-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၂၁


ငါးပြန်ဖမ်းသောတပည့်တော်များထံယေရှုလာ

တဖန်ယေရှုသည် တိဗေရိအိုင်နားမှာ၊ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူ ကား၊ ရှိမုန်ပေတရုနှင့် ဒိဒုမုဟုအမည်ရှိသော သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သားနှစ်ယောက်၊ အခြားသော တပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ၏။ ရှိမုန်ပေတရုက၊ အ​ကျွန်ုပ်သည် ငါးဖမ်းသွားမည်၊ ဟုဆိုလျှင်၊ ထိုသူတို့က၊ အ​ကျွန်ုပ်တို့လည်း လိုက်မည်၊ ဟုပြောဆိုသည်နှင့်၊ ထွက်သွားကြ၏။ ချက်ချင်း လှေထဲသို့ဝင်၍ ထိုညတွင် တကောင်ကိုမျှ မရကြ။ နံနက်ရောက်သောအခါ ယေရှုသည် ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။ ယေရှုကလည်း ချစ်သားတို့၊ စားစရာတစုံတခု ရှိသလော၊ ဟုမေးတော်မူလျှင်၊ မရှိပါ၊ ဟုပြန်ပြောကြ၏။ တဖန်ယေရှုက၊ လှေလက်ျာဘက်၌ ပိုက်ကွန်ကို ပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်၊ ဟုမိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍ များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုစွဲ၍ မရနိုင်။ [A] ထိုအခါ ယေရှုချစ်တော်မူသော တပည့်တော်က၊ ငါတို့သခင်ပေတည်း၊ ဟုပေတရုအားပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကိုမခြုံဘဲရှိလျက်၊ အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍၊ အိုင်ထဲသို့ ဆင်းလေ၏။ အခြားသော တပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေး အလံငါးဆယ်လောက် ကွာသည်ဖြစ်၍၊ ငါးများနှင့်ပိုက်ကွန်ကို ဆွဲငင်လျက် လှေစီး၍ လာကြ၏။


ယေရှုကတပည့်တော်များကိုဧည့်ခံ

ကုန်းပေါ်သို့ ရောက်သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသောငါးကို၎င်း၊ မုန့်ကို၎င်းတွေ့မြင်ကြ၏။ ၁၀ ယေရှုကလည်း ယခုရသောငါးအချို့ကို ယူခဲ့ကြ၊ ဟုမိန့်တော်မူ၏။ ၁၁ ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတရာငါးဆယ့်သုံးကောင် နှင့်ပြည့်လျက်ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်လေ၏။ ထိုမျှလောက်များသော်လည်း ပိုက်ကွန်သည် မစုတ်ပြတ်ရှိ၏။ ၁၂ ယေရှုကလည်းလာ၍၊ နံနက်စာကို စားကြလော့၊ ဟုမိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့်၊ ကိုယ်တော်သည် အဘယ်သူနည်းဟူ၍ တစုံတယောက်မျှ မမေးမလျှောက်ဝံ့ကြ။ ၁၃ ယေရှုသည်လာ၍ မုန့်နှင့်ငါးကိုယူပြီးလျှင် သူတို့အားပေးတော်မူ၏။ ၁၄ ထိုပြတော်မူခြင်းကား၊ ယေရှုသည် သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့အား ကိုယ်ကိုသုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။


ယေရှုကပေတရုကိုသုံးကြိမ်ချစ်သလောဟုမေး

၁၅ နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သားရှိမုန်၊ ဤသူတို့သည် ငါ့ကိုချစ်သည်ထက် သင်သည်သာ၍ ချစ်သလော၊ ဟုရှိမုန်ပေတရုအား မိန့်တော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အ​ကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏၊ ဟုလျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို​ ကျွေးမွေးလော့၊ ဟုမိန့်တော်မူ၏။ ၁၆ တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော၊ ဟုဒုတိယအကြိမ် မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကိုအ​ကျွန်ုပ် ချစ်သည်ကို ကိုယ်တော်သိတော်မူ၏၊ ဟုလျှောက်သော်၊ ငါ၏သိုးတို့ကို ထိန်းလော့၊ ဟုမိန့်တော်မူ၏။ ၁၇ ယေရှုကလည်း ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော၊ ဟုတတိယအကြိမ်မေးတော်မူလျှင်၊ သင်သည် ငါ့ကိုချစ်သလော၊ ဟုသုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့်၊ ပေတရုသည် စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ ဟုလျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။ ၁၈ ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသောအသက်ရှိစဉ် ကိုယ်ကိုကိုယ် ပတ်စည်း၍၊ အလိုရှိရာအရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဖက်ကိုဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကိုပတ်စည်း၍၊ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၉ ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သော သေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့၊ဟုပေတရုအား မိန့်တော်မူပြန်၏။


ယောဟန်မသေဟုပြောဆိုကြ

၂၀ ယေရှုချစ်တော်မူ၍ အထက်က ညစာစားသောအခါ၊ ရင်တော်ကိုမှီ၍လျောင်းလျက်၊ [B]သခင်၊ ကိုယ်တော်ကို အပ်နှံသောသူကား အဘယ်သူနည်း၊ ဟုမေးသောတပည့်တော်သည်လည်း၊ နောက်တော်သို့ လိုက်သည်ကို ပေတရုသည်လှည့်၍မြင်လျှင်၊ ၂၁ သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်း၊ ဟုမေးလျှောက်သော်၊ ၂၂ ယေရှုက၊ ငါကြွလာသည် ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင်၊(a) သင်သည် အဘယ်သို့ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့လိုက်လော့၊ ဟုမိန့်တော်မူ၏။ ၂၃ ထိုစကားတော်ကို ထောက်လျှင်၊ ညီအစ်ကိုတို့က၊ ထိုတပည့်တော်သည် မသေရ၊ ဟုအနှံ့အပြားပြောဆိုကြ၏။ သို့သော်လည်း ထိုသူသည် မသေရ၊ ဟုယေရှုမိန့်တော်မူသည် မဟုတ်၊ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင်၊ သင်သည် အဘယ်သို့ဆိုင်သနည်း၊ ဟုမိန့်တော်မူသတည်း။ ၂၄ ထိုတပည့်တော်ကား၊ ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူဖြစ်၏။ ၂၅ သူ၏သက်သေခံချက်မှန်သည်ကို ငါတို့သိကြ၏။ ယေရှုပြုတော်မူသော အခြားအမှုအရာအများရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်၊ ဟုထင်မှတ်ခြင်းရှိ၏။

ရှင်ယောဟန်ခရစ်ဝင်ပြီး၏။

_________________________
Footnotes


၂၂ (a) ယေရှုက၊ ငါကြွလာသည် ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင် ဟုဆိုသောကြောင့်၊ ထိုတပည့်တော်သည် မသေရ၊ ဟုအနှံ့အပြားပြောဆိုကြ၏။ သို့ဖြစ်လျှင် ထိုတပည့်တည်းဟူသော ယောဟန်သည် ယေရှုကြွလာသည့်တိုင်အောင် အသက်ရှင်သလော။ ယေရှုသည် မကြွလာသေးပါ။ ယောဟန်သည် သေခဲ့ပြီ။ သို့ဖြစ်လျှင် ဘာကိုဆိုလိုသနည်း။ ယောဟန်သည် သခင်ယေရှုကြွလာခြင်းကို ရူပါရုံအားဖြင့် မြင်ခဲ့၍ ဗျာဒိတ်ကျမ်းရေးခဲ့ခြင်း ကိုဆိုလိုခြင်းဖြစ်မည်။ ဗျာဒိတ်ကျမ်းရေးချိန်တွင် သူသည်နောက်ဆုံးသော တမန်တော်ဖြစ်၍ အသက်လည်းကြီးပြီ။ ပေတရုက တောင်ပေါ်တွင် ယေရှုကို မောရှေနှင့်ဧလိယတို့နှင့် တွေ့မြင်ခြင်းကိုလည်း "ကြွလာတော်မူခြင်း" ဟုရေးခဲ့သည် (၂ ပေ ၁း၁၆-၁၈)။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.