-
AA
+
🡀
|
🡂
ရောမ ဩဝါဒစာ
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရောမ ဩဝါဒစာ
အခန်းကြီး ၁၆


ဖိဗေ၊ ပြစ်ကိလ၊ အာကုလ

ကင်​ခြေမြို့ (Cenchrea) အသင်းတော်၌ ၊ သင်းထောက်မိန်းမဖြစ်သော ငါတို့နှမဖိဗေ (Phoebe)ကို၊ သင်တို့ထံသို့ ငါသွင်းပေး၏။ သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း၊ သခင်ဘုရားကိုထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့၌ ၊ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည် များစွာသောသူတို့ကို၎င်း၊ ငါ့ကို၎င်း၊ မစသော သူဖြစ်၏။ ငါနှင့်အတူ ယေရှုခရစ်၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့် အာကုလ(Priscilla and Aquila)ကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် ငါ့အသက်အဘို့၊ မိမိတို့လည်ပင်းကို ချထားသောသူ ဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်၊ ဟုငါတယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တပါးအမျိုးသား အသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။


အောက်ပါလူများကို နှုတ်ဆက်ကြလော့
CROSS REFERENCES






သူတို့အိမ်၌ ရှိသောအသင်းတော် [A]ကိုလည်း နှုတ်ဆက် ကြလော့။ အာရှိပြည်တွင် ခရစ်အဘို့ အဦးသီးသောအသီးဖြစ်သော၊ ငါ့ချစ်သား ဧပဲနက် (Epaenetus)ကို နှုတ်ဆက်ကြလော့။ ငါတို့အမှုကို ကြိုးစား၍ ဆောင်ရွက်သော မာရိကို နှုတ်ဆက်ကြလော့။ ငါနှင့်အတူ အကျဉ်းခံရသောသူ၊ ငါ့အမျိုးသား ချင်းအန္ဒြောနိတ်(Andronicus)နှင့် ယုနိ(Junia)ကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် တမန်တော်များတွင်၊ အသရေထင်ရှားသောသူ ဖြစ်ကြ၏။ ငါ့အရင် တပည့်တော်အဖြစ်သို့ ရောက်သောသူလည်း ဖြစ်ကြ၏။ သခင်ဘုရား၌ ငါ့ချစ်သားအမ္ပလိ (Ampliatus)ကို နှုတ်ဆက်ကြလော့။ ငါတို့နှင့်အတူ ခရစ်တော်၏အမှုကို ဆောင်ရွက်သော ဥရဗန်(Urbanus)နှင့်၊ ငါ့ချစ်သား သတာခု(Stachys)ကို နှုတ်ဆက်ကြလော့။ ၁၀ တပည့်တော် စစ်ဖြစ်သော အပေလေနှင့် အာရိတ္တောဗုလု(Apelles & Aristobulus)၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။ ၁၁ ငါ၏အဆွေအမျိုး ဟေရောဒျုန်(Herodion)နှင့်၊ တပည့်တော်ဖြစ်သော နာကိသု (Narcissus)၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။ ၁၂ သခင်ဘုရား၏ အမှုတော်ကို ကြိုးစားသောမိန်းမ၊ တရုတ်ဖဲန (Tryphaena)နှင့် တရုဖေါသ (Tryphosa)ကို၎င်း၊ သခင်ဘုရား၏ အမှုတော်ကို အလွန်ကြိုးစား၍၊ ချစ်အပ်သော မိန်းမပေရသိ(Persis)ကို၎င်း၊ နှုတ်ဆက်ကြလော့။ ၁၃ မြတ်သော တပည့်တော်ရုဖု(Rufus)နှင့်၊ သူ၏အမိတည်းဟူသော ငါ၏အမိကို နှုတ်ဆက်ကြလော့။ ၁၄ အသုံကြိတ်၊(Asyncritus) ဖလေကုန်(Phlegon)၊ ဟေရမ(Hermes)၊ ပတ်ရောဘ(Patrobas)၊ ဟေရမေ(Hermas) မှစ၍၊ သူတို့နှင့်အတူနေသော ညီအစ်ကိုတို့ကို နှုတ်ဆက်ကြလော့။ ၁၅ ဖိလောလုပ်(Philologus)၊ ယုလိ(Julia)၊ နေရု(Nereus)၊ နေရုနှမနှင့်ဩလုမ္ပ (Olympas)မှစ၍၊ သူတို့နှင့်အတူနေသော သန့်ရှင်းသူအပေါင်းတို့ကို၊ နှုတ်ဆက်ကြလော့။ ၁၆ အချင်းချင်း တယောက်ကို တယောက် သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော် အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြ၏။


မိမိတို့ဝမ်း၏အမှုကို သာဆောင်ရွက်သူများရှောင်ကြ
CROSS REFERENCES





CROSS REFERENCES






၁၇ ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်းအကြောင်းကို ပြုတတ်သောသူတို့ကို မှတ်၍၊ ရှောင်ကြလော့၊ ဟုငါသတိပေး၏။ [B] ၁၈ အကြောင်းမူကား၊ ထိုသို့သောသူတို့သည်၊ ငါတို့သခင် ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကားနှင့် ချော့မော့သော စကားအားဖြင့်၊ စိတ်ကောင်းသောသူတို့ကို လှည့်ဖြားတတ်ကြ၏။ [C] ၁၉ သင်တို့ ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည်၊ လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက်ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှါ၎င်း၊ ဆိုးသောအမှု၌ကား အပြစ်ကင်းစေခြင်းငှါ၎င်း၊ ငါအလိုရှိ၏။ ၂၀ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် မကြာမမြင့်မှီ၊ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက်တော်မူမည်။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိပါစေသော်။


သင်တို့ကိုနှုတ်ဆက်ကြ၏

၂၁ ငါနှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသေမှစ၍၊ ငါ၏ အဆွေအမျိုးလုကိ(Lucius)၊ ယာသုန်(Jason)၊ သောတိပေတရု(Sosipater)တို့သည်၊ သင်တို့ကို နှုတ်ဆက်ကြ၏။ ၂၂ ဤစာကိုရေးသော​ကျွန်ုပ် တေရတိ(Tertius) သည်၊ သခင်ဘုရားကိုထောက်၍ သင်တို့ကို နှုတ်ဆက်ပါ၏။ ၂၃ ငါ့ကို၎င်း၊ သင်းဝင်သူ အပေါင်းတို့ကို၎င်း၊ လက်ခံ၍ ဧည့်သည်ဝတ်ကို ပြုတတ်သော ဂါယု(Gaius)၊ မြို့စာရေးဧရတ္တု(Erastus)၊ သင်တို့ညီကွာတု(Quartus)တို့သည်၊ သင်တို့ကို နှုတ်ဆက်ကြ၏။ ၂၄ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည်၊ သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။ ၂၅ ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင်၊ ယခုမှာ ထင်ရှားသည်ဖြစ်၍၊ ၂၆ လူမျိုးအပေါင်းတို့သည်၊ ယုံကြည်နားထောင် ကြမည်အကြောင်း၊ ပရောဖက်တို့၏ ကျမ်းစာလာသည်နှင့် အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း၊ ထိုသူတို့အားဖေါ် ပြရသော နက်နဲရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့် လျော်စွာ၊ ငါဟောသော ဧဝံဂေလိတရားတည်းဟူသော၊ ယေရှုခရစ်၏ အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကို မြဲမြဲခိုင်ခန့်စေခြင်းငှါ တတ်နိုင်တော်မူသောအရှင်၊ ၂၇ တဆူတည်းသာလျှင် ပညာနှင့်ပြည့်စုံတော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်

ရောမဩဝါဒစာပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.