-
AA
+
🡀
|
🡂
၁ ကောရိန္သု ဩဝါဒစာ
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၁၅



ခရစ်တော်သေပြီးမှ ထမြောက်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ညီအစ်ကိုတို့၊ ငါသည် သင်တို့အား ဟောပြောဖူးသည် နှင့်အညီ၊ သင်တို့သည် ခံယူ၍ မှီဝဲဆည်းကပ်သော ဧဝံဂေလိတရားကို သင်တို့အား တဖန် ငါကြားလိုက်၏။ အထက်က ငါဟောပြောသည် [A] အကြောင်းများကို သင်တို့သည်၊ အကျိုးမဲ့ မယုံဘဲ စိတ်စွဲလမ်းလျှင်၊ ထိုဧဝံဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ ငါသည် ကိုယ်တိုင် ခံယူသည်အတိုင်း သင်တို့အား ရှေ့ဦးစွာ အပ်ပေးသော အကြောင်းအရာ ဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း၊ ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏။ [B] သင်္ဂြိုလ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း [C] သုံးရက်မြောက်သော နေ့၌ ထမြောက်တော်မူ၏။ ကေဖသည် ကိုယ်တော်ကိုမြင်ပြီးမှ၊ တစ်ကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ၏။ [D] ထိုနောက် ညီအစ်ကို ငါးရာမက၊ တပြိုင်နက် မြင်ရကြ၏။ ထိုသူတို့တွင် အများသော သူတို့သည်၊ ယခုတိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။ ထိုနောက် ယာကုပ် မြင်ရ၏။ ထိုနောက် တမန်တော် အပေါင်းတို့သည် မြင်ရကြ၏။ နောက်ဆုံး၌ အချိန်မတော်မတန် ဖွားသောသူကဲ့သို့ ဖြစ်သော ငါပင် မြင်ရ၏။ [E]


ပေါလုအကြောင်း
CROSS REFERENCES






ငါသည် အထက်က ဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ [F] အညံ့ဆုံးသော တမန်တော်ဖြစ်၏။ တမန်တော်၊ ဟုခေါ်ဝေါ်ခြင်းကို မခံထိုက်။ ၁၀ သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ ခံရသည် မဟုတ်။ အခြားသော တမန်တော် အပေါင်းတို့ထက်၊ ငါသည်သာ၍ ကြိုးစားခြင်းကိုပြု၏။ [G] ထိုသို့ဆိုသော်လည်း ငါကြိုးစားသည် မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြိုးစားတော်မူ၏။ ၁၁ ထိုကြောင့်၊ ငါဖြစ်စေ၊ သူတို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြောကြ၏။ ဤသို့လည်း သင်တို့သည် ယုံကြည်ကြ၏။


ထမြောက်ခြင်းမရှိလျှင်

၁၂ ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူကြောင်းကို ဟောပြောရသည် ဖြစ်၍၊ သေသောသူတို့သည် ထမြောက်ခြင်းမရှိ၊ [H] ၊ ဟုသင်တို့တွင် အချို့သော သူတို့သည်၊ အဘယ်ကြောင့် ဆိုရကြသနည်း။ ၁၃ သေသောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။ ၁၄ ခရစ်တော်သည် ထမြောက်တော် မမူလျှင်၊ ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ၊ သင်တို့ ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။ ၁၅ ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏ အမှုမှာ မမှန်သော သက်သေခံ ဖြစ်ကြ၏။ ၁၆ အကြောင်းမူကား၊ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော် မမူ။ ယခုမှာ၊ ခရစ်တော်ကို ထမြောက်စေတော်မူပြီ။ ဟုငါတို့သည် ဘုရားသခင်၏ အကြောင်းကို သက်သေခံကြ၏။ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။ ၁၇ ခရစ်တော်သည် ထမြောက်တော် မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ် အောက်၌ ရှိကြသေး၏။ ၁၈ ထိုမှတပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်သော သူတို့သည်၊ ဆုံးရှုံးခြင်းသို့ ရောက်ကြပြီ။ ၁၉ ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ၌သာ မျှော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ထက် သာ၍ ဆင်းရဲသော သူဖြစ်ကြ၏။


ခရစ်တော်အဦးသီး

၂၀ ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သော သူတို့တွင် အဦးသီးသော အသီး ဖြစ်တော်မူပြီ။ [I] ၂၁ သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်း တရားသည်၊ လူအားဖြင့် တည်လျက်ရှိ၏။ ၂၂ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။ [J] ၂၃ သို့ရာတွင် လူအသီးသီးတို့သည်၊ မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသော အသီး ဖြစ်တော်မူ၏။ ထိုနောက် ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော် ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။


ခရစ်တော်အုပ်စိုးခြင်း
CROSS REFERENCES






၂၄ ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာတန်ခိုး အမျိုးမျိုးကို ပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင် တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူပြီးမှ၊ ကမ္ဘာကုန်ရလတံ့၊ ၂၅ ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါးတော် အောက်၌၊ ချထားတော် မမူမှီတိုင်အောင် အုပ်စိုးတော်မူရမည်။ [K] ၂၆ နောက်ဆုံးသော ရန်သူ တည်းဟူသော သေမင်းသည်၊ ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့။ [L] ၂၇ ခပ်သိမ်းသော အရာတို့ကို လူသား၏​ ခြေအောက်၌ ချထားတော်မူသည်၊ ဟုကျမ်းစာလာ၏။ [M] ခပ်သိမ်းသော အရာတို့သည် ချထားလျက် ရှိကြောင်းကို ဆိုသော်၊ ခပ်သိမ်းသော အရာတို့ကို လူသားအောက်၌ ချထားတော်မူသော သူသည်၊ ကြွင်းတော်မူကြောင်း ထင်ရှားသတည်း။ ၂၈ ခပ်သိမ်းသော အရာတို့သည်၊ လူသားအောက်၌ ချထားလျက် ရှိသောအခါ၊ ခပ်သိမ်းသော အရာတို့ကို သူ့အောက်၌ ချထားတော်မူသော သူ၏ အုပ်စိုးတော်မူခြင်းကို၊ သားတော်သည် ကိုယ်တိုင် ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံဖြစ်တော်မူမည် အကြောင်းတည်း။


သေသောသူကိုယ်စား ဗတ္တိဇံခံ

၂၉ သေလွန်သော သူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင်၊ သေလွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံကို ခံသောသူတို့သည် အဘယ်သို့ပြုရမည်နည်း။ သေလွန်သော သူတို့၏ ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံကို ခံရကြသနည်း။ ၃၀ ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်းအရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။ ၃၁ ငါသည် နေ့တိုင်း အသေခံရ၏။ ဟုငါတို့သခင် ယေရှုခရစ်၌ သင်တို့အကြောင်းကြောင့်၊ ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။ ၃၂ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက်က ငါသည် သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ်အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန် သေရကြမည်။ ၃၃ အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့်၊ ကောင်းသောအကျင့် ဓလေ့ ယိုယွင်းတတ်၏။ ၃၄ တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကို မပြုကြနှင့်။ အချို့သော သူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှာ ငါဆို၏။


ထမြောက်သောကိုယ်

၃၅ သေလွန်သောသူတို့သည် အဘယ်သို့ ထမြောက်ကြမည်နည်း။ အဘယ်သို့သော ကိုယ်နှင့် ပေါ်လာကြမည်နည်း။ ဟုတစ်စုံတစ်ယောက်သောသူ မေးလိမ့်မည်။ ၃၆ အချင်းလူမိုက်၊ သင်စိုက်သော မျိုးစေ့ မပျက်လျှင် မရှင်တတ်။ ၃၇ ထိုမှတပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက်ဖြစ်လတံ့သော ကိုယ်ကိုမစိုက်။ ဂျုံစပါးဖြစ်စေ၊ အခြားသော စပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။ ၃၈ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကိုပေးတော်မူ၏။ မျိုးစေ့အသီး အသီးတို့အားလည်း၊ မိမိတို့အမျိုးအတိုင်း ကိုယ်ကို ပေးတော်မူ၏။ ၃၉ အသား ရှိသမျှတို့သည် တမျိုးတည်း မဟုတ်။ လူသားတမျိုး၊ အမဲသားတမျိုး၊ ငါးသားတမျိုး၊ ငှက်သားတမျိုး၊ အသီးအသီးရှိကြ၏။ ၄၀ ကောင်းကင် အကောင်အထည်လည်း ရှိ၏။ မြေကြီး အကောင်အထည်လည်း ရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ်အသရေလည်း တမျိုး၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေသည်လည်း တမျိုးဖြစ်၏။ ၄၁ နေ၏ဂုဏ်အသရေ တမျိုး၊ လ၏ဂုဏ်အသရေ တမျိုး၊ ကြယ်တို့၏ ဂုဏ်အသရေ တမျိုး အသီးအသီးရှိကြ၏။ ကြယ်တို့၏ ဂုဏ်အသရေသည်လည်း အသီးသီးအခြားခြား ဖြစ်ကြ၏။


ဇာတိနှင့်ဝိညာဏကိုယ်

၄၂ ထိုနည်းတူ၊ သေသောသူတို့၏ ထမြောက်ခြင်း အကြောင်းအရာဖြစ်၏။ ကိုယ်သည် စိုက်သောအခါ၊ ပုပ်တတ်သော သဘောရှိ၏။ ထမြောက်သောအခါ မပုပ်နိုင်သော အဖြစ်၌ တည်၏။ ၄၃ စိုက်သောအခါ ဂုဏ်အသရေ ပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့်ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့် ပြည့်စုံ၏။ ၄၄ စိုက်သောအခါ ဇာတိပကတိကိုယ် ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ် ဖြစ်၏။ ဇာတိပကတိ ကိုယ်တမျိုး၊ ဝိညာဏကိုယ် တမျိုးရှိ၏။ ၄၅ ကျမ်းစာလာသည်ကား၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏၊ ဟုလာသတည်း။ ယခုတွင် နောက်ဆုံး ဖြစ်သော အာဒံမူကား၊ အသက်ရှင်စေတတ်သော ဝိညာဉ်ဖြစ်၏။


ဇာတိကိုယ် အရင်ဖြစ်

၄၆ ဝိညာဏကိုယ်သည် ရှေ့ဦးစွာ ဖြစ်သည်မဟုတ်။ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာ ဖြစ်၏။ နောက်မှ ဝိညာဏကိုယ် ဖြစ်၏။ ၄၇ ရှေ့ဦးစွာသော လူသည် မြေကြီးက ဖြစ်သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား ကောင်းကင်ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။ ၄၈ မြေသားတို့သည် ထိုမြေသားကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြလိမ့်မည်။ ၄၉ ငါတို့သည် မြေသား၏ ပုံသဏ္ဍာန်ကို ဆောင်သကဲ့သို့၊ ကောင်းကင်သား၏ ပုံသဏ္ဍာန်ကို ဆောင်ကြလိမ့်မည်။ ၅၀ ညီအစ်ကိုတို့ ငါဆိုလိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်။ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။

CROSS REFERENCES






ချီဆောင်ခြင်း [N]

၅၁ နက်နဲသောအရာ တခုကို ငါပြဦးမည်၊ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည် မဟုတ်။ ၅၂ သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည်၊ ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက်သောအခါ၊ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သော အဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ၅၃ ယခု မျက်မှောက် ပုပ်တတ်သော အရာသည်၊ မပုပ်နိုင်သော အဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သော အရာသို့ ဝင်စားရမည်။


သေမင်းကိုအောင်မြင်
CROSS REFERENCES






၅၄ ဤပုပ်တတ်သော အရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ်သော အရာသည် မသေနိုင်သော အဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီ၊ ဟုကျမ်းစာ၌လာချက် ပြည့်စုံလိမ့်မည်။ [O] ၅၅ အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။ အိုမရဏာနိုင်ငံ၊ သင်၏ အောင်ခြင်းသည် အဘယ်မှာ ရှိသနည်း။ ၅၆ သေမင်း၏ လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း၊ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရားပေတည်း။ ၅၇ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော၊ ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။ ၅၈ ထိုကြောင့် ငါချစ်သော ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်၍၊ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ ဘုရားသခင်၏ အမှုတော်ကို ကြိုးစား အားထုတ်ကြလော့။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.