၈ သင်တို့၏ ယုံကြည်ခြင်းအရာသည်၊ မြေတပြင်လုံး၌ အနှံ့အပြားကျော်စောသည်ဖြစ်၍၊ သင်တို့အကြောင်းကြောင့် ယေရှုခရစ်တော်အားဖြင့်၊ ငါ၏ဘုရားသခင် ကျေးဇူးတော်ကို ရှေ့ဦးစွာငါချီးမွမ်း၏။
၄ အထက်က ခရစ်တော်၏ သက်သေကို၊ သင်တို့တွင် တည်စေသည်ရှိသော်၊
၁၅ ထိုကြောင့် သင်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းနှင့်၊ သန့်ရှင်းသူ အပေါင်းတို့ကို ချစ်ခြင်း အကြောင်းကို၊ ငါသည် ကြားပြီးလျှင်၊
၃ ငါသည် ဆုတောင်းပဌနာ ပြုသောအခါခါ၊
၃ သင်တို့သည် ယေရှုခရစ်ကို ယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်။ ဟုငါတို့သည်ကြားသဖြင့်၎င်း၊
၂ ငါတို့အဘ တည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊
၁၃ ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို၊ သင်တို့သည် ခံယူကြသောအခါ၊ လူ၏ နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌၊ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို၊ ခံယူကြသည် အကြောင်းအရာကို ငါတို့သည်ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြ၏။
sသက်သာလောနိတ် အသင်းသားများ ယုဒယုံကြည်သူများကဲ့သို့ဖြစ်
၄ တန်ခိုးနှင့်တကွ ဘုရားသခင်၏ သားတော် ထင်ရှားဖြစ်တော်မူသော၊ ငါတို့သခင် ယေရှုခရစ်တည်းဟူသော၊ မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင်သည် ရှေးက မိမိပရောဖက်များအားဖြင့်၊သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော၊ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော၊ ယေရှုခရစ်၏ကျွန်ငါပေါလုသည်၊
၁၀ အကြောင်းမူကား၊ ယခုတွင် ငါသည် လူ၏အလိုသို့ လိုက်သလော၊ ဘုရားသခင်၏ အလိုတော်သို့ လိုက်သလော၊ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန် မဟုတ်ပြီ။
၇ ဘုရားသခင်၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန်ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ် (Tychicus)သည်ငါ ၏အ ကြောင်းအရာရှိသမျှကို သင်တို့အား ဖေါ်ပြလိမ့်မည်။
၂၄ သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညှင်းစွာ ပြုသောသူ၊ ဆုံးမဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူ ဖြစ်ရမည်။
၃ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့၏ ယုံကြည်ခြင်း အလိုငှါ၎င်း၊ ဘုရားသခင်၏ ကျွန် တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊
၁ ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျွန်ငါယာကုပ်(James)သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။
၁ ယေရှုခရစ်၏ကျွန် တမန်တော် ငါရှိမုန်ပေတရုသည်၊ ကယ်တင်တော်မူသောအရှင်၊ ငါတို့ဘုရားသခင် ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ယုံကြည်သည်နည်းတူ၊ မြတ်စွာသော ယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ၏။
၁ ယေရှုခရစ်၏ ကျွန်ဖြစ်သော ယာကုပ်ညီ ငါယုဒ(Jude)သည်၊ ခမည်းတော် ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မ တော်မူသော သူတို့ကို ကြားလိုက်ပါ၏။
၁ ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်၊ မိမိအစေခံကျွန် တို့အား ပြစေခြင်းငှာ၊ ဘုရားသခင် အပ်ပေးတော်မူသော၊ ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန် ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။
၃ ထိုသူတို့သည် ဘုရားသခင်၏ကျွန်၊ မောရှေ၏သီချင်းနှင့် သိုးသငယ်၏ သီချင်းကိုသီ၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော၊ ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍၊ အံ့ဩဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည်၊ ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
၂ သင်တို့သည် လောကီပုံသဏ္ဍာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာ တည်းဟူသော ဘုရားသခင် အလိုတော် ရှိသောအရာသည်၊ အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသင့်ပြင်ဆင်၍၊ ပုံသဏ္ဍာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
၁၇ ထိုကြောင့် သတိမရှိသောသူ မဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြား၍၊ သိသောသူ ဖြစ်ကြလော့။
၁၁ ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာကျင့်၍၊ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဥာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည် အကြောင်း၊ ဆုတောင်းပဌနာပြု၏။
s မှောင်မိုက်တန်ခိုးမှ ငါတို့ကိုနှုတ်၍ သားတော်နိုင်ငံ၌ သွင်း
၁၈ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ ရှိသော တပါးတည်းသော သားတော်သည်၊ ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
s တော၌ဟစ်ကြော်သောသူ ယောဟန်၏အသံ
၄၅ ငါ့ကို ကြည့်မြင်သောသူသည်၊ ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင်၏။
၃၀ ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်၊ ဟုမိန့်တော်မူ၏။
s ယေရှုကိုခဲနှင့်ပစ်ဘို့ကြံ
၉ ယေရှုက၊ ဖိလိပ္ပုဤ မျှကာလပတ်လုံးငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကိုမသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ၊ ဟုသင်သည် အဘယ်သို့ဆိုရသနည်း။
၁၅ ထိုသားတော်သည် မျက်မြင်မရသော၊ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။ ဝေနေယျသတ္တာဝါ အပေါင်းတို့တွင်လည်း၊ သားဦးဖြစ်တော်မူ၏။
၃ ထိုသားတော်သည်၊ ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဍာန်ဖြစ်၍၊ တန်ခိုးနှင့် ပြည့်စုံသော မိမိအမိန့်တော်အားဖြင့်၊ ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအားနုဖေါ်တော်၏ လက်ျာဘက်၌ ထိုင်တော်မူ၏။
၃၆ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့အလိုငှါ၎င်း ဖြစ်ကြ၏။ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
၆ အကြင်ဘုရားသခင် အထဲက ခပ်သိမ်းသောအရာဖြစ်၍၊ အကြင်ဘုရားသခင် အဘို့အလိုငှါ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော် ဘုရားသခင် တပါးတည်းသာငါတို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာ ဖြစ်ကြ၏။ ထိုသခင်ယေရှုခရစ် တပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။
၁၆ အကြောင်း မူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ (မြင်နိုင်သောအရာ)၊ အရှုပအရာ (မမြင်နိုင်သောအရာ)၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်းတန်ခိုး ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာစက် ဖြစ်စေ၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင် အဘို့အလိုငှါ၎င်း၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။
၁၀ အကြောင်းမူကား၊ များစွာသောသားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ် စံစားရာသို့ ပို့ဆောင်သောအရှင်သည်၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသော ဘုရားသည် စီရင်တော်မူအပ်၏။
s ယုံကြည်သူများသည် ယေရှု၏ညီများ
၂၇ သင်တို့သည် ခရစ်တော်၏ ကိုယ်ဖြစ်ကြ၏။ အသီးသီး အင်္ဂါတော်ဖြစ်ကြ၏။
၁၁ ခရစ်တော်၏ ကိုယ်တော်ကို တည်ဆောက်၍၊ ဓမ္မဆရာ၏အမှုကို ပြုတတ်မည် အကြောင်း၊
၂၄ ငါပေါလုသည်၊ ထိုတရားကို ဟောသောဆရာ ဖြစ်သည်နှင့်၊ သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း၌ ယခုဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို၊ အသင်းတော် တည်းဟူသော ကိုယ်တော်အဘို့အလိုငှါ၊ ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏။
s နက်နဲသောအရာ
၇ ယခုမူကား အကျွန်ုပ်သည် အဘယ်သို့ မြော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား ကိုယ်တော်၌သာ မြော်လင့်စရာအကြောင်း ရှိပါ၏။
၅ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏၊
၁၈ အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည်ရောက်လိမ့်မည်။ သင်မြော်လင့်ခြင်း အကြောင်းမပျက်ရာ။
၁၄ ထို့အတူသင်တွေ့ရသော ပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည်မြော်လင့်ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကိုခံရလိမ့်မည်။
၆ ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏ သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်၊ ဟုမြော်လင့်ခြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကိုခံရ၏၊ ဟုလွှတ်တော်အပေါ်မှာ ကြွေးကြော်လေ၏။
၆ ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ဂတိတော်ကိုထောက်၍၊ မြော်လင့်ခြင်းတရားအကြောင်း ကြောင့်အကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ၏။
၁၈ သင်၏အမျိုးအနွယ်သည်၊ ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်၊ ဟုမြော်လင့်စရာအကြောင်း မရှိဘဲလျက်၊ ယုံကြည်၍ မြော်လင့်လေ၏။
၄ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည် လည်းမြော်လင့်ခြင်းကို ပြုစုတတ်၏။
၁၃ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့်၊ မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း၊ မြော်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော်။
sပေါလုသည် တပါးအမျိုးသားများအား ဟောရန်ခန့်
၁၃ ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါး တည်လျက်ရှိ၏။ ဤသုံးပါတို့တွင် ချစ်ခြင်းမေတ္တာသည်၊ အမြတ်ဆုံး ဖြစ်သတည်း။
၇ ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှါ သာအလိုမရှိ။ နောက်မှ သခင်ဘုရားသည် အခွင့်ပေးတော်မူလျှင်၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်၊ ဟုမြော်လင့်ခြင်းရှိ၏။
၇ သင်တို့အတွက်ကြောင့် ငါတို့သည် မရွေ့နိုင်သော မျှော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်းကို ဆက်ဆံသကဲ့သို့၊ ထိုနည်းတူ သက်သာခြင်းကို ဆက်ဆံကြ၏၊ ဟုငါတို့သည်သိကြ၏။
sမိမိကိုယ်ကိုအားမကိုးဘဲ ဘုရားအားကိုးဘို့ ခံစားစေ
၁၁ သင်တို့သည် ကူညီ၍ ငါတို့အဘို့ ဆုတောင်းလျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ ဟု ငါတို့သည် ယုံကြည် မျှော်လင့်ခြင်းရှိ၏။ ထိုသို့ဖြစ်လျှင် အများသောသူတို့သည် ကူညီသောအားဖြင့်၊ ငါတို့၌ ရောက်သော ဆုကျေးဇူးကို၊ အများသောသူတို့သည် ထောက်၍၊ ငါတို့အတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
sအပြန်အလှန် ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်ကြ
၁၂ ထိုသို့သော ယုံကြည်မြော်လင့်ခြင်းရှိသည်ဖြစ်၍ ငါတို့သည် ထိမ်ဝှက်ခြင်းအလျှင်းမရှိ၊ အတည့်အလင်း ဟောပြောကြ၏။
၁၆ ထိုသို့သူ့လုပ်ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင်တို့ပြည်တဘက်သို့ကူး၍၊ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့၏ ယုံကြည်ခြင်း ပါရမီရင့်ပြီးမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်၊ ဟုမြော်လင့်ခြင်းရှိ၏။
၆ ငါတို့သည် အစစ်ခံနိုင်သောသူ ဖြစ်သည်ကို၊ သင်တို့သိကြလိမ့်မည်။ ဟုငါထင်မှတ်မြော်လင့်ခြင်းရှိ၏။
၄ သင်တို့ကို ခေါ်တော်မူခြင်းနှင့်၊ စပ်ဆိုင်သော မြော်လင့်ခြင်း တပါးထဲသို့၊ ခေါ်သွင်းတော် မူသည်နှင့်အညီ ကိုယ်တကိုယ်၊ ဝိညာဉ် တဝိညာဉ်တည်း ရှိ၏။
၂၂ အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည်ကိုယ် တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ
၂၇ တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာ နှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။
၈ နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်း သို့ရောက်မည်၊ ဟုမြော်လင့်ခြင်းတည်းဟူသော၊သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။
sအမျက်တော်ခံစေခြင်းငှါ ငါတို့ကိုခန့်ထားတော်မမူ
၁၆ ငါတို့ကိုချစ်တော်မူ၍၊ ထာဝရ သက်သာခြင်း အကြောင်းကို၎င်း၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မြော်လင့်ခြင်း အကြောင်းကို၎င်း၊ ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့်၊ ငါတို့သခင် ယေရှုခရစ်သည် ကိုယ်တော်တိုင်၊
၂၂ ထိုမှတပါး၊ ငါတည်းခိုစရာအရပ်ကို လည်းပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသောအခွင့်ကို ပေးတော်မူမည်၊ ဟုမြော်လင့်ခြင်းရှိ၏။
၆ ခရစ်တော်မူကား၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌၎င်း၊ မြော်လင့်ခြင်းနှင့် စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ထိုအိမ်တော်ဖြစ်သတည်း။
s ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်
၁၉ ထိုမြော်လင့်ခြင်းမူကား၊ကုလားကာအတွင်း၌ ချ၍၊ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့၊ ငါတို့၌ ရှိသတည်း။ %fo(a)
၁၉ ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကိုမပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မြော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။
၂၃ မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍၊ မတိမ်းယိမ်းမရွေ့လျောဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
၃ အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း အကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည့်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကိုတဖန်ဖြစ်ဖွား (born again) စေတော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
၂၉ သေလွန်သော သူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင်၊ သေလွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံကို ခံသောသူတို့သည် အဘယ်သို့ပြုရမည်နည်း။ သေလွန်သော သူတို့၏ ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံကို ခံရကြသနည်း။
၂၃ သူတို့သည် ခရစ်တော်၏ ဓမ္မဆရာ ဖြစ်ကြသလော။ ငါသည် အထူးသဖြင့်ဖြစ်၏၊ ဟု သူရူးကဲ့သို့ ဆိုရ၏။
sပေါလု၏ ဆင်းရဲဒုက္ခခံခြင်းများ
ပင်ပန်းစွာအမှုကို အထူးသဖြင့် ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေဘေးနှင် အကြိမ်ကြိမ်တွေ့ကြုံသောသူ ဖြစ်၏။
၁၈ ငါတို့သည် အခြားသော ဗာဗုလုန် ပညာရှိတို့နှင့် အတူ မသေမပျောက်စေခြင်းငှါ၊ ဤနက်နဲသောအရာ၌ ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း၊ ကောင်းကင်ဘုံ ရှင်ဘုရားသခင်ကို ဆုတောင်းကြကုန်အံ့၊ ဟုပြောဆို၏။
sဘုရားသခင်က အိပ်မက်ကိုဖေါ်ပြ
၂၈ နက်နဲသောအရာ တို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို နေဗုခဒ်နေဇာ မင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင် တဆူသည် ကောင်းကင်ဘုံမှာ ရှိတော်မူ၏။
၄၇ ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြနိုင်သည် ဖြစ်၍၊ အကယ်စင်စစ် ကိုယ်တော်၏ ဘုရားသခင်သည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏အရှင်၊ နက်နဲသောအရာကို ဖွင့်ပြတော်မူသော သခင်ဖြစ်တော်မူ၏၊ ဟုမိန့်တော်မူ၍၊
၉ အချင်း မာဂုဆရာချုပ် ဗေလတရှာဇာ၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည်စုံသည်ကို၎င်း၊ နက်နဲသောအရာ ရှိသမျှတို့ကို ဖွင့်ပြနိုင်သည်ကို၎င်း ငါသိ၏။ သို့ဖြစ်၍၊ ငါမြင်မက်သော အိပ်မက်၏ အနက်ကို ဖော်ပြလော့။
၂၅ ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသော စိတ်မရှိစေမည်အကြောင်း တပါးအမျိုးသား အပေါင်းတို့သည် မဝင်မှီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွမ်းခြင်း အကြောင်းတည်းဟူသော၊ နက်နဲသောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
၉ ဘုရားသခင်သည်၊ နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သော အလိုတော်၏ နက်နဲသောအရာကို၊ ငါတို့အား ပြတော်မူ၏။
s ကောင်းကင်နှင့် မြေကြီးပေါ်ရှိသမျှ ခရစ်တော်၌ ချုပ်ခြာစေမည်
၃ ကျေးဇူးတော် သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည် အထက်က အနည်းငယ် ရေးထားသည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိတ်တော်အားဖြင့်၊ နက်နဲသောအရာ ကို ငါ့အားပြတော်မူ၏။
၆ ထိုနက်နဲသော အရာဟူမူကား၊ တပါးအမျိုးသားတို့သည်၊ ဧဝံဂေလိတရားအားဖြင့်၊ ယုဒအမျိုးသားတို့နှင့် အမွေခံ၍၊ တလုံးတဝ တကိုယ်တည်း ဖြစ်လျက်၊ ခရစ်တော်နှင့် ဆိုင်သော ဂတိတော်ကို ဆက်ဆံရကြသတည်း။
၃၂ ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ ဆိုသတည်း။
၂၀ သံတမန်အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာ ကို ဖေါ်ပြခြင်းငှါ၊ ငါသည် နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်း အခွင့်ရှိမည် အကြောင်းကို၎င်း၊ ထိုတရားကို ဟောပြောအပ်သည်နှင့် အညီ၊ ရဲရင့်စွာ ဟောပြောမည်အကြောင်းကို၎င်း၊ ငါ့အဘို့လည်း ဆုတောင်းကြလော့။
s ပေါလု၏ အခြေအနေသိနိုင်ရန် တုခိတ်ကိုစေလွှတ်
၂၇ တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာ နှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။
၂ မေတ္တာချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏၊ နက်နဲသောအရာ ကိုနားလည်နိုင်သော၊ ယုံမှားခြင်းနှင့်ကင်းစင်သောဥာဏ်၏ %fo(a) စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ စိတ်နှလုံး သက်သာစေမည်အကြောင်း၊ အဘယ်မျှလောက်ကြီးသော တိုက်လှန်ခြင်းကို ငါခံရသည်၊ ဟုသင်တို့သိစေခြင်းငှါ ငါအလိုရှိ၏။
၃ ငါသည် ခရစ်တော်၏ နက်နဲသောအရာကြောင့်၊ အချည်အနှောင်ခံရသည်ဖြစ်၍၊