၃၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဤလူမျိုး၏ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ် ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။
၂၈ ဤခွက်ကား ပဋိညာဉ်တရားသစ် နှင့်ဆိုင်၍၊ လူများတို့၏ အပြစ်ကို လွှတ်စေခြင်းငှာ သွန်းသော ငါ၏ အသွေး ဖြစ်၏။
၂၄ ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ် နှင့်ဆိုင်၍၊ လူများအဘို့အလိုငှါ သွန်းသောငါ၏ အသွေးဖြစ်၏။
၂၀ ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဘို့အလိုငှါ သွန်းသောငါ၏အသွေး၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။
၂၅ ထိုနည်းတူ၊ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား ငါ၏အသွေး၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကိုသောက်သောအခါ၊ ငါ့ကိုအောက်မေ့ဘို့ရာ သောက်ကြလော့၊ ဟုမိန့်တော်မူ၏။
၆ ပဋိညာဉ်တရားသစ်၏ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော်မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကို မဆိုလို၊ ဝိညာဉ်တော်တရားကို ဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။
၉ ငါသည် ဤလူမျိုး၏ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ် ကိုဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋိညာဉ်တရား၌ သူတို့သည် မတည်ကြ။ ငါသည်လည်း သူတို့ကို မကြည့်ရှုမပြုစုဘဲ နေ၏။
၁၃ ပဋိညာဉ်တရားသစ် ဟူ၍ မိန့်တော်မူသည်တွင် ပဌမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသောအရာမည်သည်ကား၊ ကွယ်ပျောက်ခြင်းသို့ ရောက်လုနီးသတည်း။
၁၅ ထိုကြောင့် ပဌမပဋိညာဉ်တရား လက်ထက်၌၊ ပြစ်မှားသော အပြစ်ကိုလည်း လွှတ်စေခြင်းငှာ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသောသူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရအမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ်တရားသစ်၏အာမခံဖြစ်တော်မူ၏။
s ပဌမပဋိညာဉ်တရားကို အသွေးနှင့်ကင်း၍ မစီရင်
၂၄ ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့၎င်း၊ အာဗေလ၏အသွေး ပြောဆိုသော အရာထက်သာ၍၊ မြတ်သောအရာကို ပြောဆိုသောဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း ရောက်ကြ၏။
s ကောင်းကင်ဘုံက စကားကိုနားမထောင်လျှင်
၇ ယခုမူကား အကျွန်ုပ်သည် အဘယ်သို့ မြော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား ကိုယ်တော်၌သာ မြော်လင့်စရာအကြောင်း ရှိပါ၏။
၅ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏၊
၁၈ အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည်ရောက်လိမ့်မည်။ သင်မြော်လင့်ခြင်း အကြောင်းမပျက်ရာ။
၁၄ ထို့အတူသင်တွေ့ရသော ပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည်မြော်လင့်ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကိုခံရလိမ့်မည်။
၆ ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏ သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်၊ ဟုမြော်လင့်ခြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကိုခံရ၏၊ ဟုလွှတ်တော်အပေါ်မှာ ကြွေးကြော်လေ၏။
၆ ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ဂတိတော်ကိုထောက်၍၊ မြော်လင့်ခြင်းတရားအကြောင်း ကြောင့်အကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ၏။
၁၈ သင်၏အမျိုးအနွယ်သည်၊ ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်၊ ဟုမြော်လင့်စရာအကြောင်း မရှိဘဲလျက်၊ ယုံကြည်၍ မြော်လင့်လေ၏။
၄ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည် လည်းမြော်လင့်ခြင်းကို ပြုစုတတ်၏။
၁၃ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့်၊ မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း၊ မြော်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော်။
sပေါလုသည် တပါးအမျိုးသားများအား ဟောရန်ခန့်
၁၃ ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါး တည်လျက်ရှိ၏။ ဤသုံးပါတို့တွင် ချစ်ခြင်းမေတ္တာသည်၊ အမြတ်ဆုံး ဖြစ်သတည်း။
၇ ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှါ သာအလိုမရှိ။ နောက်မှ သခင်ဘုရားသည် အခွင့်ပေးတော်မူလျှင်၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်၊ ဟုမြော်လင့်ခြင်းရှိ၏။
၇ သင်တို့အတွက်ကြောင့် ငါတို့သည် မရွေ့နိုင်သော မျှော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်းကို ဆက်ဆံသကဲ့သို့၊ ထိုနည်းတူ သက်သာခြင်းကို ဆက်ဆံကြ၏၊ ဟုငါတို့သည်သိကြ၏။
sမိမိကိုယ်ကိုအားမကိုးဘဲ ဘုရားအားကိုးဘို့ ခံစားစေ
၁၁ သင်တို့သည် ကူညီ၍ ငါတို့အဘို့ ဆုတောင်းလျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ ဟု ငါတို့သည် ယုံကြည် မျှော်လင့်ခြင်းရှိ၏။ ထိုသို့ဖြစ်လျှင် အများသောသူတို့သည် ကူညီသောအားဖြင့်၊ ငါတို့၌ ရောက်သော ဆုကျေးဇူးကို၊ အများသောသူတို့သည် ထောက်၍၊ ငါတို့အတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
sအပြန်အလှန် ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်ကြ
၁၂ ထိုသို့သော ယုံကြည်မြော်လင့်ခြင်းရှိသည်ဖြစ်၍ ငါတို့သည် ထိမ်ဝှက်ခြင်းအလျှင်းမရှိ၊ အတည့်အလင်း ဟောပြောကြ၏။
၁၆ ထိုသို့သူ့လုပ်ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင်တို့ပြည်တဘက်သို့ကူး၍၊ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့၏ ယုံကြည်ခြင်း ပါရမီရင့်ပြီးမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်၊ ဟုမြော်လင့်ခြင်းရှိ၏။
၆ ငါတို့သည် အစစ်ခံနိုင်သောသူ ဖြစ်သည်ကို၊ သင်တို့သိကြလိမ့်မည်။ ဟုငါထင်မှတ်မြော်လင့်ခြင်းရှိ၏။
၄ သင်တို့ကို ခေါ်တော်မူခြင်းနှင့်၊ စပ်ဆိုင်သော မြော်လင့်ခြင်း တပါးထဲသို့၊ ခေါ်သွင်းတော် မူသည်နှင့်အညီ ကိုယ်တကိုယ်၊ ဝိညာဉ် တဝိညာဉ်တည်း ရှိ၏။
၂၂ အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည်ကိုယ် တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ
၂၇ တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာ နှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။
၈ နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်း သို့ရောက်မည်၊ ဟုမြော်လင့်ခြင်းတည်းဟူသော၊သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။
sအမျက်တော်ခံစေခြင်းငှါ ငါတို့ကိုခန့်ထားတော်မမူ
၁၆ ငါတို့ကိုချစ်တော်မူ၍၊ ထာဝရ သက်သာခြင်း အကြောင်းကို၎င်း၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မြော်လင့်ခြင်း အကြောင်းကို၎င်း၊ ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့်၊ ငါတို့သခင် ယေရှုခရစ်သည် ကိုယ်တော်တိုင်၊
၂၂ ထိုမှတပါး၊ ငါတည်းခိုစရာအရပ်ကို လည်းပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသောအခွင့်ကို ပေးတော်မူမည်၊ ဟုမြော်လင့်ခြင်းရှိ၏။
၆ ခရစ်တော်မူကား၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌၎င်း၊ မြော်လင့်ခြင်းနှင့် စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ထိုအိမ်တော်ဖြစ်သတည်း။
s ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်
၁၉ ထိုမြော်လင့်ခြင်းမူကား၊ကုလားကာအတွင်း၌ ချ၍၊ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့၊ ငါတို့၌ ရှိသတည်း။ %fo(a)
၁၉ ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကိုမပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မြော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။
၂၃ မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍၊ မတိမ်းယိမ်းမရွေ့လျောဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
၃ အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း အကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည့်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကိုတဖန်ဖြစ်ဖွား (born again) စေတော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
၃၂ သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်၊ ဟုယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။
၃၆ ထိုကြောင့်သားသည် သင်တို့ကို လွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။
sယုဒလူများကသူတို့သည်အာဗြဟံမျိုး
၁ ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့်၊ ယေရှုခရစ်၌ တည်၍၊ ဇာတိပကတိအတိုင်း မကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည်၊ အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။
၁၅ အကြောင်းမူကား၊ သင်တို့သည် တဖန် ကြောက်ရွံ့တတ်သောကျွန်၏ ဝိညာဉ် %fo(a) ကိုရကြသည်မဟုတ်။ အဗ္ဗအဘ၊ ဟုခေါ်ရသောအခွင့်နှင့်၊ သားဖြစ်ခြင်း၏ ဝိညာဉ်%fo(a)ကိုရကြပြီ။
၁၇ သခင်ဘုရားဟုဆိုသော် ဝိညာဉ်တော်တရားကို ဆိုလိုသတည်း။ သခင်ဘုရား၏ ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာ ကိုပေးတတ်၏။
၄ ယေရှုခရစ်အားဖြင့် ငါတို့ခံစားသော၊ လွတ်ခြင်းအခွင့်ကို ချောင်းကြည့်၍၊ ငါတို့ကို ကျွန်ခံစေမည်အကြံနှင့်၊ ပရိယာယ်အားဖြင့် သူတပါးသွင်း၍၊ ငါတို့အထဲသို့ဝင်သော ညီအစ်ကို၏အယောင်ကို ဆောင်သောသူတို့၊ အကြောင်းကြောင့် ထိုသို့ပြုကြ၏။
၁ ထိုကြောင့်ခရစ်တော်သည်၊ ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊ ကျွန်ခံရာထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။
၁၃ ညီအစ်ကိုတို့၊ သင်တို့သည်လွှတ်ခြင်း အခွင့်ကို ရသောသူဖြစ်၏။ သို့သော်လည်း ဇာတိပကတိအားအခွင့်ကို ပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။