၁၅ အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့ လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။
၄ သင်တို့ရှိရာသို့ ရောက်လာသောသူသည်၊ ငါတို့မဟောမပြောသေးသော ယေရှုတစ်ပါးကို ဟောပြောသော်၎င်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တစ်ပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်၎င်း၊ ထိုသူကိုသည်းခံကောင်း၏။
sပေါလုသည် ကောရိန္သုအသင်းတော်ကို မနှောင့်ယှက်
၆ ခရစ်တော်၏ ကျေးဇူးအားဖြင့်၊ သင်တို့ကို ခေါ်တော်မူသောသူနှင့်၊ ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည်၊ အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့်၊ ငါသည် အံ့ဩခြင်းရှိ၏။
၆ တနည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ခံသော နည်းဥပဒေသအတိုင်းမကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့၊ဟုငါတို့သခင်ယေရှုခရစ်၏ နာမတော်အားဖြင့်၊ ငါတို့သည် ပညတ်ထားကြ၏။
၁၄ ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို၊ တစုံတယောက်သောသူသည်၊ နားမထောင်ဘဲနေလျှင်၊ ထိုသူကိုမှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ၊ အပေါင်းအဖေါ်မလုပ်ကြနှင့်။
၃ ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့် ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့် ဟူ၍၎င်း၊ ယုံကြည်ခြင်း၌ တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်း ငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍မကုန်နိုင်သော၊ ဆွေစဉ်မျိုးဆက် စာရင်းများကို ပမာဏမပြုကြနှင့် ဟူ၍၎င်း၊ သင်သည် အချို့သောသူတို့ကို ပညတ်ထား၍၊
၃ ခြားနားသော ဩဝါဒကို သင်ပေး၍၊ငါတို့သခင် ယေရှုခရစ်၏စကား တည်းဟူသော စင်ကြယ်သောစကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သောဩဝါဒကို၎င်း၊ ဝန်မခံသောသူမည်သည်ကား၊
၁၅ ထိုကြောင့် သင်၏ ညီအစ်ကိုသည် သင့်ကို ပြစ်မှားလျှင်၊ သူ့ဆီသို့ သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကို ပြ၍ ဆုံးမလော့။ သူသည် သင်၏ စကားကို နားထောင်လျှင် ညီအစ်ကိုကိုရပြီ။
၁ သင်တို့သည် အချင်းချင်းအမှုရှိလျှင်၊ သန့်ရှင်းသူတို့ရှေ့၌ တရားစီရင်ခြင်းကိုမခံဘဲ၊ သာသနာပလူတို့ရှေ့၌ ခံဝံ့သောသူ တစုံတယောက်ရှိသလော။
၁ ညီအစ်ကိုတို့၊ လူသည်သတိလစ်၍၊ တစုံတခုသောဒုစရိုက်ကို ပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသင်တို့သည်၊ အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက်၊ သိမ်မွေ့နူးညံ့သော သဘောနှင့် ထိုသို့သောသူကို မစ၍၊သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့။
s အချင်းချင်းဝန်ကို ထမ်းပေးကြပါ
၁၄ ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို၊ တစုံတယောက်သောသူသည်၊ နားမထောင်ဘဲနေလျှင်၊ ထိုသူကိုမှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ၊ အပေါင်းအဖေါ်မလုပ်ကြနှင့်။
၁၉ ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သော သူသည် သမ္မာတရားလမ်းမှ လွဲသွား၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊