၂၂ ဣသရေလ အမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားကြ၍၊ ရေသည်သူတို့လက်ျာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။
sပင်လယ်၌ လိုက်လာသော ဖာရောစစ်သားများ ဒုက္ခရောက်
၁၁ သူတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ခွဲတော်မူ၏။ ညှဉ်းဆဲသောသူတို့ကိုကား၊ နက်သော ရေထဲသို့ ကျောက်ကို ပစ်သကဲ့သို့ ပစ်တော်မူ၏။
၆ ပင်လယ်ကို ကုန်းဖြစ်စေတော်မူ၏။ သူတို့သည် ရေစီးရာအရပ်ကို ခြေဖြင့် လျှောက်သွားကြသည်ဖြစ်၍ ငါတို့သည် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။
၁၃ ညီအစ်ကိုတို့၊ ငါသည်အခြားသော တပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့၊သင်တို့တွင်လည်း အကျိုးတစုံတခုကို ရခြင်းငှါ၊ သင်တို့ရှိရာသို့သွားမည်၊ ဟုအဖန်ဖန်အကြံရှိကြောင်းကို၊ သင်တို့မသိဘဲ နေစေခြင်းငှါ ငါအလိုမရှိ။ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသောအကြောင်းရှိ၏။
၂၅ ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသော စိတ်မရှိစေမည်အကြောင်း တပါးအမျိုးသား အပေါင်းတို့သည် မဝင်မှီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွမ်းခြင်း အကြောင်းတည်းဟူသော၊ နက်နဲသောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
၃ ဓမ္မအစာကိုအတူ စားကြသည်ဟူ၍၎င်း၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ၍၎င်း၊ သင်တို့မသိမမှတ်ဘဲ နေစေခြင်းငှါ ငါအလိုမရှိ။
၁ ညီအစ်ကိုတို့၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူး အကြောင်းများကို၊ မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
၈ ညီအစ်ကိုတို့၊ အာရှိပြည်၌ ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်၊ ဟုထင်ရ၍၊ မခံနိုင်အောင် အတိုင်းထက်အလွန် လေးသော ဆင်းရဲခံရကြောင်းကို၊ သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့အလိုမရှိ။
၁၃ ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမူအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။
၁၆ အရှင်ထာဝရဘုရားက စုံစမ်းသော အမြစ်ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင်မြဲမြံသော တိုက်ထောင့် အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသော အကြောင်းမရှိ။
၁၈ ငါဆိုသည်ကား၊ သင်သည် ပေတရု %fo(f)ဖြစ်၏။ ဤကျောက် %fo(g) ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။
၃၃ ကျမ်းစာ၌ လာသည်ကား၊ ထိမိ၍လဲစရာကျောက် မှားယွင်းစရာကျောက်ကို၊ ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာ၊ ဟုလာသည်နှင့်အညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍လဲကြ၏။
%ln
၆ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ရွေးချယ်သော တိုက်ထောင့်အမြစ် ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်း မရှိနိုင်ရာ၊ ဟုလာသတည်း။
၂၇ ခွက်ကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူ၍၊ သင်တို့ ရှိသမျှသည် သောက်ကြလော့။
၂၃ ခွက်ကိုလည်းယူ၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ သူတို့အား ပေးတော်မူလျှင်၊ ထိုသူရှိသမျှတို့သည် သောက်ကြ၏။
၁၇ ခွက်ဖလားကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ ဤခွက်ကိုယူ၍ အချင်းချင်းဝေကြလော့။
၂၅ ထိုနည်းတူ၊ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား ငါ၏အသွေး၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကိုသောက်သောအခါ၊ ငါ့ကိုအောက်မေ့ဘို့ရာ သောက်ကြလော့၊ ဟုမိန့်တော်မူ၏။
_________________________
Footnotes