-
AA
+
🡀
|
🡂
ဂလာတိ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဂလာတိ ဩဝါဒစာ
အခန်းကြီး ၂


ပေါလုယေရုရှလင်မြို့သို့သွား
CROSS REFERENCES






ထိုနောက် တဆယ်လေးနှစ်လွန်ပြီးမှ၊ ငါသည်တိတု(Titus)ကိုခေါ်၍ ဗာနဗ(Barnabas)နှင့်အတူ၊ ယေရုရှလင်မြို့သို့ တဖန်သွားလေ၏။ [A](a) ဗျာဒိတ်တော်အတိုင်းပင် သွားသည်ဖြစ်၍၊ တပါးအမျိုးသားတို့၌ ၊ ဟောပြောသော ဧဝံဂေလိတရားကို၊ ထိုအခါ ငါကြားပြောလေ၏။ ထိုသို့ဆိုသော် ငါဆောင်ရွက်ခဲ့ပြီးသောအမှုနှင့်၊ နောက်၌ ဆောင်ရွက်လတံ့သော အမှုကို၊ အချည်းနှီး မဖြစ်စေခြင်းငှါ၊ အသရေထင်ရှားသော သူတို့အားသာ၊ တိတ်ဆိတ်စွာကြားပြော၏။ သို့သော်လည်း ငါနှင့်အတူပါသော ဟေလသ(ဂရိတ်)အမျိုး တိတု(Titus)ကို၊ အရေဖျားလှီးခြင်းကို မခံစေကြ။ ယေရှုခရစ်အားဖြင့် ငါတို့ခံစားသော၊ လွတ်ခြင်းအခွင့်ကို [B] ချောင်းကြည့်၍၊ ငါတို့ကို ကျွန်ခံစေမည်အကြံနှင့်၊ ပရိယာယ်အားဖြင့် သူတပါးသွင်း၍၊ ငါတို့အထဲသို့ဝင်သော ညီအစ်ကို၏အယောင်ကို ဆောင်သောသူတို့၊ အကြောင်းကြောင့် ထိုသို့ပြုကြ၏။ မှန်သော ဧဝံဂေလိတရားသည်၊ သင်တို့၌ တည်နေမည် အကြောင်း၊ ငါတို့သည် ထိုသူတို့စီရင်ခြင်းကို၊ ခဏမျှဝန်မခံကြ။ အသရေထင်ရှားသောသူတို့သည်၊ အထက်ကအဘယ် သို့သောသူဖြစ်ကြသည်ကို ငါမဆိုင်။ ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ ထိုသူတို့နှင့် ငါသည်ပေါင်းဖေါ်၍၊ ထူးခြားသောအရာကို မခံရသည်သာမက၊


ပေတရုသည်အရေဖျားသူတို့၏တမန်၊ ပေါလုတပါးအမျိုးသားများ၏တမန်
CROSS REFERENCES






အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်၊ ပေတရုကို တမန်တော်ဖြစ်စေခြင်းငှါ၊ ပေတရု၌ ပြုပြင်တော်မူသောသူသည်၊ တပါးအမျိုးသားတို့တွင်၊ ငါ့ကိုတမန်တော်ဖြစ်စေခြင်းငှါ၊ ငါ၌လည်း ပြုပြင်တော်မူသည်ဖြစ်၍၊ အရေဖျားလှီးခြင်းနှင့် စပ်ဆိုင်သော ဧဝံဂေလိတရားကို၊ ပေတရု၌ အပ်တော်မူသည်နည်းတူ၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကို၊ ငါ၌ အပ်တော်မူကြောင်းကို သူတို့သည် သိမြင်ကြ၍၊ အမှီတကဲဖြစ်သော ယာကုပ်(James)၊ ကေဖ (Cephas ပေတရု)၊ ယောဟန်တို့သည်လည်း၊ ငါရသော ကျေးဇူးတော်ကို သိကြသောအခါ၊ မိမိတို့သည် အရေဖျားလှီးခြင်း [C]ကို ခံရသောသူတို့ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါတို့သည် တပါးအမျိုးသားတို့ဆီသို့ သွားမည်အကြောင်း၊ [D] လကျ်ာလက်ခံခြင်းကို ဗာနဗနှင့်ငါ့အားပေးကြ၏။ ၁၀ ငါတို့သည် ဆင်းရဲသောသူများကို၊ အောက်မေ့စေခြင်းငှါ၊ သူတို့အလိုတခုတည်းရှိ၏။ ထိုအမှုကို ငါသည်အလိုအလျောက် ကြိုးစားအားထုတ်လေ့ရှိ၏။


ပေါလုပေတရုကိုအပြစ်တင်
CROSS REFERENCES






၁၁ ထိုနောက်ပေတရုသည် အန္တိအုတ်မြို့သို့ ရောက်လာသောအခါ၊ သူ၌အပြစ်တင်စရာ အခွင့်ရှိသောကြောင့်၊ သူ့ကိုယ်တိုင်ကို ငါငြင်း၍ဆီးတားရ၏။ ၁၂ အကြောင်းမူကား၊ လူအချို့တို့သည် ယာကုပ်ထံက မရောက်မလာမှီ၊ ပေတရုသည် တပါးအမျိုးသားတို့နှင့် အတူစား၏။ သူတို့ရောက်လာသောနောက်၊ ပေတရုသည် အရေဖျားလှီးခြင်း [C]ကို ခံရသောသူတို့၏ မျက်နှာကိုထောက်၍၊ တပါးအမျိုးသားတို့နှင့် မပေါင်းဝံ့။ တယောက်တခြားစီနေ၏။ ၁၃ ကြွင်းသောယုဒလူတို့သည် ပေတရုနှင့်အတူ၊ လျှို့ဝှက်ခြင်းအားဖြင့် ဗာနဗသည်လည်း၊ သူတို့ဘက်သို့ ပါသွား၏။ ၁၄ သူတို့သည် မှန်သောဧဝံဂေလိတရားနှင့် အညီ​၊ ဖြောင့်မတ်စွာ မကျင့်ကြောင်းကို ငါသည်မြင်လျှင်၊ ထိုသူအပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင်၊ ယုဒထုံးစံအတိုင်း မကျင့်ဘဲ၊ တပါးအမျိုး၏ ထုံးစံအတိုင်းကျင့်လျှင်၊ တပါးအမျိုးသားတို့သည်၊ ယုဒထုံးစံအတိုင်း ကျင့်စေခြင်းငှါ၊ အဘယ် ကြောင့်သူတို့ကို အနိုင်အထက်ပြုသနည်း။


လူသည်ပညတ်တရားဖြင့်မဖြောင့်မတ်

၁၅ လူတို့သည် ပညတ်တရား၏ အကျင့်အားဖြင့်​၊ ဖြောင့်မတ်ရာသို့မရောက်၊ ၁၆ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ဖြောင့်မတ်ရာသို့ ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသော တပါးအမျိုးသား မဟုတ်ဘဲ၊ (b) ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့သည်၊ အမှန်သိသည်နှင့်အညီ၊ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်၊ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊ ငါတို့ပင်ယေရှုခရစ်ကို ယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။ ၁၇ ခရစ်တော်အားဖြင့်၊ ​ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊ ငါတို့သည် ကြိုးစားလျက်ပင်၊ အပြစ်ထင်ရားသောသူ ဖြစ်သေးသည်မှန်လျှင်၊ ခရစ်တော်သည် အပြစ်တရားကို ပြုစုသောသူဖြစ်သလော။ ထိုသို့မဖြစ်နိုင်ရာ။ ၁၈ အထက်က ငါဖြိုဖျက်သောအရာကို နောက်တဖန် ငါတည်ဆောက်ပြန်လျှင်၊ ကိုယ်အပြစ်ရှိသည်ကို ကိုယ်ထင်ရှားစွာပြ၏။


ငါသည်ခရစ်တော်နှင့် လက်ဝါးကပ်တိုင်မှာအသေခံ
CROSS REFERENCES






၁၉ ထိုမှတပါး၊ ငါသည် ဘုရားသခင်နှင့် ဆိုင်သောအရာ၌၊ အသက်ရှင်မည်အကြောင်း၊ ပညတ်တရားနှင့် ဆိုင်သောအရာ၌၊ ပညတ်တရားအားဖြင့် သေလျက်နေ၏။ ၂၀ ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည်ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ [E] ကိုယ်ခန္ဓာ၌ ယခုငါရှင်သောအသက်သည်၊ ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။ သားတော်သည် ငါ့ကိုချစ်၍၊ ငါ့အဘို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။ ၂၁ ဘုရားသခင်၏ ကျေးဇူးတော်ကိုငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင်၊ ခရစ်တော်သည် အချည်းနှီးအသေခံတော်မူပြီ။

_________________________
Footnotes


(a) ပေါလုယေရုရှလင်မြို့သို့ ဒုတိယအကြိမ်သွားခြင်း ဖြစ်သည်။

၁၆ (b) "အပြစ်ထင်ရှားသော တပါးအမျိုးသား" ကိုဂရိတ်လို Ἁμαρτωλοί ἐθνῶν အင်္ဂလိပ်အသံထွက် Hamartōloi ethnōn အင်္ဂလိပ်လို Gentiles sinners မြန်မာလို၊ "တပါးအမျိုးသားအပြစ်သား" ဟုဆိုလျှင်ပို၍ နားလည်လွယ်မည်။ ဂျူးလူမျိုးများအမြင်၌ တပါးအမျိုးသားများသည်၊ "အပြစ်သားများ" ဖြစ်ကြသည်။ ခရစ်တော်ကလည်း ခါနန်အမျိုးသမီးကို၊ ခွေးနှင့်နှိုင်းခဲ့သည်ကို ဤသို့တွေ့ရသည်၊ "သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်" မဿဲ ၁၅း၂၆။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.