၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသော အဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသော သူတို့အား%fo(d) ဤအရာများကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ်တို့အား %fo(e) ဖော်ပြ တော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
၁၁ ကိုယ်တော်က၊ သင်တို့သည် ကောင်းကင် နိုင်ငံတော်၏ နက်နဲသော အရာတို့ကို သိရသော အခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊
၁၇ ယေရှုကလည်း၊ ယောန၏သားရှိမုန်၊%fo(e) သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဖော်ပြသည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။
၁၁ ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည်၊ လူတို့၏တရား မဟုတ်။
၅ ယေရှုကလည်း၊ ရေ နှင့် ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရ၊ ဟုငါအမှန်အကန်ဆို၏။
၂၃ ကိုးကွယ်သောသူ မှန်သမျှတို့သည်၊ ခမည်းတော်ကို ဝိညာဉ်နှင့်၎င်း၊ သမ္မာတရား %fo(b)နှင့်၎င်း၊ ကိုးကွယ်ရမည့် အချိန်ကာလသည်လာ၍၊ ယခုပင် ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ ကိုးကွယ်သောသူတို့ကို၊ ခမည်းတော်သည် အလိုရှိတော်မူ၏။
၆၃ ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသော စကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။
၃၉ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည်၊ ခံရလတံ့သော ဝိညာဉ်တော်ကိုရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေး သောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။
၁၆ ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော်တည်းဟူသော၊ တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ၊ သင်တို့အား ပေးတော်မူမည်။
၂၆ ခမည်းတော်ထံမှ ထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။
၇ ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာ %fo(a)သည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။
၁၃ သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သော အရာတို့ကိုလည်း သင်တို့အား ဖေါ်ပြလိမ့်မည်။
၂၂ ထိုသူတို့အပေါ်မှာ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။
၈ ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်၊ ဟု%fo(a) မိန့်တော်မူ၏။
၄ ထိုသူအပေါင်းတို့သည်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း၊ အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။
sအမျိုးမျိုးသော စကားဖြင့်ဟောကြ
၁၅ အကြောင်းမူကား၊ သင်တို့သည် တဖန် ကြောက်ရွံ့တတ်သောကျွန်၏ ဝိညာဉ် %fo(a) ကိုရကြသည်မဟုတ်။ အဗ္ဗအဘ၊ ဟုခေါ်ရသောအခွင့်နှင့်၊ သားဖြစ်ခြင်း၏ ဝိညာဉ်%fo(a)ကိုရကြပြီ။
၁၂ ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင် ပေးတော်မူသောအရာတို့ကို သိခြင်းအလိုငှါ၊ ဘုရားသခင့်ထံမှ ကြွလာသော ဝိညာဉ်ကို ခံရကြပြီ။
၂၇ သို့သော်လည်း သန့်ရှင်းတော်မူသော ဘုရား၏လက်မှ သင်တို့ခံရသော ဘိသိက်ကျေးဇူးတော်သည် သင်တို့၌ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိက် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင် သည်မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသော အရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌ တည်နေကြလော့။
၅ ဇာတိပကတိ ရှိသော သူတို့သည်၊ ဇာတိပကတိနှင့် စပ်ဆိုင်သော အရာတို့ကို၊ စွဲလမ်းသော စိတ်သဘောရှိကြ၏။
၃ ယခုပင်လည်း၊ ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိလူ ဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။
၁၆ ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။
၁၅ ဝိညာဉ်လူမူကား၊ ထိုအရာအလုံးစုံတို့ကို ပိုင်းခြား၍ နားလည်တတ်၏။ သို့သော်လည်း၊ ထိုလူကို အဘယ်သူမျှ ပိုင်းခြား၍မသိနိုင်။
၁ ညီအစ်ကိုတို့၊ အထက်ကငါသည် ဝိညာဉ်လူ တို့အား ဟောပြောသကဲ့သို့၊ သင်တို့အား ဟောပြောရသောအခွင့် မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။
၃၇ ငါသည် သင်တို့အား ရေး၍ပေးလိုက်သော စကားတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်းကို၊ ကိုယ့်ကိုကိုယ် ပရောဖက်ဖြစ်သည် သို့မဟုတ် ဝိညာဉ်လူ ဖြစ်သည်၊ ဟုထင်မှတ်သောသူသည် ဝန်ခံပါစေ။%fo(a) တစုံတယောက်သောသူသည် မသိလျှင် မသိဘဲနေစေ။
၁၅ ဝိညာဉ်လူမူကား၊ ထိုအရာအလုံးစုံတို့ကို ပိုင်းခြား၍ နားလည်တတ်၏။ သို့သော်လည်း၊ ထိုလူကို အဘယ်သူမျှ ပိုင်းခြား၍မသိနိုင်။
၂၀ သင်တို့သည် သန့်ရှင်းတော်မူသော ဘုရား၏လက်မှ၊ ဘိသိက်ကျေးဇူးတော်ကို ခံရ၍၊ ခပ်သိမ်းသော အရာတို့ကိုသိကြ၏။
sခမည်းတော်နှင့်သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏
၁၃ ထာဝရဘုရား၏ ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း။ ထိုဘုရားနှင့် တိုင်ပင်၍၊ အဘယ်သူသည် အကြံပေးသနည်း။
၃၄ ထာဝရဘုရား၏ စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့် အဘယ်သူသည် တိုင်ပင်ဘက်ပြုသနည်း။
၁၆ ထိုလူကို သွန်သင်နိုင်မည်အကြောင်း၊ အဘယ်သူသည် ထာဝရဘုရား၏ စိတ်တော်ကိုသိသနည်း။ ငါတို့မူကား ခရစ်တော်၏ စိတ်ကိုခံရကြ၏။