၆၉ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ပေါ်ထွန်းသော မိမိသန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊
၂၁ ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် သက်သေခံသည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား တည်းဟူသော၊
၂၆ လူမျိုးအပေါင်းတို့သည်၊ ယုံကြည်နားထောင် ကြမည်အကြောင်း၊ ပရောဖက်တို့၏ ကျမ်းစာလာသည်နှင့် အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း၊ ထိုသူတို့အားဖေါ် ပြရသော နက်နဲရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့် လျော်စွာ၊ ငါဟောသော ဧဝံဂေလိတရားတည်းဟူသော၊ ယေရှုခရစ်၏ အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကို မြဲမြဲခိုင်ခန့်စေခြင်းငှါ တတ်နိုင်တော်မူသောအရှင်၊
၁၄ ယောဟန်သည် ထောင်ထဲသို့ ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊
၁၅ သို့သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းစေတော်မူသော၊ နှစ်သက်ဘွယ်ရာ ပူဇော်သက္ကာတည်းဟူသော၊ တပါးအမျိုးသားတို့ကို ပူဇော်ခြင်းငှါ၊ ငါသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို၊ ဟောပြောသောအမှုကို ဆောင်ရွက်၍၊
၁၅ သခင်ဘုရားကလည်း၊ ထိုသူကား တပါးအမျိုးသားတို့နှင့် ရှင်ဘုရင်ထံသို့၎င်း၊ ဣသရေလ အမျိုးသားတို့ ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ၊ ငါရွေးကောက်သော တန်ဆာဖြစ်၏။
၂ ထိုသူတို့သည် သခင်ဘုရား ဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက်စေခြင်းငှါ၊ ဗာနဗနှင့် ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊
၁၅ သို့သော်လည်း၊ ငါ့ကို အမိဝမ်းထဲကပင် ရွေးချယ်ခွဲထား၍၊ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊
၁၀ အကြောင်းမူကား၊ ယခုတွင် ငါသည် လူ၏အလိုသို့ လိုက်သလော၊ ဘုရားသခင်၏ အလိုတော်သို့ လိုက်သလော၊ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန် မဟုတ်ပြီ။
၇ သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသောဆရာ တည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြ (Epaphras)သည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည်ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်၊ကို မှန်ကန်စွာ ဝန်ခံသောနေ့မှစ၍၊ ထိုသို့သောအကျိုးရှိ၏။
၇ ဘုရားသခင်၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန်ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ် (Tychicus)သည်ငါ ၏အ ကြောင်းအရာရှိသမျှကို သင်တို့အား ဖေါ်ပြလိမ့်မည်။
၂၄ သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညှင်းစွာ ပြုသောသူ၊ ဆုံးမဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူ ဖြစ်ရမည်။
၃ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့၏ ယုံကြည်ခြင်း အလိုငှါ၎င်း၊ ဘုရားသခင်၏ ကျွန် တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊
၁ ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျွန်ငါယာကုပ်(James)သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။
၁ ယေရှုခရစ်၏ကျွန် တမန်တော် ငါရှိမုန်ပေတရုသည်၊ ကယ်တင်တော်မူသောအရှင်၊ ငါတို့ဘုရားသခင် ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ယုံကြည်သည်နည်းတူ၊ မြတ်စွာသော ယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ၏။
၁ ယေရှုခရစ်၏ ကျွန်ဖြစ်သော ယာကုပ်ညီ ငါယုဒ(Jude)သည်၊ ခမည်းတော် ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မ တော်မူသော သူတို့ကို ကြားလိုက်ပါ၏။
၁ ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်၊ မိမိအစေခံကျွန် တို့အား ပြစေခြင်းငှာ၊ ဘုရားသခင် အပ်ပေးတော်မူသော၊ ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန် ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။
၃ ထိုသူတို့သည် ဘုရားသခင်၏ကျွန်၊ မောရှေ၏သီချင်းနှင့် သိုးသငယ်၏ သီချင်းကိုသီ၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော၊ ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍၊ အံ့ဩဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည်၊ ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
၁၃ အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို၊ အဘယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို၊ လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။
၂၈ ဘုရားသခင်ကို ချစ်သောသူ တည်းဟူသော၊ ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကို၊ ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။
၂ ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍၊ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူ တည်းဟူသော၊ ကောရိန္သုမြို့၌ ရှိသောဘုရားသခင်၏ အသင်းတော်မှစ၍၊ ခပ်သိမ်းသောအရပ်၌ ငါတို့သခင် ယေရှုခရစ်ကို၊ ပဌနာပြုသောသူ အပေါင်းတို့ကို ကြားလိုက်ပါ၏။
၂၅ ထာဝရဘုရားသည် သင်၌ မျက်နှာတော် အလင်းကို လွှတ်၍၊ ကရုဏာကျေးဇူး ပြုတော်မူပါစေသော်။
၃ ထိုသခင်သည် ငါတို့၏ သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော၊ ဘုရားသခင့် အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော်။
sသင်တို့ကြောင့် ကျေးဇူးတော် အစဉ်ချီးမွမ်း
၂ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော်။
၃ သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော်။
၂ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော ဘုရားသခင့်အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော်။
၂ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော်။
s ပေါလုဖိလိပ္ပိအသင်းသားများအတွက် ဆုတောင်း
၂ ကောလောသဲမြို့၌ နေသောသန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သော ညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့်၊ ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော်။
၁ ပေါလု၊ သိလွာနု (Silvanus)၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့်၊ သခင်ယေရှုခရစ်၌ တည်ရှိသော၊ သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော ဘုရားသခင့် အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော််။
၂ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော၊ ဘုရားသခင့် အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော်။
၈ သင်တို့၏ ယုံကြည်ခြင်းအရာသည်၊ မြေတပြင်လုံး၌ အနှံ့အပြားကျော်စောသည်ဖြစ်၍၊ သင်တို့အကြောင်းကြောင့် ယေရှုခရစ်တော်အားဖြင့်၊ ငါ၏ဘုရားသခင် ကျေးဇူးတော်ကို ရှေ့ဦးစွာငါချီးမွမ်း၏။
၄ အထက်က ခရစ်တော်၏ သက်သေကို၊ သင်တို့တွင် တည်စေသည်ရှိသော်၊
၁၅ ထိုကြောင့် သင်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းနှင့်၊ သန့်ရှင်းသူ အပေါင်းတို့ကို ချစ်ခြင်း အကြောင်းကို၊ ငါသည် ကြားပြီးလျှင်၊
၃ ငါသည် ဆုတောင်းပဌနာ ပြုသောအခါခါ၊
၃ သင်တို့သည် ယေရှုခရစ်ကို ယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်။ ဟုငါတို့သည်ကြားသဖြင့်၎င်း၊
၂ ငါတို့အဘ တည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊
၁၃ ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို၊ သင်တို့သည် ခံယူကြသောအခါ၊ လူ၏ နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌၊ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို၊ ခံယူကြသည် အကြောင်းအရာကို ငါတို့သည်ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြ၏။
sသက်သာလောနိတ် အသင်းသားများ ယုဒယုံကြည်သူများကဲ့သို့ဖြစ်
၁၄ သို့သော်လည်း ဒိဌိ(sect)%fo(a)အယူဟူ၍ သူတို့ခေါ်တတ်သော ဘာသာအတိုင်း၊ အကျွန်ုပ်သည် မိစဉ်ဘဆက်ကိုးကွယ်သော ဘုရားသခင်ကို၊ ကိုးကွယ်သည်၊ ဟုရှေ့တော်၌ အကျွန်ုပ်ဝန်ခံပါ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းတို့၌ စီရင်ရေး ထားသမျှတို့ကို၊ အကျွန်ုပ်ယုံပါ၏။
၃ သင်၏မျက်ရည်ကို ငါအောက်မေ့သောအခါ၊ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံမည်အကြောင်း၊ သင့်ကို တွေ့မြင်ခြင်းငှာ အလွန်လွမ်းသော စိတ်ရှိသဖြင့်၎င်း၊
၅ အဘယ်သို့နည်းဟူမူကား၊ သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ချော့မော့သော စကားကို တခါမျှမသုံး၊ ဝှက်ထားသော လောဘစိတ် အလျှင်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့သက်သေ ဖြစ်တော်မူ၏။
s နို့ထိန်း(မိခင်)ကဲ့သို့ကျွေးမွေး
၁၂ ဘုရားသခင်သည်လည်း သက်သေဖြစ်တော်မူ၏။
s နှုတ်ကပတ်တရားကို ခံယူကြသောကြောင့် ချီးမွမ်း
၃၆ စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်း အလိုငှာ အသီးအနှံကို စုသိမ်း၏။ သို့ဖြစ်လျှင် ကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။
၁၆ သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည်သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည်သွား၍ တည်ကြည်သော အသီးကိုသီးမည် အကြောင်းနှင့်၊ ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာ တောင်းသမျှတို့ကို ရမည်အကြောင်း၊ သင်တို့ကိုငါခန့်ထား၏။
sလောကီသားတို့သည်သင်တို့ကိုမုန်း
၂၂ ဤကိုယ်ခန္ဓာ၌ ငါသည် အသက်ရှင်လျှင်၊ ငါပြုသောအမှု၏ အကျိုးကား၊ ထိုသို့သောအကျိုးဖြစ်၏။ သို့သော်လည်း အဘယ်အကျိုးကို ရွေးယူရမည်၊ ဟုငါမသိ။
၆ ထိုတရားသည် လောကီနိုင်ငံ တရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွားခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ ပင်ပြုတတ်၏။
၂၁ ထိုနောက်မှ ပေါလုက၊ ငါသည် မာကေဒေါနိပြည်နှင့် အခါယပြည်ကို လျှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့သို့ သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကို မြင်ရမည်၊ ဟုစိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊
၂၂ ထိုကြောင့်၊ သင်တို့ရှိရာသို့ ငါလာရသောအခွင့်မရှိ။ အဆီးအတားများလှပြီ။
၂၅ ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသော စိတ်မရှိစေမည်အကြောင်း တပါးအမျိုးသား အပေါင်းတို့သည် မဝင်မှီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွမ်းခြင်း အကြောင်းတည်းဟူသော၊ နက်နဲသောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
၁ ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုးတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ လျှောက်သွားကြသည်ဟူ၍၎င်း၊
၁ ညီအစ်ကိုတို့၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူး အကြောင်းများကို၊ မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
၈ ညီအစ်ကိုတို့၊ အာရှိပြည်၌ ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်၊ ဟုထင်ရ၍၊ မခံနိုင်အောင် အတိုင်းထက်အလွန် လေးသော ဆင်းရဲခံရကြောင်းကို၊ သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့အလိုမရှိ။
၁၃ ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမူအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။
၃၈ နောက်မီးလင်းသော%fo(c) ဤအမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်း ရှက်၏၊ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ၊ ထိုသူကို ရှက်တော်မူလတံ့။
%ln
၈ ထိုကြောင့်၊ ငါတို့ သခင်ဘုရား၏ သက်သေကို၎င်း၊ ထိုသခင်ကြောင့် အကျဉ်းခံရသောသူ ဖြစ်သော ငါကို၎င်း၊ ရှက်ကြောက်ခြင်း မရှိနှင့်။ ဘုရားသခင် ပေးတော်မူသော တန်ခိုးကို ရသည်အတိုင်း၊ ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခကို ခံလော့။
၁၂ ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်း မရှိ။ အဘယ်သူကို ငါယုံကြည်သည်၊ ဟုငါသိ၏။ သူ၌ ငါအပ်ထားသော အရာကိုလည်း၊ ထိုနေ့ရက် တိုင်အောင် စောင့်နိုင်တော်မူသည်၊ ဟုငါသဘောကျ၏။
၁၆ ထာဝရဘုရား၏ ကရုဏာတော်သည် ဩနေသိဖော် (Onesiphorus) ၏အိမ်၌ သက်ရောက်ပါစေသော်။ သူသည် ငါ့ကို အဖန်ဖန် သက်သာစေပြီ။ ငါ၌ သံကြိုး ချည်နှောင်လျက် ရှိသော်လည်း၊ သူသည် ရှက်ကြောက်ခြင်း မရှိဘဲ၊
၂၉ ငါ၏နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကိုထုချေသောသံတူကဲ့သို့၎င်း၊ ဖြစ်သည်မဟုတ်လောဟုထာဝရ ဘုရားမေးတော်မူ၏။
၁၆ ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှ သောသူအပေါင်းတို့ကို ကယ်တင်စေသော၊ ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။)
၁၈ အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ ရောက်သော သူတို့၌ လက်ဝါးကပ်တိုင်တော် တရားသည်၊ မိုက်သောတရား ဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သော ငါတို့၌၊ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။
sလောကီပညာကို မိုက်စေ
၂၄ သို့သော်လည်း၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ခေါ်တော်မူသော သူတို့၌ ဘုရားသခင်၏ တန်ခိုးတော်နှင့်၊ ဘုရားသခင်၏ ပညာတော် တည်းဟူသော၊ ခရစ်တော်၏ တရားဖြစ်၏။
s ဘုရား၏ ပညာတော်နှင့် ခေါ်တော်မူခြင်း
၄ ငါတို့စစ်တိုက်၍ သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက် မဟုတ်။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်၊ မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။
၄ စိတ်မြင့်သောသူသည် သဘောမဖြောင့်။ ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ ထိုမှတပါး၊ စပျစ်ရည်နှင့် ပျော်မွေ့သောသူ သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ်နေရာ၌ မနေနိုင်ဘဲ၊ မိမိလောဘကို မရဏာနိုင်ငံကဲ့သို ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိလျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုး အပေါင်းတို့ကို မိမိထဲသို့ ဆွဲငင်၍ စုဝေးစေ၏။
၁၁ တဖန်တုံ၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။
၃၈ ဖြောင့်မတ်သောသူသည်၊ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိ၊ ဟုဘုရားသခင် အမိန့်တော်ရှိ၏။
၂၁ ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် သက်သေခံသည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား တည်းဟူသော၊
၃၀ ထိုကြောင့်၊ အဘယ်သို့ ပြောရမည်နည်းဟူမူကား၊ ဖြောင့်မတ်ခြင်းကို မှီအောင်မလိုက်သော တပါးအမျိုးသားတို့သည်၊ ဖြောင့်မတ်ခြင်းကို မှီကြ၏။ ထိုသို့ဆိုသော် ယုံကြည်ခြင်းအားဖြင့် မှီသောဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။
၈ ထိုမျှမက ငါ၏သခင်ယေရှုခရစ်ကို သိသောပညာသည်
၄ သင်၏သားမြေးတို့သည် စိတ်နှလုံးအကြွင်းမဲ့ ငါရှေ့မှာ သမ္မာတရား ၌ ကျင်လည်ခြင်းငှာ မိမိတို့ သွားရာလမ်းကို သတိပြုလျှင် ဣသရေလနိုင်ငံ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏အမျိုး မင်းရိုး မပြတ်ရာဟု မိန့်တော်မူသော စကားတော်တည်၍ သင်သည် ပြုလေရာရာ သွားလေရာရာ၌ အောင်မြင်မည်အကြောင်း သင်၏ ဘုရားသခင် ထာဝရဘုရား၏ လမ်းတော်သို့လိုက်၍ မောရှေ၏ ပညတ္တိကျမ်း၌ ပါသော စီရင်ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ်တရားတော်တို့ကို စောင့်ရှောက်စေခြင်းငှာ မှာထားတော်မူသော စကားကို နားထောင်လော့။
sဒါဝိဒ်မင်းသည် ယွာဘ၊ ဗာဇိလဲနှင့် ရှိမိတို့နှင့် ဆိုင်သော အမှာစကား
၆ ရှောလမုန်ကလည်း ကိုယ်တော်၏ကျွန် အကျွန်ုပ်၏ အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့်၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်း တရားအတိုင်း ကျင့်သည်နှင့်အညီ၊ သူ၌များစွာသော ကျေးဇူးကို ပြုတော်မူပြီ။ ယနေ့တွင် ရှိသည်အတိုင်း သူ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောသားကို သူ့အား ပေးသနားတော်မူသဖြင့် သူ့အဖို့ ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။
၂၀ ထိုသို့ ဟေဇကိသည် ယုဒပြည် တရှောက်လုံးတွင် စီရင်၍၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သောအမှု၊ သမ္မာတရားအမှုတို့ကို ပြုတော်မူ၏။
၅ ကိုယ်တော်၏ သမ္မာတရားကိုပြ၍၊ အကျွန်ုပ်ကို သွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မြော်လင့်လျက် နေပါ၏။
၃ အကျွန်ုပ်သည် မေတ္တာ ကျေးဇူးတော်ကို မျက်မှောက်ပြု၍၊ သမ္မာတရား %fo(a)နှင့်အညီ ကျင့်ပါ၏။
၄ အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သမ္မာတရား %fo(a)နှင့် ညီကြ၏။
၃ ထာဝရ ဘုရားကို ခိုလှုံ၍ကောင်းသော အကျင့်ကိုကျင့်လော့။ ပြည်တော်၌နေ၍ သမ္မာတရားကို ကျက်စားလော့။
၄ သမ္မာတရား %fo(a)နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်း တရားကြောင့် အသရေ တော်ထင်ရှားလျက် အောင်မြင်၍ စီးသွားတော်မူပါ။ လက်ျာလက်တော်လည်း ကြောက်မက်ဘွယ်သော အရာကို ကိုယ်တော်အား ပြပါလိမ့်မည်။
၁၁ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏ သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကို ကြောက်ရွံ့မည့်အကြောင်း၊ အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော်မူပါ။
၃ ကရုဏာတရားနှင့် သမ္မာတရား %fo(a)ကို သင်နှင့်မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ ဆွဲထားလော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။
၇ ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာ ဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။
၆ ကရုဏာတရားနှင့်သမ္မာတရားအားဖြင့်အပြစ်ပြေတတ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သောသဘောအားဖြင့်ဒုစရိုက်ကိုရှောင်တတ်၏။
၂၀ သင်သည်သမ္မာတရားစကားစစ်ကိုသိမည်အကြောင်း နှင့်၊ သင့်ထံသို့စေလွှတ်သောသူတို့အား၊ သမ္မာစကားကိုပြန်ပြောနိုင်မည်အကြောင်းသတိပေးလျက်၊
၂၃ သမ္မာတရားကိုဝယ်လော့၊ မရောင်းနှင့်။ ပညာကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဥာဏ်သတ္တိကို၎င်းထိုအတူပြုလော့။
၃ အိုထာဝရဘုရား၊ ကိုယ်တော်သည် သမ္မာတရား %fo(a)ကို ထောက်ရှုတော်မူသည် မဟုတ်လော။ ကိုယ်တော်သည် ဒဏ်ခတ်တော်မူသော်လည်း သူတို့သည် ညှိုးငယ်သော စိတ်မရှိကြပါ။ ဖျက်ဆီးတော်မူသော်လည်း၊ သူတို့သည် ဆုံးမခြင်းကို ငြင်းပယ်ကြပါပြီ။ မိမိတို့မျက်နှာကို ကျောက်ထက်သာ၍ မာစေကြပါပြီ။ ငါတို့သည်ပြန်၍ မလာဟု ငြင်းဆန်လျက် နေကြပါပြီ။
sဆင်းရဲသားများသာမက လူကြီးများလည်း အတူတူ
၃ သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသာနှင့်တင်ကြ၏။ သမ္မာတရားကို အမှီမပြုဘဲ မြေကြီးပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှုကို ထပ်၍ ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၂ အပြစ်များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍၊ သမ္မာတရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏။
sသန့်ရှင်းရာဌာနကို တဖန်ဆေးကြောမည်
၁၃ မောရှေ၏ ပညတ္တိကျမ်းစာ၌ မှတ်သားသည်အတိုင်း၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကို ရှောင်၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှါ၊ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား ထံတော်၌ မတောင်းပန်ဘဲ နေကြပါပြီတကား။
၈ ဆောင်ခဲ့သဖြင့်၊ သူတို့သည် ယေရုရှလင်မြို့ထဲမှာ နေရကြလိမ့်မည်။ သမ္မာတရားနှင့်ဖြောင့်မတ်ခြင်းတရားအားဖြင့်၊ သူတို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်လိမ့်မည်။
၆ ထိုအမျိုးသည် သမ္မာတရားစကားကို ပြောတတ်၏။ သူ့နှုတ်၌ အပြစ်ကိုရှာ၍ မတွေ့။ ငြိမ်ဝပ်ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း၊ ငါနှင့်အတူ သွားလာ၍၊ များစွာသောသူတို့ကို ဒုစရိုက်အပြစ်မှ လွှဲရှောင်စေတတ်၏။
sယဇ်ပုရောဟိတ်နှုတ်၌ တရားတော်ရှာရမည်
၁၇ အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သမ္မာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။
၂၁ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှာ၊ အလင်းသို့ ချဉ်းကပ်သည်၊ ဟုဟောတော်မူ၏။
sယေရှုနှင့်ပတ်သက်၍ ယောဟန်ဟော
၂၃ ကိုးကွယ်သောသူ မှန်သမျှတို့သည်၊ ခမည်းတော်ကို ဝိညာဉ်နှင့်၎င်း၊ သမ္မာတရား %fo(b)နှင့်၎င်း၊ ကိုးကွယ်ရမည့် အချိန်ကာလသည်လာ၍၊ ယခုပင် ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ ကိုးကွယ်သောသူတို့ကို၊ ခမည်းတော်သည် အလိုရှိတော်မူ၏။
၃၃ သင်တို့သည် ယောဟန်ထံသို့ စေလွှတ်ကြ၏။ သူသည် သမ္မာတရားဘက်၌ သက်သေခံ၏။
၃၂ သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်၊ ဟုယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။
၄၀ ဘုရားသခင့် အထံတော်၌ ကြားရသော သမ္မာတရားကို သင်တို့အား ဟောပြောသောသူ တည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူ ကျင့်သည်မဟုတ်။
၄၄ သင်တို့သည် သင်တို့၏ အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကို သတ်သောသူဖြစ်၏။ သူ၌ သမ္မာတရား %fo(b) မရှိသောကြောင့် သမ္မာတရား%fo(b)၌ မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။
sယေရှုကို နတ်ဆိုးစွဲသူဟုစွပ်စွဲ
၆ ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
၁၆ ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော်တည်းဟူသော၊ တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ၊ သင်တို့အား ပေးတော်မူမည်။
၂၆ ခမည်းတော်ထံမှ ထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။
၁၃ သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သော အရာတို့ကိုလည်း သင်တို့အား ဖေါ်ပြလိမ့်မည်။
၁၇ ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။
၃၇ ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်မှန်သလော၊ ဟုမေးသော်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှါ ငါသည်မွေးဖွားခြင်းကိုခံ၍၊ ဤလောကသို့ကြွလာပြီ။ သမ္မာတရားနှင့် စပ်ဆိုင်သမျှသောသူတို့သည်၊ ငါ့စကားကို နားထောင်ကြသည်။ ဟုမိန့်တော်မူ၏။
၂၅ ပေါလုကလည်း၊ မြတ်တော်မူသော ဖေတ္တုမင်း၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ။ သမ္မာတရားနှင့်၎င်း၊ ကောင်းသောစိတ်နှင့်၎င်း၊ ယှဉ်သောစကားကိုပြောပါ၏။
၁၈ သမ္မာတရားကို အဓမ္မဖြင့်ဆီးတား နှိပ်စက်သောသူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်းအမှု အမျိုးမျိုးတို့တဘက်၌၊ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။
၂ ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို၊ စီရင်တော်မူခြင်းအရာသည်၊ သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ၏။
၈ ငြင်းဆန်သော သဘောရှိ၍၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသောဒေါသ အမျက်ထွက်တော်မူလတံ့၊
၂၀ လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကို၎င်း၊ သမ္မာတရားကို၎င်း၊ ရိပ်မိသောသူ ဖြစ်သည်ဟူ၍၊ ကိုယ်ကို ထင်မှတ်တတ်သည်မှန်လျှင်၊
၆ မတရားသောအမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။
၂ ဆိတ်ကွယ်ရာအရပ်၌ ပြုသော ရှက်ဘွယ်သော အမှုများကို ပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်းမရှိ၊ သမ္မာတရားကို အတည့်အလင်းဖေါ်ပြ၍၊ ဘုရားသခင့် ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်ထင်အတိုင်း၊ ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။
၇ သမ္မာတရားကို ဟောခြင်း၊ ဘုရားသခင်၏ တန်ခိုးတော်ကိုပြခြင်း၊ ဖြောင့်မတ်သော အကျင့်တည်းဟူသော လက်နက်များကို လကျ်ာဘက်လက်ဝဲဘက်၌ ဝတ်ဆောင်ခြင်းအားဖြင့်၎င်း၊
၁၀ ခရစ်တော်၏ သမ္မာတရားသည်%fo(d) ငါ၌ ရှိသည်ဖြစ်၍၊ အခါယပြည်(Achaia) များတို့၌ ၊ ဤသို့ငါဝါကြွားသည်အမှုကို၊ အဘယ်သူမျှ မဆီးတားရ။
၈ ငါတို့သည် သမ္မာတရား ကို ဆီးတားခြင်းငှါ အလျှင်းမတတ်နိုင်ကြ။
၁ ပညာမဲ့သော ဂလာတိလူတို့၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုခရစ်တော်ကို၊ သင်တို့မျက်မှောက်၌ ထင်ရှားစွာ ပြပြီးသည်ဖြစ်၍၊ သမ္မာတရားကို နားမထောင်စေခြင်းငှါ၊ သင်တို့ကို အဘယ်သူ ပြုစားသနည်း။
၁၆ ယခုမူကား၊ ငါသည် သမ္မာတရားကို သင်တို့အား ဟောပြောသောကြောင့်၊ သင်တို့၏ ရန်သူဖြစ်သလော။
၇ အထက်က သင်တို့သည် ကောင်းမွန်စွာပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရားကို နားမထောင်စေခြင်းငှါ၊ အဘယ်သူ ဆီးတားသနည်း။
၁၃ သင်တို့သည်လည်း၊ ကယ်တင်တော်မူခြင်း အကြောင်းနှင့် ယှဉ်သော၊ ဧဝံဂေလိတရား တည်းဟူသော၊ သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ကတိတော်နှင့် ယှဉ်သော၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရကြပြီ။
၁၅ မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသော ခရစ်တော်မှာ၊ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။
၂၄ ယေရှု၌ သမ္မာတရားရှိသည်နှင့် အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။
s
၈ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါး နှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသော သတင်းတပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို၎င်း၊ နှလုံးသွင်းကြလော့။
၄ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို၊ သင်တို့သည် အထက်က ကြားသိကြသည်အတိုင်း၊ သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားသော၊ မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ် ဆုတောင်း၍၊
၁၀ ပျက်စီးခြင်းသို့ ရောက်သောသူတို့တွင်၊ မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့်၎င်း၊ လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ၊ သမ္မာတရား၌ မွေ့လျော်သောစိတ်ကို မခံမယူကြ။
၄ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင် အလိုတော်ရှိ၏။
၇ ငါသည် ထိုသက်သေခံသောသူ အရာ၌၎င်း၊ တမန်တော်အရာ၌ ၎င်း၊ ယုံကြည်ခြင်းတရားနှင့် သမ္မာတရားကို တပါးအမျိုးသားတို့အား ဟောပြောသော ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူသောသူ ဖြစ်သည်၊ ဟုငါဆိုသော်၊ မုသာစကားကိုမဆို၊ မှန်သောစကားကိုဆို၏။
s မိန်းမတို့နေထိုင်ကျင့်သုံးမည့်အရာများ
၁၅ သင်သည် ဘုရားသခင်၏ အိမ်တော်၌ အဘယ်သို့ ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှာ၊ ဤသို့ငါရေး၍ ပေးလိုက်၏။ ထိုအိမ်တော်ကား၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ အသင်းတော်ဖြစ်၏၊ ထိုအသင်းတော်ကား၊ သမ္မာတရား၏ တိုင်ဖြစ်၏။ သမ္မာတရား၏ အုပ်မြစ်လည်းဖြစ်၏။ %fo(a)
sဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ
၃ မင်္ဂလာဆောင်ခြင်း အမှုကိုမပြုရ ဟူ၍၎င်း၊ ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည်၊ ကျေးဇူးတော်ကို သိသောစိတ်နှင့်တကွ သုံးဖို့ရာ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကို ရှောင်ရမည်ဟူ၍၎င်း၊ ပညတ်ထားကြလိမ့်မည်။
၅ စိတ်နှလုံးယိုယွင်း၍ သမ္မာတရားနှင့် ကင်းသောသူတို့၏ အချည်းအနှီး ဆွေးနွေးခြင်း ဖြစ်တတ်၏။ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည်၊ အကျိုးစီးပွားဖြစ်သည်၊ ဟုသူတို့သည် စိတ်ထင်ကြ၏။ ထိုသို့သော သူတို့ကို ရှောင်လော့။
s စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက် နေကြကုန်အံ့
၁၅ သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာ အကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှာ၊ ကြိုးစားအားထုတ်လော့။
၁၈ သူတို့က၊ သေလွန်သောသူတို့သည် ထမြောက်ကြပြီ၊ ဟုပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍၊ အချို့သောသူတို့၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏။
၂၅ ဆီးတား၊ ငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှာ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊
၇ အထူးထူး အပြားပြားသော လောဘ ကိလေသာ သွေးဆောင်ရာသို့ လိုက်၍၊ အစဉ်သင်သော်လည်း၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဖမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။
၄ သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။
၂ ငါ၌ အပ်ထားသော တရားဟောခြင်းအခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသော အရာနှင့်စပ်ဆိုင်သော၊ ထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ၎င်း၊
၁၃ ဤသက်သေမှန်၏။ ထိုကြောင့်၊ သူတို့သည် ယုဒဒဏ္ဍာရီစကားကို၎င်း၊ သမ္မာတရားကို စွန့်သောလူတို့၏ ပညတ်တို့ကို၎င်း၊
၂၆ အကြောင်းမူကား၊ သမ္မာတရားကိုသိပြီးမှ၊ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ၊
၁၈ ဖန်ဆင်းသောသတ္တဝါ%fo(a)တို့တွင် ငါတို့သည် အဦးသီးသော အသီးကဲ့သို့ ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း၊ ငါတို့ကိုဖြစ်ပွားစေတော်မူ၏။ %fo(b)
၁၄ သို့မဟုတ် သင်တို့စိတ်ထဲမှာ ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိလျှင်၊ သမ္မာတရားကို မုသာဖြင့်ဆန်၍ မဝါကြွားကြနှင့်။
၁၉ ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သော သူသည် သမ္မာတရားလမ်းမှ လွဲသွား၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊
၂၃ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော၊ အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရား သခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွား(မွေးဖွား) သောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှါ၊ စိတ်ထဲမှာသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ၊ စင်ကြယ်သော စိတ်နှင့်အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။
၁၂ ထိုကြောင့်၊ ယခုဟောပြောသော သမ္မာတရားကို သင်တို့သည်နားလည်၍၊ တည်ကြည်ခြင်းရှိသော်လည်း၊ ဤသို့သော စကားများနှင့် သင်တို့အား အစဉ်မပြတ် သတိပေးမည်အမှုကို ငါမမေ့မလျော့။
၂ သူတို့ညစ်ညူးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရေသည် ပျက်စီးလိမ့်မည်။
၆ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာဖွဲ့ပြီ၊ ဟုဆိုလျက်ပင်၊ မှောင်မိုက်၌ ကျင်လည်လျှင်၊ သမ္မာတရားကိုမကျင့်၊ မုသာကို သုံးသောသူဖြစ်ကြ၏။
၂၁ သမ္မာတရားကို သင်တို့မသိသောကြောင့်၊ ငါရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သမ္မာတရားကို၎င်း၊ မုသာရှိသမျှတို့သည် သမ္မာတရားနှင့် မသက်ဆိုင်သည်ကို၎င်း၊ သိသောကြောင့် ငါရေး၍ပေးလိုက်၏။
၁၉ ထိုသို့ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရားနှင့်ဆိုင်သည်ကိုကိုယ်သိရ၍၊ ဘုရားသခင့်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကိုသက်သာစေကြလိမ့်မည်။
၆ ထိုသခင်ကား၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း၊ ကြွလာသောသူတည်းဟူသော ယေရှုခရစ်ပေတည်း။ ရေအားဖြင့်သာမဟုတ်။ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း၊ ကြွလာတော်မူ၏။ သက်သေခံဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရား ဖြစ်၍သက်သေခံတော်မူ၏။
၁ အသက်ကြီးသူသည် မြတ်သောသခင်မကို၎င်း၊ သားသမီးတို့ကိုကို၎င်း ကြားလိုက်ပါ၏။ ငါတို့၌ တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတံ့သော သမ္မာတရားကြောင့်၊
၃ သင်သည် သမ္မာတရား၌ ကျင်လည်သည်အတိုင်း၊ သင်၌ ရှိသော သမ္မာတရား၏ အကြောင်းကို၊ ညီအစ်ကိုတို့ သည်လာ၍ သက်သေခံကြသော အခါ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်းရှိ၏။
၈ ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။
s အသင်းတော်၌ အကဲအမှုးလုပ်ချင်သူရှိ
၁၈ သမ္မာတရားကို အဓမ္မဖြင့်ဆီးတား နှိပ်စက်သောသူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်းအမှု အမျိုးမျိုးတို့တဘက်၌၊ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။
၁၂ ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလ အပေါင်းအသင်း၌မဝင်၊ ဂတိတော်ပါသော ပဋိညာဉ်တရားတို့နှင့်မဆိုင်၊%fo(a) မျှော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့နေကြသည်ကို၎င်း၊ အောက်မေ့ကြလော့။
sလူမျိုးနှစ်မျိုးကို ရန်ငြိမ်းစေ၍ တလုံးတ၀တည်းဖြစ်စေ
၁၂ ငါတို့သည် မြော်လင့်လျက်၊ ဘုရားမဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊
၃ ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ ရှိသမျှသည် အထက်က၊ ကိုယ်ကာယ၏ အလိုသို့၎င်း၊ စိတ်၏အလိုသို့၎င်း၊ လိုက်သဖြင့်၊ ကာမဂုဏ်တို့၌ ကျင်လည်သည် ဖြစ်၍၊ ကြွင်းသော သူတို့ကဲ့သို့ပင်၊ ပကတိအတိုင်း အမျက်တော်ကို၊ ခံရသောသူ ဖြစ်ကြ၏။
s ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ကြ
၆ လျှပ်ပေါ်သောစကားဖြင့်၊ အဘယ်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည်၊ ငြင်းဆန်တတ်သော သူတို့အပေါ်သို့ သင့်ရောက်ပေ၏။
၆ ထိုအမှုများကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်သောသူ တို့အပေါ်၌ သင့်ရောက်ပေ၏။
၁၇ သို့သော်လည်း၊ သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့် ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ မိုးကောင်းကင်မှ မိုးရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကို ပေးတော်မူသောအားဖြင့်၊ ကိုယ်တော် ရှိတော်မူသည်ကို သက်သေမခံဘဲ နေတော်မမူ၊ ဟုပေါလုနှင့် ဗာနဗသည် ကြွေးကြော်လေ၏။
၂၄ လောကဓါတ်မှစ၍ လောကဓါတ်၌ ရှိ လေသမျှသော အရာတို့ကို၊ ဖန်ဆင်းတော်မူသော ဘုရားသခင်သည်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည် မဟုတ်။
၇ သားမျိုးနှင့် မိုးကောင်းကင်ငှက်တို့ကို မေးမြန်းလော့။ သူတို့သည် ဟောပြောသွန်သင် ကြလိမ့်မည်။
၁ မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍၊ မိုးမျက်နှာကျက်သည် လက်တော်နှင့် လုပ်သော အရာများကို ပြသ၏။
၂၁ အိုမျက်စိရှိလျက်နှင့်မမြင်၊ နားရှိလျက်နှင့်မကြား၊ ဥာဏ်မဲ့သောလူမိုက်တို့၊ နားထောင်ကြလော့။
၁၅ ထိုမုဆိုးမသည် သွား၍ ဧလိယ စကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့သည် အင်တန် ကာလပတ်လုံး စားရကြ၏။
၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ထံမှဝေးစွာထွက်သွား၍၊ အနတ္တလမ်းသို့လိုက်လျက်၊ အနတ္တသက်သက်ဖြစ်ရမည်အကြောင်း၊ ငါ၌အဘယ်မည်သောအပြစ်ကို တွေ့ကြသနည်း။
၁၇ ထိုကြောင့် ကြွင်းသော တပါးအမျိုးသား တို့သည်၊ လျှပ်ပေါ်သောစိတ်နှင့် ကျင့်သည်နည်းတူ၊ သင်တို့သည် နောက်တဖန် မကျင့်မည်အကြောင်း၊ သခင် ဘုရားအခွင့်နှင့် ငါမှာလိုက်၏။
၁၄ လူမည်သည်ကား၊ မိမိဥာဏ်အားဖြင့် တရစ္ဆာန်ကဲ့သို့ ဖြစ်၏။ ရုပ်တုကို သွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသော ရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။
၂၀ ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာ ရှိသနည်း။ ပြဿနာ၌ လေ့ကျက်သော ဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။
၁၉ သူတို့သည် ဟောရပ် တောင်နားမှာ နွားသငယ်ကိုလုပ်၍၊ အရည်သွန်းသော ရုပ်တုကို ပြပ်ဝပ် ကိုးကွယ်ကြ၏။
၁၁ အခြားတပါးသောလူမျိုး ကိုးကွယ်သော ဘုရားသည် ဘုရားမဟုတ်သော်လည်း၊ ပြောင်းလဲဘူးပြီလော။ ငါ၏လူမျိုးသည် ကျေးဇူးမပြုနိုင်သောအရာဘို့၊ မိမိတို့ဘုန်းကို ပြောင်းလဲကြပြီတကား။
၂၉ ထိုသို့ငါတို့သည် ဘုရားသခင်၏ အမျိုးအနွယ်ဖြစ်လျက်နှင့်၊ လူတို့အတတ် အကြံအစည်အားဖြင့် ထုလုပ်သောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်၊ ဟုမထင်မမှတ်အပ်။
၂၆ ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို၊ ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက်ထုံးစံကို လိုက်ကြ၏။
၂၈ ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သောအမှုကို ပြုစေမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကိုမောဟ(အကျင့်ပျက်ခြင်း) လက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊
၁၉ ထိုသူတို့သည် ရှက်ကြောက်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့်၊ ညစ်ညူးသော အကျင့်အမျိုးမျိုးကို၊ ကြိုးစား၍ ကျင့်လိုသောငှါ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။
၂၀ သူသည် မီးဖိုပြာကို ကျက်စားတတ်၏။ မိုက်သောစိတ်နှင့် လမ်းလွှဲပြီ။ ထို့ကြောင့် ကိုယ်ဝိညာဉ်ကို ကိုယ်မချွတ်နိုင်။ မိမိလက်ျာလက်၌ မိစ္ဆာဒိဌိပါသလော၊ ဟုမအောက်မေ့ နိုင်ပါတကား။
၁၄ လူမည်သည်ကား၊ မိမိဥာဏ်အားဖြင့် တရစ္ဆာန်ကဲ့သို့ ဖြစ်၏။ ရုပ်တုကို သွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသော ရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။
၂၅ သင်သည် ငါ့ကို မေ့လျော့၍၊ မုသာ၌ မှီဝဲဆည်းကပ်သောကြောင့်၊ သင့်အဘို့ ငါတိုင်းထွာ၍ ပေးလတံ့သော အငန်းအတာကား ဤသို့တည်း။
၁၉ တောင်ဘက်မြို့တို့ကို ပိတ်ထား၍ အဘယ်သူမျှမဖွင့်ရ။ ယုဒပြည်သူပြည်သား အပေါင်းတို့ကို သိမ်းသွားကြပြီ။ အကုန်အစင် သိမ်းသွားကြပြီ။
၄ အဆင်းလှ၍ ပြုစားတတ်လျက်၊ မတရားသောမေထုန်အမှုနှင့် စုန်းမအတတ်အားဖြင့်၊ လူအမျိုးမျိုးအနွယ်နွယ်တို့ကို ကုန်သွယ်လုပ်တတ်သော ပြည်တန်ဆာမိန်းမသည် မတရားသောမေထုန်ကို ပြုဖန်များပြားသောကြောင့်၊
၂၉ သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကိုမြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊
၅ ထိုကြောင့်မတရားသောမေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ ရုပ်တုကို ကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်း တည်းဟူသော၊ မြေကြီးပေါ်မှာ ရှိသောသင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့။
၃ ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှါ၎င်း၊
၁၀ ဘုရားကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူ၊ မသန့်ရှင်းသောသူ၊ ဘုရားတရားကို မရိုမသေပြုသောသူ၊ မိဘကို ညှဉ်းဆဲသောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ယောကျ်ားချင်း မေထုန်ကိုပြုသောသူ၊ လူကိုခိုးသွားသောသူ၊ မုသာစကားကို သုံးသောသူ၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုသောသူမှစ၍၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက် ဖြစ်သမျှတို့အဖို့၊ ပညတ်တရားကို ထားသည်၊ ဟုသိမှတ်၍၊ ထိုတရားကို တရားသဖြင့် သုံးသောသူ၌ ပညတ်တရားသည် အကျိုးကို ပေးတတ်သည်၊ ဟုငါတို့သိကြ၏။
၇ ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ မှစ၍ပတ်ဝန်းကျင်၌ ရှိသော(အာဒမာမြို့၊ ဇေဘိုင်မြို့) မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့၊ မတရားသောမေထုန်ကို အလွန်ပြု၍၊ ကိုယ်ခင်ပွန်း မဟုတ်သောသူ(strange flesh ကောင်းကင်တမန်) တို့နှင့်မှားယွင်းခြင်းအမှု၌ ၊ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့် ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေ ထင်ရှားလျက် ရှိကြ၏။
s အဓ္ဓမလူတို့သည်နားမလည်သောအရာတို့ကိုကဲ့ရဲ့တတ်
၁၂ သင်တို့ပင်ပန်းခြင်း၊ အမှုဆောင်ရွက်ခြင်း၊ ရန်တွေ့ခြင်း ဝန်ကို ငါတယောက်တည်း အဘယ်သို့ ထမ်းနိုင်မည်နည်း၊
၂၀ လူတို့ပြုတတ်သော ပရိယာယ်နှင့် ကင်းလွတ်စေခြင်းငှါ ကျိန်းဝပ်တော်မူရာ အတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူပါ။ ရန်တွေ့ခြင်း အသံကို ကွယ်ကာလျက် တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏။
၁၀ မာနကြောင့်သာ ရန်တွေ့ခြင်း ဖြစ်၏။ သတိပေးသောစကားကို နားခံသောသူမူကား ပညာရှိ၏။
၁၉ ရန်တွေ့ခြင်း ကိုနှစ်သက်သောသူသည်လွန်ကျူးခြင်းကိုလည်းနှစ် သက်တတ်၏။ မိမိတံခါးကိုချီးမြှင့်သောသူသည်ပျက်စီးခြင်းကိုရှာတတ်၏။
၁၉ အငြိုးထားသောညီအစ်ကိုသည်ခိုင်ခံ့သောမြို့ထက် သာ၍ခက်၏။ ညီအစ်ကိုရန်တွေ့ခြင်း အမှုသည်ရဲတိုက်တံခါးကျင်ကဲ့သို့ဖြစ်၏။
၃ ရန်တွေ့ခြင်း ကိုငြိမ်းစေသောသူသည်ဂုဏ်အသရေရှိ၏။ မိုက်သောသူမူ ကား၊ အမှုနှင့်ရောနှောတတ်၏။
၁၀ မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြုလျှင်ရန်မာန်လည်းထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်း နှင့် ကဲ့ရဲ့ခြင်းလည်းငြိမ်းလိမ့်မည်။
၂၉ အဘယ်သူသည်ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည်ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည်ရန်တွေ့ခြင်း ရှိသနည်း။ အဘယ်သူသည်မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည်အကျိုးအကြောင်းမရှိ၊ ထိခိုက်၍နာခြင်းရှိသနည်း။ အဘယ်သူသည်မျက်စိနီခြင်းရှိသနည်းဟုမူကား၊
၃ မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့် ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက် ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်း ကိုလည်း၊ အဘယ်ကြောင့် လူချင်းပြုရပါသနည်း။
၂၉ သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကိုမြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊
၁၃ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ ကဲ့သို့တင့်တယ်လျောက်ပတ်စွာ၊ ကျင့်ဆောင်ပြုမူကြကုန်အံ့။
၁၁ အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်း ရှိသည်ကို၊ ခလောဣအိမ်သား အချို့တို့သည်ပြောကြ၏။
၃ ယခုပင်လည်း၊ ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိလူ ဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။
၂၀ သူတပါးသည် သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ်ခြင်းကိုပြုလျှင်၊ သင်တို့သည် သည်းခံကြ၏။
၂၀ ငါရောက်လာသောအခါ၊ သင်တို့သည် ငါနှစ်သက်သောသူမဖြစ်၊ ငါသည်လည်း သင်တို့မနှစ်သက်သောသူ ဖြစ်မည်ဟူ၍၎င်း၊ သင်တို့၌ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ သူ့အသရေကို ရှုတ်ချခြင်း၊ ချောစားခြင်း၊ မာနထောင်လွှားခြင်း၊ အချင်းချင်းအမှုလုပ်ခြင်း ဖြစ်မည်ဟူ၍၎င်း၊
၂၀ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊
၄ မာနနှင့်ယစ်မူး၍ အလျှင်းနားမလည်ဘဲ၊ ပုစ္ဆာအမေးကိုဆွေးနွေး၍ စကားကြောင့်သာ ငြင်းခုံသောအားဖြင့်၊ စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကို ရှုတ်ချခြင်း၊ မနာလိုသော ကြံစည်ခြင်း၊
၂ အဘယ်သူကိုမျှ မကဲ့ရဲ့၊ ရန်တွေ့ခြင်း ကိုမပြု၊ ဖြည်းညှင်းသော သဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်းနူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှါ၎င်း၊ သတိပေးလော့။
၉ မိုက်မဲသော ပုစ္စာအမေးတို့ကို၎င်း၊ ဆွေစဉ်မျိုးဆက်စာရင်းတို့ကို၎င်း၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း၊ တိုက်လှန်ခြင်းတို့ကို၎င်း၊ ရှောင်လော့။ အကြောင်းမူကား၊ ထိုအရာတို့သည် အကျိုးမရှိ။ အချည်းနှီး သက်သက်ဖြစ်ကြ၏။
၁၄ သို့မဟုတ် သင်တို့စိတ်ထဲမှာ ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိလျှင်၊ သမ္မာတရားကို မုသာဖြင့်ဆန်၍ မဝါကြွားကြနှင့်။
၁၆ အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာပြုမူခြင်း အမျိုးမျိုးရှိတတ်၏။
၁ သင်တို့တွင် တိုက်ခိုက်ခြင်း၊%fo(a) ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့် ဖြစ်သနည်း။ သင်တို့အင်္ဂါများ၌ စစ်ပြိုင်သော ကိလေသာ ကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော။