၁၅ ဝိညာဉ်လူမူကား၊ ထိုအရာအလုံးစုံတို့ကို ပိုင်းခြား၍ နားလည်တတ်၏။ သို့သော်လည်း၊ ထိုလူကို အဘယ်သူမျှ ပိုင်းခြား၍မသိနိုင်။
၁ ညီအစ်ကိုတို့၊ အထက်ကငါသည် ဝိညာဉ်လူ တို့အား ဟောပြောသကဲ့သို့၊ သင်တို့အား ဟောပြောရသောအခွင့် မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။
၃၇ ငါသည် သင်တို့အား ရေး၍ပေးလိုက်သော စကားတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်းကို၊ ကိုယ့်ကိုကိုယ် ပရောဖက်ဖြစ်သည် သို့မဟုတ် ဝိညာဉ်လူ ဖြစ်သည်၊ ဟုထင်မှတ်သောသူသည် ဝန်ခံပါစေ။%fo(a) တစုံတယောက်သောသူသည် မသိလျှင် မသိဘဲနေစေ။
၅ ဇာတိပကတိ ရှိသော သူတို့သည်၊ ဇာတိပကတိနှင့် စပ်ဆိုင်သော အရာတို့ကို၊ စွဲလမ်းသော စိတ်သဘောရှိကြ၏။
၁၄ ဇာတိပကတိလူသည်၊ ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကိုမခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်၊ ဟုထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။
၁၆ ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။
၁၂ သင်တို့ပင်ပန်းခြင်း၊ အမှုဆောင်ရွက်ခြင်း၊ ရန်တွေ့ခြင်း ဝန်ကို ငါတယောက်တည်း အဘယ်သို့ ထမ်းနိုင်မည်နည်း၊
၂၀ လူတို့ပြုတတ်သော ပရိယာယ်နှင့် ကင်းလွတ်စေခြင်းငှါ ကျိန်းဝပ်တော်မူရာ အတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူပါ။ ရန်တွေ့ခြင်း အသံကို ကွယ်ကာလျက် တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏။
၁၀ မာနကြောင့်သာ ရန်တွေ့ခြင်း ဖြစ်၏။ သတိပေးသောစကားကို နားခံသောသူမူကား ပညာရှိ၏။
၁၉ ရန်တွေ့ခြင်း ကိုနှစ်သက်သောသူသည်လွန်ကျူးခြင်းကိုလည်းနှစ် သက်တတ်၏။ မိမိတံခါးကိုချီးမြှင့်သောသူသည်ပျက်စီးခြင်းကိုရှာတတ်၏။
၁၉ အငြိုးထားသောညီအစ်ကိုသည်ခိုင်ခံ့သောမြို့ထက် သာ၍ခက်၏။ ညီအစ်ကိုရန်တွေ့ခြင်း အမှုသည်ရဲတိုက်တံခါးကျင်ကဲ့သို့ဖြစ်၏။
၃ ရန်တွေ့ခြင်း ကိုငြိမ်းစေသောသူသည်ဂုဏ်အသရေရှိ၏။ မိုက်သောသူမူ ကား၊ အမှုနှင့်ရောနှောတတ်၏။
၁၀ မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြုလျှင်ရန်မာန်လည်းထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်း နှင့် ကဲ့ရဲ့ခြင်းလည်းငြိမ်းလိမ့်မည်။
၂၉ အဘယ်သူသည်ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည်ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည်ရန်တွေ့ခြင်း ရှိသနည်း။ အဘယ်သူသည်မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည်အကျိုးအကြောင်းမရှိ၊ ထိခိုက်၍နာခြင်းရှိသနည်း။ အဘယ်သူသည်မျက်စိနီခြင်းရှိသနည်းဟုမူကား၊
၃ မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့် ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက် ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်း ကိုလည်း၊ အဘယ်ကြောင့် လူချင်းပြုရပါသနည်း။
၂၉ သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကိုမြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊
၁၃ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ ကဲ့သို့တင့်တယ်လျောက်ပတ်စွာ၊ ကျင့်ဆောင်ပြုမူကြကုန်အံ့။
၁၁ အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်း ရှိသည်ကို၊ ခလောဣအိမ်သား အချို့တို့သည်ပြောကြ၏။
၃ ယခုပင်လည်း၊ ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိလူ ဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။
၂၀ သူတပါးသည် သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ်ခြင်းကိုပြုလျှင်၊ သင်တို့သည် သည်းခံကြ၏။
၂၀ ငါရောက်လာသောအခါ၊ သင်တို့သည် ငါနှစ်သက်သောသူမဖြစ်၊ ငါသည်လည်း သင်တို့မနှစ်သက်သောသူ ဖြစ်မည်ဟူ၍၎င်း၊ သင်တို့၌ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ သူ့အသရေကို ရှုတ်ချခြင်း၊ ချောစားခြင်း၊ မာနထောင်လွှားခြင်း၊ အချင်းချင်းအမှုလုပ်ခြင်း ဖြစ်မည်ဟူ၍၎င်း၊
၂၀ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊
၄ မာနနှင့်ယစ်မူး၍ အလျှင်းနားမလည်ဘဲ၊ ပုစ္ဆာအမေးကိုဆွေးနွေး၍ စကားကြောင့်သာ ငြင်းခုံသောအားဖြင့်၊ စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကို ရှုတ်ချခြင်း၊ မနာလိုသော ကြံစည်ခြင်း၊
၂ အဘယ်သူကိုမျှ မကဲ့ရဲ့၊ ရန်တွေ့ခြင်း ကိုမပြု၊ ဖြည်းညှင်းသော သဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်းနူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှါ၎င်း၊ သတိပေးလော့။
၉ မိုက်မဲသော ပုစ္စာအမေးတို့ကို၎င်း၊ ဆွေစဉ်မျိုးဆက်စာရင်းတို့ကို၎င်း၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း၊ တိုက်လှန်ခြင်းတို့ကို၎င်း၊ ရှောင်လော့။ အကြောင်းမူကား၊ ထိုအရာတို့သည် အကျိုးမရှိ။ အချည်းနှီး သက်သက်ဖြစ်ကြ၏။
၁၄ သို့မဟုတ် သင်တို့စိတ်ထဲမှာ ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိလျှင်၊ သမ္မာတရားကို မုသာဖြင့်ဆန်၍ မဝါကြွားကြနှင့်။
၁၆ အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာပြုမူခြင်း အမျိုးမျိုးရှိတတ်၏။
၁ သင်တို့တွင် တိုက်ခိုက်ခြင်း၊%fo(a) ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့် ဖြစ်သနည်း။ သင်တို့အင်္ဂါများ၌ စစ်ပြိုင်သော ကိလေသာ ကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော။
၃၀ ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်၊ ဟုမိန့်တော်မူ၏။
s ယေရှုကိုခဲနှင့်ပစ်ဘို့ကြံ
၁၁ ယခုမှစ၍အကျွန်ုပ်သည်ဤ လောက၌မရှိပါ။ ဤသူတို့မူကား၊ ဤလောက၌ ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့် အကျွန်ုပ်သည် တလုံးတဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏နာမ၌ တည်စေတော်မူပါ။
sပျက်စီးခြင်း၏ သားတယောက်သာ
၂၁ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို၊ လောကီသားတို့သည် ယုံကြမည်အကြောင်း၊ ထိုသူအပေါင်းတို့သည် တလုံးတဝတည်း ဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ ရှိတော်မူ၍၊ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌ တလုံးတဝတည်း ဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။
၈ သို့သော်လည်း၊ စိုက်သောသူနှင့် ရေလောင်းသောသူသည်၊ တလုံးတဝတည်းဖြစ်၍၊ အ သီးအသီး မိမိလုပ်သည်အတိုင်း မိမိအကျိုးကို ခံရလိမ့်မည်။
s ဥယျာဉ်တော်နှင့် ကျောင်းတော်တိုက်
၂၈ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျ်ားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့ အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။
၁၆ ကိုယ်တော်၌ ထိုလူစု နှစ်စုတို့ကို၊ လူသစ်တဦး တကိုယ်တည်း ဖြစ်စေခြင်းငှာ ပြင်ဆင်၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို၊ လက်ဝါး ကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ စေမည် အကြောင်းတည်း။
၃ အသင့်အတင့် ပေါင်းဖေါ်ခြင်းအဖွဲ့ အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြားမနား၊ တလုံးတဝတည်း ဖြစ်အံ့သောငှါ ကြိုးစားအား ထုတ်ကြလော့။
၂ သင်တို့သည် အချင်းချင်း ချစ်ကြ၍၊ စိတ်မကွဲပြားဘဲ၊ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘော တညီတညွတ်တည်း ရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာ အကြောင်းကို စုံလင်စေကြလော့။
၇ သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တပါး၊ နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍၊ ထိုသုံးပါးတို့သည်၊ တလုံးတဝတည်းဖြစ်တော်မူ၏။
၁၉ အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည်၊ ဘုရားသခင် ပေးသနားတော်မူသော၊ ဝိညာဉ်တော်တည်းဟူသော၊ သင်တို့ အထဲ၌ ကျိန်းဝပ်၍၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသ လော။
၁၆ ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့်အဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင် မိန့်တော်မူသည်ကား၊ သူတို့တွင် ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ ဟုမိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။