၁၇ ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်းအကြောင်းကို ပြုတတ်သောသူတို့ကို မှတ်၍၊ ရှောင်ကြလော့၊ ဟုငါသတိပေး၏။
၄ သင်တို့ရှိရာသို့ ရောက်လာသောသူသည်၊ ငါတို့မဟောမပြောသေးသော ယေရှုတစ်ပါးကို ဟောပြောသော်၎င်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တစ်ပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်၎င်း၊ ထိုသူကိုသည်းခံကောင်း၏။
sပေါလုသည် ကောရိန္သုအသင်းတော်ကို မနှောင့်ယှက်
၃ ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့် ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့် ဟူ၍၎င်း၊ ယုံကြည်ခြင်း၌ တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်း ငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍မကုန်နိုင်သော၊ ဆွေစဉ်မျိုးဆက် စာရင်းများကို ပမာဏမပြုကြနှင့် ဟူ၍၎င်း၊ သင်သည် အချို့သောသူတို့ကို ပညတ်ထား၍၊
၃ ခြားနားသော ဩဝါဒကို သင်ပေး၍၊ငါတို့သခင် ယေရှုခရစ်၏စကား တည်းဟူသော စင်ကြယ်သောစကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သောဩဝါဒကို၎င်း၊ ဝန်မခံသောသူမည်သည်ကား၊
၁ သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊
၂၀ ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတစ်ပါးသော ဘုရားအခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်၊ ဟုငါ့အားမိန့်တော်မူ၏။
၆ ဣသရေလ ရှင်ဘုရင်သည် ပရောဖက် လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလော၊ ဟုမေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်၊ ဟုလျှောက်ကြ၏။
၃၁ ပရောဖက်တို့သည် မဟုတ်မမှန် ဟောပြောကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သော အမှုကိုငါ၏ လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည်အဘယ်သို့ ပြုကြလိမ့်မည်နည်း။
%ln
၁၃ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသာကိုသုံးကြ၏။
၁၃ ငါကလည်း၊ အိုအရှင် ထာဝရဘုရား၊ ပရောဖက်တို့က၊ သင်တို့သည် ဓါးဘေးကို မတွေ့ရကြ။ မွတ်သိပ်ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရကြ။ ဤအရပ်၌ မြဲသောငြိမ်သက်ခြင်းကို ငါပေးမည်ဟု ဤသူတို့အား ဟောပြောကြောင်းကို ငါလျှောက်သောအခါ၊
၁၆ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍သင်တို့အား ဟောတတ်သောဆရာတို့၏ စကားကိုနားမထောင်ကြနှင့်။ သူတို့သည်သင်တို့အားအချည်းနှီးဟောတတ်ကြ၏။ ထာဝရဘုရား၏နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက်ရူပါရုံကိုမြင်သည်အတိုင်းဟောပြောတတ်ကြ၏။
၂၅ ငါသည်အိပ်မက်မြင်ပြီ။ အိပ်မက်မြင်ပြီ၊ ဟုငါ့နာမကိုအမှီပြု၍၊ မုသာဖြင့်ဟောပြောသော ပရောဖက်တို့၏စကားကို ငါကြားပြီ။
၉ သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေခံကိုမခံရဟု သင်တို့အား ပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သော ဆရာတို့၏စကားကို နားမထောင်ကြနှင့်။
၁ ထိုနှစ်တည်းဟူသော၊ ယုဒရှင်ဘုရင် ဇေဒကိနန်းစံစတုတ္ထနှစ်၊ ပဥ္စမလတွင်၊ ဂိဗောင်မြို့နယ်၊ အာဇုရသားဟာနနိက၊
၂၀ ထာဝရဘုရားသည် ငါတို့အဘို့ ပရောဖက်များကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ဆိုကြသည်ဖြစ်၍၊
၃၁ ငါမစေလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသာ၌ ခိုလှုံစေသောကြောင့်၊
၂၈ ပရောဖက်တို့ကလည်း၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်၊ ဟုထာဝရဘုရားမိန့်တော်မမူဘဲ၊ အချည်းနှီးသောအရာကိုမြင်၍၊ မုသာစကားကို ဟောပြောလျက်၊ သူတို့ကိုအင်္ဂတေနှင့်မွမ်းမံကြ၏။
၂ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏ နာမများကို နောက်တဖန် အဘယ်သူမျှ မမှတ်မိစေခြင်းငှါ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက် လုပ်သောသူတို့ကို၎င်း၊ ညစ်ညူးသော ဝိညာဉ်ကို၎င်း၊ ပြည်တော်မှ နှင်ထုတ်မည်။
၁၅ အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့ လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။
၅ အများသော သူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏၊ ဟုဆိုလျက်၊ ငါ၏ အယောင်ကို ဆောင်၍ ပေါ်လာသဖြင့်၊ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
sစစ်တိုက်မည်
၁၁ အချင်းချင်း မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက် အများတို့သည် ပေါ်လာ၍၊ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
၂၄ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ရွေးချယ်သော သူတို့ကိုပင် လှည့်ဖြားနိုင်လျှင်၊ လှည့်ဖြား လောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြကြလိမ့်မည်။
၂၁ ထိုအခါ သူတပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ ရှိသည်၊ ဟုဆိုသော်လည်း မယုံကြနှင့်။
၈ ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏၊ အချိန်ကာလလည်း ရောက်လာပြီ၊ ဟုဆိုလျက်၊ ငါ၏အယောင်ကို ဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
၇ ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား၊ မိစ္ဆာပရောဖက် ဖြစ်သော နတ်ဝိဇ္ဇာအတတ် သမားကို၊ မြို့ဝန်မင်း သေရဂိပေါလုထံ၌ တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့် ရှောလုတို့ကို ခေါ်ပင့်၍၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နာလိုသောစိတ်ရှိသော်၊
၂၉ အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည်၊ သိုးများကို မသနားဘဲ၊ သင်တို့အထဲသို့ ဝင်မည်ကို၎င်း၊
၁၂ အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ၎င်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာဖြစ်စေခြင်းငှါ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။
၇ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရား မဟုတ်။ သင်တို့ကို နှောင့်ယှက်၍၊ ခရစ်တော်၏ ဧဝံဂေလိတရားကို၊ မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။
၁ ချစ်သူတို့၊ ခပ်သိမ်းသော ဝိညာဉ်%fo(a) တို့ကို မယုံကြနှင့်။ ဝိညာဉ်တို့သည်၊ ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို၊ စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။
၁ သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဌိအယူများကို ပရိယာယ်အားဖြင့်သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသောအရှင်ကို ငြင်းပယ်လျက်၊ မိမိတို့အပေါ်သို့ လျင်စွာသော ဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာ တို့သည် သင်တို့တွင် ရှိကြလိမ့်မည်။
၁၅ အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့ လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။
၄ သင်တို့ရှိရာသို့ ရောက်လာသောသူသည်၊ ငါတို့မဟောမပြောသေးသော ယေရှုတစ်ပါးကို ဟောပြောသော်၎င်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တစ်ပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်၎င်း၊ ထိုသူကိုသည်းခံကောင်း၏။
sပေါလုသည် ကောရိန္သုအသင်းတော်ကို မနှောင့်ယှက်
၆ ခရစ်တော်၏ ကျေးဇူးအားဖြင့်၊ သင်တို့ကို ခေါ်တော်မူသောသူနှင့်၊ ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည်၊ အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့်၊ ငါသည် အံ့ဩခြင်းရှိ၏။
၆ တနည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ခံသော နည်းဥပဒေသအတိုင်းမကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့၊ဟုငါတို့သခင်ယေရှုခရစ်၏ နာမတော်အားဖြင့်၊ ငါတို့သည် ပညတ်ထားကြ၏။
၁၄ ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို၊ တစုံတယောက်သောသူသည်၊ နားမထောင်ဘဲနေလျှင်၊ ထိုသူကိုမှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ၊ အပေါင်းအဖေါ်မလုပ်ကြနှင့်။
၃ ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့် ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့် ဟူ၍၎င်း၊ ယုံကြည်ခြင်း၌ တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်း ငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍မကုန်နိုင်သော၊ ဆွေစဉ်မျိုးဆက် စာရင်းများကို ပမာဏမပြုကြနှင့် ဟူ၍၎င်း၊ သင်သည် အချို့သောသူတို့ကို ပညတ်ထား၍၊
၃ ခြားနားသော ဩဝါဒကို သင်ပေး၍၊ငါတို့သခင် ယေရှုခရစ်၏စကား တည်းဟူသော စင်ကြယ်သောစကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သောဩဝါဒကို၎င်း၊ ဝန်မခံသောသူမည်သည်ကား၊
၇ သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသောဆရာ တည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြ (Epaphras)သည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည်ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်၊ကို မှန်ကန်စွာ ဝန်ခံသောနေ့မှစ၍၊ ထိုသို့သောအကျိုးရှိ၏။
၇ ဘုရားသခင်၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန်ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ် (Tychicus)သည်ငါ ၏အ ကြောင်းအရာရှိသမျှကို သင်တို့အား ဖေါ်ပြလိမ့်မည်။
၂၄ သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညှင်းစွာ ပြုသောသူ၊ ဆုံးမဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူ ဖြစ်ရမည်။
၃ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့၏ ယုံကြည်ခြင်း အလိုငှါ၎င်း၊ ဘုရားသခင်၏ ကျွန် တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊
၁ ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျွန်ငါယာကုပ်(James)သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။
၁ ယေရှုခရစ်၏ကျွန် တမန်တော် ငါရှိမုန်ပေတရုသည်၊ ကယ်တင်တော်မူသောအရှင်၊ ငါတို့ဘုရားသခင် ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ယုံကြည်သည်နည်းတူ၊ မြတ်စွာသော ယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ၏။
၁ ယေရှုခရစ်၏ ကျွန်ဖြစ်သော ယာကုပ်ညီ ငါယုဒ(Jude)သည်၊ ခမည်းတော် ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မ တော်မူသော သူတို့ကို ကြားလိုက်ပါ၏။
၁ ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်၊ မိမိအစေခံကျွန် တို့အား ပြစေခြင်းငှာ၊ ဘုရားသခင် အပ်ပေးတော်မူသော၊ ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန် ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။
၃ ထိုသူတို့သည် ဘုရားသခင်၏ကျွန်၊ မောရှေ၏သီချင်းနှင့် သိုးသငယ်၏ သီချင်းကိုသီ၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော၊ ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍၊ အံ့ဩဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည်၊ ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
၁၅ သခင်ဘုရားကလည်း၊ ထိုသူကား တပါးအမျိုးသားတို့နှင့် ရှင်ဘုရင်ထံသို့၎င်း၊ ဣသရေလ အမျိုးသားတို့ ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ၊ ငါရွေးကောက်သော တန်ဆာဖြစ်၏။
၇ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်၊ ပေတရုကို တမန်တော်ဖြစ်စေခြင်းငှါ၊ ပေတရု၌ ပြုပြင်တော်မူသောသူသည်၊ တပါးအမျိုးသားတို့တွင်၊ ငါ့ကိုတမန်တော်ဖြစ်စေခြင်းငှါ၊ ငါ၌လည်း ပြုပြင်တော်မူသည်ဖြစ်၍၊
၂၃ သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည်၊ အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိပြည်တို့၌ ရှိနေ၍၊ တစ်ပါးအမျိုးသား ဖြစ်သော ညီအစ်ကိုတို့ကို၊ မေတ္တာနှင့် ကြားလိုက်ပါ၏။
၄၁ အသင်းတော်များကို မြဲမြံခိုင်ခန့်စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည်တို့ကို လျှောက်သွားလေ၏။
၂၁ ထိုနောက်ရှုရိပြည် (Syria)၊ ကိလိကိပြည် (Cilicia) သို့ ငါသွား၍၊
_________________________
Footnotes