ့်မည်။
၁၀ အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏။ ဟုအသစ်သော သီချင်းကိုသီ၍ လျှောက်ဆိုကြ၏။
s ကောင်းကင်တမန်တို့က ခမည်းတော်နှင့်ယေရှုချီးမွမ်း
၄ ပလ္လင်များကိုလည်းငါမြင်၏၊ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည်၊ တရားစီရင်ရသောအခွင့်ကို ရကြ၏။ သားရဲနှင့်သူ၏ ရုပ်တုကိုမကိုးကွယ်၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲနေ၍၊ ယေရှု၏သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသောသူတို့၏ ဝိညာဉ်များကိုငါမြင်၏။ သူတို့သည်အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။
၅ ထိုမြို့၌ ညမရှိရ၊ ဆီမီးကို အလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရအရှင် ဘုရားသခင်သည်၊ သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။
s ဘုရားသခင်ကိုကိုးကွယ်လော့
၄ တန်ခိုးနှင့်တကွ ဘုရားသခင်၏ သားတော် ထင်ရှားဖြစ်တော်မူသော၊ ငါတို့သခင် ယေရှုခရစ်တည်းဟူသော၊ မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင်သည် ရှေးက မိမိပရောဖက်များအားဖြင့်၊သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော၊ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော၊ ယေရှုခရစ်၏ကျွန်ငါပေါလုသည်၊
၁၀ အကြောင်းမူကား၊ ယခုတွင် ငါသည် လူ၏အလိုသို့ လိုက်သလော၊ ဘုရားသခင်၏ အလိုတော်သို့ လိုက်သလော၊ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန် မဟုတ်ပြီ။
၇ သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသောဆရာ တည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြ (Epaphras)သည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည်ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်၊ကို မှန်ကန်စွာ ဝန်ခံသောနေ့မှစ၍၊ ထိုသို့သောအကျိုးရှိ၏။
၇ ဘုရားသခင်၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန်ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ် (Tychicus)သည်ငါ ၏အ ကြောင်းအရာရှိသမျှကို သင်တို့အား ဖေါ်ပြလိမ့်မည်။
၃ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့၏ ယုံကြည်ခြင်း အလိုငှါ၎င်း၊ ဘုရားသခင်၏ ကျွန် တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊
၁ ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျွန်ငါယာကုပ်(James)သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။
၁ ယေရှုခရစ်၏ကျွန် တမန်တော် ငါရှိမုန်ပေတရုသည်၊ ကယ်တင်တော်မူသောအရှင်၊ ငါတို့ဘုရားသခင် ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ယုံကြည်သည်နည်းတူ၊ မြတ်စွာသော ယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ၏။
၁ ယေရှုခရစ်၏ ကျွန်ဖြစ်သော ယာကုပ်ညီ ငါယုဒ(Jude)သည်၊ ခမည်းတော် ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မ တော်မူသော သူတို့ကို ကြားလိုက်ပါ၏။
၁ ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်၊ မိမိအစေခံကျွန် တို့အား ပြစေခြင်းငှာ၊ ဘုရားသခင် အပ်ပေးတော်မူသော၊ ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန် ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။
၃ ထိုသူတို့သည် ဘုရားသခင်၏ကျွန်၊ မောရှေ၏သီချင်းနှင့် သိုးသငယ်၏ သီချင်းကိုသီ၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော၊ ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍၊ အံ့ဩဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည်၊ ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။