၈ သင်တို့၏ ယုံကြည်ခြင်းအရာသည်၊ မြေတပြင်လုံး၌ အနှံ့အပြားကျော်စောသည်ဖြစ်၍၊ သင်တို့အကြောင်းကြောင့် ယေရှုခရစ်တော်အားဖြင့်၊ ငါ၏ဘုရားသခင် ကျေးဇူးတော်ကို ရှေ့ဦးစွာငါချီးမွမ်း၏။
၄ အထက်က ခရစ်တော်၏ သက်သေကို၊ သင်တို့တွင် တည်စေသည်ရှိသော်၊
၁၅ ထိုကြောင့် သင်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းနှင့်၊ သန့်ရှင်းသူ အပေါင်းတို့ကို ချစ်ခြင်း အကြောင်းကို၊ ငါသည် ကြားပြီးလျှင်၊
၃ ငါသည် ဆုတောင်းပဌနာ ပြုသောအခါခါ၊
၃ သင်တို့သည် ယေရှုခရစ်ကို ယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်။ ဟုငါတို့သည်ကြားသဖြင့်၎င်း၊
၂ ငါတို့အဘ တည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊
၁၃ ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို၊ သင်တို့သည် ခံယူကြသောအခါ၊ လူ၏ နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌၊ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို၊ ခံယူကြသည် အကြောင်းအရာကို ငါတို့သည်ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြ၏။
sသက်သာလောနိတ် အသင်းသားများ ယုဒယုံကြည်သူများကဲ့သို့ဖြစ်
၁၂ သင်တို့ပင်ပန်းခြင်း၊ အမှုဆောင်ရွက်ခြင်း၊ ရန်တွေ့ခြင်း ဝန်ကို ငါတယောက်တည်း အဘယ်သို့ ထမ်းနိုင်မည်နည်း၊
၂၀ လူတို့ပြုတတ်သော ပရိယာယ်နှင့် ကင်းလွတ်စေခြင်းငှါ ကျိန်းဝပ်တော်မူရာ အတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူပါ။ ရန်တွေ့ခြင်း အသံကို ကွယ်ကာလျက် တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏။
၁၀ မာနကြောင့်သာ ရန်တွေ့ခြင်း ဖြစ်၏။ သတိပေးသောစကားကို နားခံသောသူမူကား ပညာရှိ၏။
၁၉ ရန်တွေ့ခြင်း ကိုနှစ်သက်သောသူသည်လွန်ကျူးခြင်းကိုလည်းနှစ် သက်တတ်၏။ မိမိတံခါးကိုချီးမြှင့်သောသူသည်ပျက်စီးခြင်းကိုရှာတတ်၏။
၁၉ အငြိုးထားသောညီအစ်ကိုသည်ခိုင်ခံ့သောမြို့ထက် သာ၍ခက်၏။ ညီအစ်ကိုရန်တွေ့ခြင်း အမှုသည်ရဲတိုက်တံခါးကျင်ကဲ့သို့ဖြစ်၏။
၃ ရန်တွေ့ခြင်း ကိုငြိမ်းစေသောသူသည်ဂုဏ်အသရေရှိ၏။ မိုက်သောသူမူ ကား၊ အမှုနှင့်ရောနှောတတ်၏။
၁၀ မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြုလျှင်ရန်မာန်လည်းထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်း နှင့် ကဲ့ရဲ့ခြင်းလည်းငြိမ်းလိမ့်မည်။
၂၉ အဘယ်သူသည်ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည်ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည်ရန်တွေ့ခြင်း ရှိသနည်း။ အဘယ်သူသည်မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည်အကျိုးအကြောင်းမရှိ၊ ထိခိုက်၍နာခြင်းရှိသနည်း။ အဘယ်သူသည်မျက်စိနီခြင်းရှိသနည်းဟုမူကား၊
၃ မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့် ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက် ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်း ကိုလည်း၊ အဘယ်ကြောင့် လူချင်းပြုရပါသနည်း။
၂၉ သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကိုမြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊
၁၃ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ ကဲ့သို့တင့်တယ်လျောက်ပတ်စွာ၊ ကျင့်ဆောင်ပြုမူကြကုန်အံ့။
၁၁ အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်း ရှိသည်ကို၊ ခလောဣအိမ်သား အချို့တို့သည်ပြောကြ၏။
၃ ယခုပင်လည်း၊ ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိလူ ဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။
၂၀ သူတပါးသည် သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ်ခြင်းကိုပြုလျှင်၊ သင်တို့သည် သည်းခံကြ၏။
၂၀ ငါရောက်လာသောအခါ၊ သင်တို့သည် ငါနှစ်သက်သောသူမဖြစ်၊ ငါသည်လည်း သင်တို့မနှစ်သက်သောသူ ဖြစ်မည်ဟူ၍၎င်း၊ သင်တို့၌ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ သူ့အသရေကို ရှုတ်ချခြင်း၊ ချောစားခြင်း၊ မာနထောင်လွှားခြင်း၊ အချင်းချင်းအမှုလုပ်ခြင်း ဖြစ်မည်ဟူ၍၎င်း၊
၂၀ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊
၄ မာနနှင့်ယစ်မူး၍ အလျှင်းနားမလည်ဘဲ၊ ပုစ္ဆာအမေးကိုဆွေးနွေး၍ စကားကြောင့်သာ ငြင်းခုံသောအားဖြင့်၊ စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကို ရှုတ်ချခြင်း၊ မနာလိုသော ကြံစည်ခြင်း၊
၂ အဘယ်သူကိုမျှ မကဲ့ရဲ့၊ ရန်တွေ့ခြင်း ကိုမပြု၊ ဖြည်းညှင်းသော သဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်းနူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှါ၎င်း၊ သတိပေးလော့။
၉ မိုက်မဲသော ပုစ္စာအမေးတို့ကို၎င်း၊ ဆွေစဉ်မျိုးဆက်စာရင်းတို့ကို၎င်း၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း၊ တိုက်လှန်ခြင်းတို့ကို၎င်း၊ ရှောင်လော့။ အကြောင်းမူကား၊ ထိုအရာတို့သည် အကျိုးမရှိ။ အချည်းနှီး သက်သက်ဖြစ်ကြ၏။
၁၄ သို့မဟုတ် သင်တို့စိတ်ထဲမှာ ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိလျှင်၊ သမ္မာတရားကို မုသာဖြင့်ဆန်၍ မဝါကြွားကြနှင့်။
၁၆ အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာပြုမူခြင်း အမျိုးမျိုးရှိတတ်၏။
၁ သင်တို့တွင် တိုက်ခိုက်ခြင်း၊%fo(a) ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့် ဖြစ်သနည်း။ သင်တို့အင်္ဂါများ၌ စစ်ပြိုင်သော ကိလေသာ ကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော။
၂၁ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်၏ ပညာတော် စီရင်သည် နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့်၊ ဘုရားသခင်ကို မသိဘဲ နေကြသောအခါ၊ ဘုရားသခင်သည် ယုံကြည်သော သူတို့ကို၊ ဒေသနာတော် မိုက်မဲခြင်းအားဖြင့်၊ ကယ်တင်ခြင်းငှာ စေတနာရှိတော်မူ၏။
s လူသုံးမျိုး
၂၅ ဘုရားသခင်၏ မိုက်မဲခြင်း အရာသည်၊ လူတို့၏ပညာထက် သာ၍ပညာရှိ၏။ ဘုရားသခင်၏ အားနည်းခြင်း အရာသည်၊ လူတို့၏ အစွမ်းထက် သာ၍ အစွမ်းရှိ၏။
၁၄ ဇာတိပကတိလူသည်၊ ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကိုမခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်၊ ဟုထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။
၁၀ ငါတို့သည် ခရစ်တော်၏ အကြောင်းကြောင့် လူမိုက်ဖြစ်ကြ၏။ သင်တို့မူကား၊ ခရစ်တော်၌ ပညာရှိဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူဖြစ်ကြ၏။ သင်တို့မူကား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောသူ၊ အသရေရှိသောသူ ဖြစ်ကြ၏။ ငါတို့သည် အရှက်အကြောက် ခံရသောသူဖြစ်၍၊
၃၈ ထိုအခါ အချို့သော ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဆရာ%fo(a) အကျွန်ုပ်တို့သည် ကိုယ်တော် ပြတော်မူသော နိမိတ်လက္ခဏာ တစုံတခုကို မြင်ချင်ပါသည်၊ ဟုလျှောက်ကြလျှင်၊
၁ ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကို စုံစမ်း နှောင့်ယှက်ခြင်းငှာ ချဉ်းကပ်၍၊ မိုးကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်း တောင်းပန်ကြ၏။
၁၁ ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍၊ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ရှက်ခြင်းငှါ၊ မိုးကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။
၁၆ အချို့တို့သည်လည်း စုံစမ်းနှောင့်ရှက်ခြင်းငှါ မိုးကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။
၁၈ ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ် နိမိတ်လက္ခဏာကို ငါတို့အားပြမည်နည်း၊ ဟုဆိုကြ၏။
၃၀ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍၊ ကိုယ်တော်ကို ယုံကြည်မည်အကြောင်း အဘယ်နိမိတ် လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။
၃၄ ရှုမောင်သည်လည်း သူတို့ကို ကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူအများ လဲမည်အကြောင်း၊ အများထမည်အကြောင်း၊ လူအများတို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံစရာဖြစ်မည်အကြောင်း၊ ခန့်ထားသောသူဖြစ်၏။
၈ နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍လဲသောသူတို့သည်၊ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာ ကျောက်လည်းဖြစ်၏။ ထိုအမှုနှင့် တွေ့စေခြင်းငှါ ထိုသူတို့ကို ခန့်ထားတော်မူ သတည်း။
sမင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး
၂၄ ယေရှုခရစ် ရွေးနှုတ်တော်မူသောအားဖြင့်၊ အဘိုးကိုမပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။
၃၀ ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ ရှိနေကြ၏။%fo(a) ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏။
၂၁ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။
%ln
၁၁ ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ။ သေခြင်းမှ ထမြောက်သောအခွင့်ကို ငါရနိုင်ကောင်းလျှင်၊ ကိုယ်တော်သည် အသေခံတော်မူသည်နည်းတူ၊ ငါသည်လည်း အသေခံ၍ ထိုသခင်ကို၎င်း၊ ထမြောက်တော်မူခြင်း၏ တန်ခိုးကို၎င်း၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ၍ခံခြင်းကို၎င်း၊ သိကျွမ်းခြင်းငှါ၊ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရသောဖြောင့်မတ်ခြင်း တည်းဟူသော၊ ယုံကြည်ခြင်း အတွက်ကြောင့် ဘုရားသခင် ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည်အ ကြောင်း၊ ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ငါထင်မှတ်၏။
s ပန်းတုံးတိုင်သို့ငါလိုက်ပြေး၏
၇ အချို့သော သူတို့သည် ရထားကို၎င်း၊ အချို့တို့သည် မြင်းကို၎င်း၊ ချီးမွမ်းတတ်ကြ၏။ ငါတို့မူကား ငါတို့ဘုရားသခင် တည်းဟူသော ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလိမ့်မည်။
၈ အကျွန်ုပ်တို့သည် မခြားမလပ် ဘုရားသခင်၌ ဝါကြွား၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏။
sအကျွန်ုပ်တို့ကိုရောင်း၍ မျက်နှာလွှဲတော်မူပြီ
၁၆ သူတို့ကိုလှေ့၍၊ လေသည် သူတို့ကိုတိုက် သွားလိမ့်မည်။ မုန်တိုင်းလွှင့်လိမ့်မည်။ သင်မူကား ထာဝရဘုရား၌ ဝမ်းမြောက်လိမ့်မည်။ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရား၌ ဝါကြွားလိမ့်မည်။
sဘုရားပြုတော်မူသော အရာများကို ဆင်ခြင်ကြလိမ့်မည်
၂ သင်ကလည်း၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်း၊ ဖြောင့်မတ်ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည်။ လူအမျိုးမျိုးတို့သည်လည်း၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကို ကောင်းကြီးပေး၍၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
sနှလုံးအရေဖျားလှီးကြ
၂၃ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပညာရှိသောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။
၁၇ သို့ဖြစ်၍ ဝါကြွားသောသူမည်သည်ကား၊ သခင်ဘုရား၌ သာဝါကြွားစေ၊ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမွမ်းသောသူသည်၊ ဝန်ခံသောသူဖြစ်သည်မဟုတ်။ ဘုရားသခင် ချီးမွမ်းတော်မူခြင်းကို ခံရသောသူသာလျှင် ဝန်ခံတော်မူသောသူဖြစ်သတည်း။
၁၄ ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏လက်ဝါးကပ်တိုင်တော်မှတပါး၊ အဘယ်အရာ၌ မျှဝါကြွားခြင်းမရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ၊ ဤလောကသည်ငါ့အဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ငါသည်လည်းဤလောကအဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။
_________________________
Footnotes