-
AA
+
🡀
|
🡂
ဖိလိပ္ပိ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဖိလိပ္ပိ ဩဝါဒစာ
အခန်းကြီး ၂


ယေရှုခရစ်၏စိတ်ရှိစေကြလော့
CROSS REFERENCES






ထိုကြောင့်ခရစ်တော်၌ သက်သာခြင်း၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိဿဟာယဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသော အရာတစုံတခုရှိလျှင်၊ သင်တို့သည် အချင်းချင်း ချစ်ကြ၍၊ စိတ်မကွဲပြားဘဲ၊ တလုံးတဝတည်း [A] ကြံစည်ခြင်းနှင့်တကွ၊ သဘော တညီတညွတ်တည်း ရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာ အကြောင်းကို စုံလင်စေကြလော့။ ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍၊ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်၊ ဟုနှိမ့်ချသောစိတ်ရှိ၍၊ တစ်ယောက်ကို တစ်ယောက် ထင်မှတ်ကြလော့။ ကိုယ့်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့။ ယေရှုခရစ်၌ ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။


ယေရှုသည် ကျွန်ကဲ့သို့ နှိမ့်ချ၍ အလွန်ချီးမြှောက်ခြင်းခံ
CROSS REFERENCES





CROSS REFERENCES






ထိုသခင်သည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည် ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို၊ လုယူခြင်း အမှုဟူ၍ မထင်မမှတ်လျက်ပင်၊ မိမိအသရေကို စွန့်၍၊ အစေခံ​ကျွန်၏ သဏ္ဍာန်ကို ယူဆောင်လျက်၊ [B] လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။ [C] ထိုသို့လူ၏ ဂုဏ်အင်္ဂါ လက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေ​ကျွန်ခံ၍၊ [D]ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။ ထိုကြောင့် ဘုရားသခင်သည်၊ ကိုယ်တော်ကို အလွန်ချီးမြှောက်၍၊ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမတော်ကို၊ ပေးသနားတော်မူ၏။ ၁၀ အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ ရှိသောသတ္တဝါတည်းဟူသော၊ ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ၁၁ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏၊ [E] ဟုနှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည် အကြောင်းတည်း။


သင်တို့အထဲ၌ ဘုရားသခင်ကပြုပြင်

၁၂ သို့ဖြစ်၍ ငါ့ချစ်သူတို့၊ သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်း အစဉ် နားထောင်ကြသည်နှင့် အညီ၊ ကြောက်ရွံ့တုန်လှုပ်သော စိတ်နှင့်၊ ကိုယ်ကိုကယ်တင်ခြင်းငှာ၊ ကိုယ်တိုင်ကြိုးစား အားထုတ်ကြလော့။ ၁၃ အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှာ၎င်း၊ အကျင့်ကျင့်စေခြင်းငှာ၎င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသော သူကား၊ ဘုရားသခင်ပေတည်း။


မြည်တမ်းခြင်း ငြင်းခုံခြင်း မပြုကြဖို့

၁၄ သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။ ၁၅ သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍၊ မ​ဖြောင့်မမှန် ဖောက်ပြန်သော လူမျိုးအထဲ၌၊ အဘယ်အပြစ်မျှ မပါသော ဘုရားသခင်၏သား ဖြစ်ကြလိမ့်မည်။ ၁၆ အသက်ရှင်ခြင်းနှင့် ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ၍၊ စကြာဝဠာ၌ နေ၊ လ၊ ကြယ်နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။ သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုးမရှိဘဲလျက် ကြိုးစား အားထုတ်သည် မဟုတ် ကြောင်းကို ငါထောက်၍၊ ခရစ်တော်၏နေ့ရက်၌ ဝါကြွားဝမ်းမြောက်ခြင်း ရှိလိမ့်မည်။


လူခပ်သိမ်းယေရှုခရစ်၏ အကျိုးမရှာ ကိုယ်ကျိုးရှာ

၁၇ ထိုမျှမက၊ သင်တို့၏ ယုံကြည်ခြင်းကို၊ တင်လှူပူဇော်သော ယဇ်အပေါ်မှာ၊ ငါ့ကိုလောင်းသော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှနှင့်အတူ ငါဝမ်းမြောက်ခြင်းရှိ၏။ ၁၈ ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။ [F] ၁၉ သင်တို့ အကြောင်းအရာများကို ငါသိ၍၊ စိတ်သက်သာခြင်းငှာ၊ တိမောသေကို သင်တို့ရှိရာသို့ များမကြာမီ စေလွှတ်မည်အကြောင်း၊ သခင်ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏။ ၂၀ အကြောင်းမူကား၊ ထိုသူသည် သင်တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့၊ စိတ်သဘောတူသောသူ တစ်ယောက်မျှ ငါတို့၌မရှိ။၊ ၂၁ လူခပ်သိမ်းတို့သည် ယေရှုခရစ်၏ အကျိုးကိုမရှာ၊ ကိုယ်အကျိုးကိုသာ ရှာကြ၏။ ၂၂ သို့သော်လည်း သားသည် အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည် ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို၊ အမှန်ဆောင်ရွက်သည်၊ ဟုသူပြသော သက်သေကို သင်တို့သိကြ၏။ ၂၃ ထိုကြောင့်ငါ၌ အဘယ်သို့ဖြစ်မည်။ ဟုငါသိသောအခါ၊ သူ့ကိုသင်တို့ရှိရာသို့ ချက်ချင်းစေလွှတ်မည်။ ဟုကြံစည်မျှော်လင့်လျက် ငါနေ၏။ ၂၄ ထိုမျှမက၊ ငါ့ကိုယ်တိုင် သင်တို့ရှိရာသို့ များမကြာလာမည်။ ဟုသခင်ဘုရားအားဖြင့် ယုံမှတ်စွဲလမ်းသော စိတ်ရှိ၏။


သေလုနီးနာခဲ့သော ဧပဖြောဒိတ်ကိုလွှတ်ဖို့ စီစဉ်

၂၅ သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဖေါ်၊ ငါ့ကိုပြုစုသောသူတည်းဟူသော သင်တို့ တမန်၊ ငါ့ညီဧပ​ဖြောဒိတ် (Epaphroditus) ကို သင်တို့ရှိရာသို့၊ ယခုစေလွှတ်သင့်သည်၊ ဟုငါထင်မှတ်၏။ ၂၆ အကြောင်းမူကား၊ သူသည်နာကြောင်းကို သင်တို့ကြားသိသောကြောင့်၊ သူသည် သင်တို့အပေါင်းကို လွမ်းဆွတ်၍ စိတ်မသာလျက်နေ၏။ ၂၇ သူသည် သေလုအောင်နာသည် မှန်၏။ ထိုအခါ ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည် မဟုတ်။ ငါ၌ ဝမ်းနည်းခြင်း အဆင့်ဆင့်အထပ်ထပ် မရှိစေခြင်းငှာ၊ ငါ့ကိုလည်း သနားတော်မူ၏။ ၂၈ ထိုကြောင့် သင်တို့သည် သူ့ကို တဖန်တွေ့မြင်၍ ဝမ်းမြောက်စေခြင်းငှာ၎င်း၊ ငါသည်လည်း သက်သာစေခြင်းငှာ၎င်း၊ သူ့ကိုသာ၍ ကြိုးစားသည်နှင့် ငါစေလွှတ်၏။ ၂၉ သို့ဖြစ်၍ သခင်ဘုရားကို ထောက်လျက်၊ ဝမ်းမြောက်သောစိတ်နှင့် သူ့ကိုလက်ခံကြလော့။ ထိုသို့သော သူတို့ကို ရိုသေ လေးမြတ်ကြလော့။ ၃၀ အကြောင်းမူကား၊ သင်တို့သည် ငါ့ကိုပြုစု၍ မပြည့်စုံသေးသော ဝတ်ကို၊ သူသည် ပြည့်စုံစေခြင်းငှာ၊ ကိုယ်အသက်ကို စွန့်စား၍၊ ခရစ်တော်၏ အမှုကြောင့် သေခြင်းသို့ ရောက်လုနီးပြီ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.