-
AA
+
🡀
|
🡂
၁ ကောရိန္သု ဩဝါဒစာ
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၁၆


တနင်္ဂနွေနေ့၌ စည်းဝေး၍သန့်ရှင်းသူတို့အဘို့ပေးခြင်း
CROSS REFERENCES






သန့်ရှင်းသူတို့အဘို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ၊ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။ ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာမရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ [A] အသီးသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထုတ်၍စုထားကြလော့။ ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသောသူတို့ကို ငါသည်လက်မှတ်စာပေး၍၊ သင်တို့လှူသောအလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှါ စေလွှတ်မည်။ သို့မဟုတ် ငါ့ကိုယ်တိုင်သွားသင့်လျှင်၊ သူတို့သည် ငါနှင့်အတူ လိုက်ရကြမည်။ မာကေဒေါနိပြည်လမ်းကို ငါသွားမည်ဖြစ်၍၊ ထိုပြည်မှထွက်ပြီးလျှင် သင်တို့ရှိရာသို့ လာမည်။ နောက်မှ အခြားသို့ ငါသွားသောအခါ၊ သင်တို့ပို့သော ကျေးဇူးကိုခံခြင်းငှါ၊ သင်တို့ဆီမှာ ငါတည်းခို၍ ဆောင်းကာလပတ်လုံး နေကောင်းနေလိမ့်မည်။ ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှါ သာအလိုမရှိ။ နောက်မှ သခင်ဘုရားသည် အခွင့်ပေးတော်မူလျှင်၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်၊ ဟုမြော်လင့်ခြင်း [B]ရှိ၏။ ပင်တေကုတ္တေပွဲ နေ့တိုင်အောင် ဧဖက်မြို့၌ ငါနေမည်။ အကြောင်းမူကား၊ အလွန်ကြီးစွာသော တံခါးသည် အဆင်သင့်၍ ငါ့အားဖွင့်လျက်ရှိ၏။ ဆီးတားသောသူ အများလည်းရှိကြ၏။


တိမောသေကိုလက်ခံကြဘို့

၁၀ တိမောသေသည် သင်တို့ဆီသို့ရောက်လျှင်၊ သူသည် စိုးရိမ်ခြင်းအကြောင်းမရှိဘဲ၊ သင်တို့နှင့်အတူ နေစေခြင်းငှါ သတိပြုကြလော့။ သူသည် ငါကဲ့သို့ပင် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်သောသူ ဖြစ်၏။ ၁၁ ထိုကြောင့် အဘယ်သူမျှ သူ့ကိုမထီမဲ့မြင် မပြုစေနှင့်။ သူသည် ငါ့ထံသို့ငြိမ်ဝပ်စွာ ပြန်ရမည်အကြောင်း ပို့ဆောင်ခြင်းကျေးဇူးကို ပြုကြလော့။ သူသည်အခြားသော ညီအစ်ကိုတို့နှင့်အတူ လာလိမ့်မည်၊ ဟုငါမြော်လင့်လျက်နေ၏။ ၁၂ ငါ့ညီအာပေါလု၏ အကြောင်းမှာ၊ ညီအစ်ကိုတို့နှင့်အတူ သင်တို့ဆီသို့ သွားမည်အကြောင်း၊ ငါသည် များစွာချော့မော့၍ တောင်းပန်သော်လည်း၊ သူသည်ယခုတွင် သွားခြင်းငှါ အလျှင်းအလိုမရှိ။ နောက်မှအဆင်သင့်လျှင် သွားလိမ့်မည်။


သတိရှိပြီးယုံကြည်ခြင်း၌ တည်ကြဘို့

၁၃ သင်တို့သည် သတိနှင့်စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိနှင့်တကွ ခွန်အားစုံလင်လျက် နေကြလော့။ ၁၄ သင်တို့သည် ခပ်သိမ်းသောအမှုတို့ကို၊ ချစ်ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။ ၁၅ ညီအစ်ကိုတို့၊ သတေဖန်၏ အိမ်သူအိမ်သားတို့သည်၊ အခါယပြည်တွင် အဦးသီးသော အသီးဖြစ်၍၊ သန့်ရှင်းသူတို့၏ အမှုကို ဆောင်ရွက်ခြင်းငှါ၊ ကိုယ်ကိုကိုယ် အပ်ကြောင်းကို သင်တို့သိကြသည်နှင့်အညီ၊ ၁၆ ထိုသို့သောသူတို့၏ အုပ်စိုးခြင်းကို၎င်း၊ ငါတို့နှင့်အတူ လုပ်ကိုင်၍ အမှုဆောင်သောသူ ရှိသမျှတို့၏ အုပ်စိုးခြင်းကို၎င်း၊ သင်တို့ဝန်ခံကြမည်အကြောင်း ငါတောင်းပန်၏။ [C] ၁၇ သတေဖန်(Stephanas)၊ ဖော်တုနတ်(Fortunatus)၊ အခါယကု (Achaicus)တို့သည် ရောက် လာသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ ၁၈ အကြောင်းမူကား၊ သင်တို့သည်ပြုစု၍ မပြည့်စုံသမျှကိုသူတို့သည် ထပ် ၍ပြည့်စုံစေသဖြင့်၊ ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ။ ထိုသို့သောသူတို့ကို လက်ခံကြလော့။


အာရှိပြည်အသင်းတော်များက ကောရိန္သုအသင်းသားများ နှုတ်ဆက်
CROSS REFERENCES






၁၉ အာရှိပြည်၌ အသင်းတော်များတို့သည်၊ သင်တို့ကို နှုတ်ဆက်ကြ၏။ အာကုလနှင့်ပြစ်ကိလ(Aquila and Prisca) တို့သည် သူတို့အိမ်၌ ရှိသောအသင်းတော် [D]နှင့်တကွ၊ ဘုရားသခင်ကိုထောက်၍ သင်တို့ကို များစွာနှုတ်ဆက်ကြ၏။ ၂၀ ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အချင်းချင်း တယောက်ကို တယောက်၊ သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ၂၁ ငါပေါလုသည် နှုတ်ဆက်ခြင်းအချက်ကို ကိုယ်လက်နှင့်ရေးထား၏။ ၂၂ အကြင်သူသည် သခင်ယေရှုခရစ်ကိုမချစ်၊ ထိုသူသည် အနသေမာ ကျိန်ခြင်း (a) ဖြစ်စေသတည်း။ သခင်ဘုရားသည် ကြွလာတော်မူ၏(b) (Maranatha)။ ၂၃ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည်၊ သင်တို့၌ ရှိစေသတည်း။ ၂၄ ယေရှုခရစ်၏ တပည့်တော်ဖြစ်သမျှသော သင်တို့၌၊ ငါ၏ချစ်ခြင်းမေတ္တာရှိ၏။ အာမင်။

ကောရိန္သုဩဝါဒစာပဌမစောင်ပြီး၏။

_________________________
Footnotes


၂၂ (a) ἀνάθεμα anathema accursed အနသေမာ သည်ဂရိတ်စကားဖြစ်သည်။ အဓိပ္ပါယ်မှာ ကျိန်ခြင်းဖြစ်သည်။

၂၂ (b) မူရင်းဂရိတ်၌ Μαράνα θά အင်္ဂလိပ်လို Maranatha မြန်မာလို "သခင်ဘုရားကြွလာတော်မူပါ" သို့မဟုတ် "သခင်ဘုရားကြွလာတော်မူ၏" ဟုအဓိပ္ပါယ်ရသည်။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.