၁၀ သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီး ခံရသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော် ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်း ဝေငှပေးကမ်းကြလော့။
၇ အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ ဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့် ပျော်မွေ့သောသူ၊ သူတပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောသူ မဖြစ်ရဘဲ၊
၁၆ သို့ဖြစ်၍ ငါကျင့်သည်နည်းတူ၊ သင်တို့သည် ကျင့်ကြမည်အကြောင်း၊ ငါနှိုးဆော်တောင်းပန်၏။
၁ ငါသည် ခရစ်တော်၏နည်းတူ ကျင့်သကဲ့သို့၊ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့။
၁ ထိုသို့သင်တို့သည် ဘုရားသခင်၏၊ ချစ်သား ဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။
၁၇ ညီအစ်ကိုတို့ ငါကျင့်သည်နည်းတူ၊ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့။ ငါတို့ပေးသော ပုံသက်သေနှင့် အညီ၊ ကျင့်သောသူတို့လည်း ရှုမှတ်ကြလော့။
၃ မောရှေသည် မြေကြီးပေါ်မှာ ရှိနေသော သူအပေါင်းတို့ထက် သာ၍ နူးညံ့သိမ်မွေ့သော သဘောရှိ၏။
၉ အိုဇိအုန်သတို့သမီး အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့ သတို့သမီး ကြွေးကြော်လော့။ တရားသဖြင့် စီရင်၍၊ ကယ်တင်ခြင်းသို့ ရောက်သောသခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။
၂၉ ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။
၂၁ သင်တို့သည် အဘယ်သို့အလိုရှိသနည်း။ ငါသည်နှင်တံနှင့် သင်တို့ဆီသို့လာရမည်လော။ သို့မဟုတ်မေတ္တာနှင့်၎င်း၊ နူးညံ့သိမ်မွေ့သောစိတ်နှင့်၎င်း၊ လာရမည်လော။
၁ သင်တို့၏မျက်မှောက်၌ နှိမ့်ချခြင်း၊ မျက်ကွယ်၌ သင်တို့အမှုကိုစီရင်၍၊ ရဲရင့်ခြင်းရှိသော ငါပေါလုသည်၊ ခရစ်တော်၏ နူးညံ့သိမ်မွေ့ ဖြေးညှင်းတော်မူခြင်းကို အကြောင်းပြ၍၊ သင်တို့ကို တောင်းပန်ပါ၏။
၂၃ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း (self-control) ပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား။
၂ အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကို တယောက် သည်းခံခြင်းရှိကြ၍၊
၁၂ ထိုကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။
၁၁ သို့ဖြစ်၍၊ အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင်လိုက်လော့။
၂၅ ဆီးတား၊ ငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှာ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊
၂ အဘယ်သူကိုမျှ မကဲ့ရဲ့၊ ရန်တွေ့ခြင်း ကိုမပြု၊ ဖြည်းညှင်းသော သဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်းနူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှါ၎င်း၊ သတိပေးလော့။
၂၁ ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသော စိတ်လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်သော နှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သောစိတ်နှင့်ခံယူကြလော့။
၁၃ သင်တို့တွင် အတတ်အလိမ္မာနှင့် ပြည့်စုံသော ပညာရှိတစုံတယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏ နူးညံ့သိမ်မွေ့ခြင်းနှင့် တကွ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကိုပြပါစေ။