၁၆ သို့ဖြစ်၍ ငါကျင့်သည်နည်းတူ၊ သင်တို့သည် ကျင့်ကြမည်အကြောင်း၊ ငါနှိုးဆော်တောင်းပန်၏။
၁ ငါသည် ခရစ်တော်၏နည်းတူ ကျင့်သကဲ့သို့၊ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့။
၁ ထိုသို့သင်တို့သည် ဘုရားသခင်၏၊ ချစ်သား ဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။
၁၇ ညီအစ်ကိုတို့ ငါကျင့်သည်နည်းတူ၊ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့။ ငါတို့ပေးသော ပုံသက်သေနှင့် အညီ၊ ကျင့်သောသူတို့လည်း ရှုမှတ်ကြလော့။
၁၇ တဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှါ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှါ စည်းဝေးကြသည်ဖြစ်၍၊ ငါသည်ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။
၂၂ သင်တို့သည် စားသောက်ရာဘို့ ကိုယ်အိမ်မရှိသလော။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို မထီမဲ့မြင်ပြု၍၊ ဆင်းရဲသောသူတို့ကို ရှက်ကြောက်စေသလော။ အဘယ်သို့ ငါဆိုရမည်နည်း။ ဤအမှုမှာသင်တို့ကို ချီးမွမ်းရမည်လော။ မချီးမွမ်းရ။
sပွဲတော်မင်္ဂလာစားသောအခါ
၂၆ တဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍာန်တည်း လူကိုဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုးကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေ၊ ဟုအမိန့်တော်ရှိ၏။
၁ အာဒံ၏ သားစဉ်မြေးဆက် စာရင်းဟူမူကား၊ လူကို ဖန်ဆင်းတော်မူသော ကာလ၌ ၊ မိမိပုံသဏ္ဍာန်နှင့်အညီ၊ ဘုရားသခင်ဖန် ဆင်းတော်မူ၏။
၆ အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။
၂၃ သန့်ရှင်းခြင်း ပါရမီအားဖြင့် ဘုရားသခင်နှင့် အတူအမျှ၊ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည် အကြောင်း၊ ခရစ်တော်၏ စကားကို ကြားနာရသည်ဖြစ်၍၊
၁၀ ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဍာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။
၉ ငါတို့သည် လျှာဖြင့်ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို၊ လျှာဖြင့် ကျိန်ဆဲတတ်ကြ၏။
၃၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဤလူမျိုး၏ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ် ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။
၂၈ ဤခွက်ကား ပဋိညာဉ်တရားသစ် နှင့်ဆိုင်၍၊ လူများတို့၏ အပြစ်ကို လွှတ်စေခြင်းငှာ သွန်းသော ငါ၏ အသွေး ဖြစ်၏။
၂၄ ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ် နှင့်ဆိုင်၍၊ လူများအဘို့အလိုငှါ သွန်းသောငါ၏ အသွေးဖြစ်၏။
၂၀ ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဘို့အလိုငှါ သွန်းသောငါ၏အသွေး၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။
၂၅ ထိုနည်းတူ၊ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား ငါ၏အသွေး၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကိုသောက်သောအခါ၊ ငါ့ကိုအောက်မေ့ဘို့ရာ သောက်ကြလော့၊ ဟုမိန့်တော်မူ၏။
၆ ပဋိညာဉ်တရားသစ်၏ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော်မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကို မဆိုလို၊ ဝိညာဉ်တော်တရားကို ဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။
၉ ငါသည် ဤလူမျိုး၏ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ် ကိုဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋိညာဉ်တရား၌ သူတို့သည် မတည်ကြ။ ငါသည်လည်း သူတို့ကို မကြည့်ရှုမပြုစုဘဲ နေ၏။
၁၃ ပဋိညာဉ်တရားသစ် ဟူ၍ မိန့်တော်မူသည်တွင် ပဌမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသောအရာမည်သည်ကား၊ ကွယ်ပျောက်ခြင်းသို့ ရောက်လုနီးသတည်း။
၁၅ ထိုကြောင့် ပဌမပဋိညာဉ်တရား လက်ထက်၌၊ ပြစ်မှားသော အပြစ်ကိုလည်း လွှတ်စေခြင်းငှာ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသောသူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရအမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ်တရားသစ်၏အာမခံဖြစ်တော်မူ၏။
s ပဌမပဋိညာဉ်တရားကို အသွေးနှင့်ကင်း၍ မစီရင်
၂၄ ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့၎င်း၊ အာဗေလ၏အသွေး ပြောဆိုသော အရာထက်သာ၍၊ မြတ်သောအရာကို ပြောဆိုသောဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း ရောက်ကြ၏။
s ကောင်းကင်ဘုံက စကားကိုနားမထောင်လျှင်
၄၀ ငါတို့သည် ကိုယ်လိုက်သော လမ်းတို့ကို စစ်ကြောစုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။
၃၁ ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
၅ သင်တို့သည်ယုံကြည်ခြင်း၌ တည်သလော၊ မတည်သလော၊ ဟုကိုယ်ကိုကိုယ် စစ်ကြောကြလော့။ ကိုယ်ကိုကိုယ် စုံစမ်းကြလော့။ အစစ်မခံနိုင်သောသူ မမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်၊ ဟုကိုယ်အကြောင်းကိုကိုယ် မသိကြသလော။
၄၀ ငါတို့သည် ကိုယ်လိုက်သော လမ်းတို့ကို စစ်ကြောစုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။
၃၁ ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
၅ သင်တို့သည်ယုံကြည်ခြင်း၌ တည်သလော၊ မတည်သလော၊ ဟုကိုယ်ကိုကိုယ် စစ်ကြောကြလော့။ ကိုယ်ကိုကိုယ် စုံစမ်းကြလော့။ အစစ်မခံနိုင်သောသူ မမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်၊ ဟုကိုယ်အကြောင်းကိုကိုယ် မသိကြသလော။