-
AA
+
🡀
|
🡂
ဇာခရိ အနာဂတ္တိ
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဇာခရိ အနာဂတ္တိ
အခန်းကြီး ၁၄

ယေရုရှလင်မြို့ကို တိုက်စေမည်
CROSS REFERENCES






ထာဝရဘုရား၏နေ့ရက်သည် [A] ရောက်သောအခါ၊ သူတပါးတို့သည် သင်၏ဥစ္စာကို လုယူ၍ သင့်အလယ်၌ ဝေဖန်ကြလိမ့်မည်။ ယေရုရှလင်မြို့ကို တိုက်စေခြင်းငှါ၊ လူမျိုးအပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကိုတိုက်ယူပြီးလျှင်၊ အိမ်တို့ကိုလုယက်၍၊ မိန်းမတို့ကို အဓမ္မ ပြုကြလိမ့်မည်။ [B] မြို့သားတဝက်ကို သိမ်းသွား၍၊ တဝက်သာမြို့၌ ကျန်ကြွင်းလိမ့်မည်။ ထာဝရဘုရားသည်လည်း၊ စစ်တိုက်ရာကာလ၌ တိုက်သကဲ့သို့ ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည်။ [C]


သံလွင်တောင်ပေါ်မှာဆင်းမည်
CROSS REFERENCES





CROSS REFERENCES






ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ [D] သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက် တိုင်အောင်အလယ်၌ ကွဲသဖြင့်၊ အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည်။ [E] တောင်တဝက် မြောက်ဘက်သို့၎င်း၊ တဝက်သည် တောင်ဘက်သို့၎င်း ရွှေ့ရလိမ့်မည်။ သင်တို့သည် ငါ့တောင်ကြား ချိုင့်လမ်းဖြင့် ပြေးကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မှီလိမ့်မည်။ ယုဒရှင်ဘုရင် ဩဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ [F] သင်တို့သည် ပြေးသကဲ့သို့ တဖန်ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင် ထာဝရဘုရား၊ ကြွလာတော်မူ၍၊ [G] မိမိသန့်ရှင်းသူ အပေါင်းတို့သည် ပါကြလိမ့်မည်။ ထိုနေ့ရက်၌ အလင်းမရှိ၊ [H] မြတ်သောအရာတို့သည် ယုတ်လျော့လိမ့်မည်။ နေ့မဟုတ်၊ ညမဟုတ်၊ ထာဝရဘုရား သိတော်မူသော နေ့ရက်တရက် ဖြစ်၍၊ ညဦးယံအချိန်ရောက်မှ လင်းလိမ့်မည်။


ယေရုရှလင်မြို့မှရေ

ထိုနေ့ရက်၌ အသက်ရေသည် ယေရုရှလင်မြို့မှထွက်၍ နွေကာလဖြစ်စေ၊ ဆောင်းကာလဖြစ်စေ၊ အရှေ့ပင်လယ် (ပင်လယ်သေ)သို့တဝက်၊ အနောက် ပင်လယ်(မြေထဲပင်လယ်) သို့တဝက် စီးသွားလိမ့်မည်။ [I]


ထာဝရ ဘုရားဘုရင်ဖြစ်မည်
CROSS REFERENCES






ထာဝရဘုရားသည် တပြည်လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည်။ [J] ထို့နေ့ရက်၌ ထာဝရဘုရား တပါးတည်း၊ နာမတော်တပါးတည်း ဖြစ်တော်မူမည်။ ၁၀ ဂေဘမြို့မှသည် ယေရုရှလင်မြို့တောင်ဘက်၊ ရိမ္မုန်မြို့တိုင်အောင် တပြည်လုံးကို ချိုင့်ကဲ့သို့ တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန်တံခါးမှ အရင်တံခါးရာ၊ မြို့ထောင့်တံခါး တိုင်အောင်၎င်း၊ ဟာနနေလရဲတိုက်မှသည် စပျစ်သီးနယ်ရာ တန်ဆာတော် တိုင်အောင်၎င်း၊ ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်းရာ၌ တဖန်တည်ရလိမ့်မည်။ ၁၁ နောက်တဖန် ယေရုရှလင်မြို့သည် ကျိန်ခြင်းဘေးကိုမခံ၊ မြို့သားတို့သည် နေရာကျ၍၊ စိုးရိမ်စရာမရှိဘဲ နေကြလိမ့်မည်။


အသားလျော့ပျက်လိမ့်မည်

၁၂ ယေရုရှလင်မြို့ကို တိုက်လာသော၊ လူမျိုးအပေါင်းတို့၌ ထာဝရဘုရား ပေးတော်မူသော၊ ဘေးဒဏ်ဟူမူကား၊ ​ခြေဖြင့်ရပ်လျက်ပင် သူတို့အသား လျော့ပျက်လိမ့်မည်။ လျှာသည်လည်း ခံတွင်း၌ လျော့ပျက်လိမ့်မည်။ ၁၃ ထိုနေ့ရက်၌ ထာဝရဘုရား၏ တန်ခိုးတော်ကြောင့် သူတို့သည် အလွန်ရုန်းရင်းခတ်မျှပြု၍၊ တယောက်ကို တယောက် လက်ချင်းရိုက်သော်လည်း၊ တယောက်ကို တယောက်တိုက်၍ သတ်ကြလိမ့်မည်။ ၁၄ ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့၌ တိုက်ကြလိမ့်မည်။ ပတ်လည်၌ နေသော တပါးအမျိုးသား အပေါင်းတို့၏ ဥစ္စာ စည်းစိမ်တည်းဟူသော၊ များစွာသော ရွှေငွေအဝတ်တန်ဆာ စုပုံလျက် ရှိကြလိမ့်မည်။ ၁၅ မြင်း၊ လား၊ ကုလားအုပ်၊ မြည်းမှစ၍ ရန်သူတပ်တွင် ရှိသမျှသော တိရစ္ဆာန်တို့မှပေးသော ဘေးဒဏ်သည် အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့်တူ လိမ့်မည်။


သကေနေပွဲ
CROSS REFERENCES





CROSS REFERENCES






၁၆ ယေရုရှလင်မြို့ကို တိုက်လာသော၊ လူမျိုးအပေါင်းတို့တွင် ကျန်ကြွင်းသမျှသောသူ တို့သည်၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား တည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ်၍၊ သကေနေပွဲ [K]ခံအံ့သောငှါ မြို့တော်သို့ နှစ်တိုင်းအစဉ်အတိုင်း တက်လာ ကြလိမ့်မည်။ ၁၇ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရ ဘုရား ဟူသော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှါ၊ မြို့တော်သို့တက်၍၊ မလာသော မြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့၊ မိုးမရွာရ။ ၁၈ အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက်မလာလျှင်၊ မိုးမရွာဘဲနေသဖြင့်၊ [L] သကေနေပွဲကို ခံအံ့သောငှါ တက်၍မလာသော လူမျိုးတို့၌ ၊ ထာဝရဘုရား ပေးတော်မူသော၊ ဘေးဒဏ်သည် ထိုသူတို့ကို ထိလိမ့်မည်။ ၁၉ ဤရွေ့ကား၊ သကေနေပွဲကို ခံအံ့သောငှါ၊ တက်၍ မလာသော အဲဂုတ္တုအမျိုးသား၊ တပါးအမျိုး သားအပေါင်းတို့ ခံရသော အပြစ်ပေတည်း။

၂၀ ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့်ရှင်းခြင်း၊ [M] ဟုမြင်း၌ ဆွဲသောဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ်ကြလိမ့်မည်၊ ၂၁ ထိုမျှမက၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၌ ရှိသမျှသော အိုးတို့သည် ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။ ယဇ်ပူဇော်သော သူအပေါင်းတို့သည် လာ၍၊ ထိုအိုးတို့ကိုယူပြီးလျှင်၊ ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့မှစ၍ နောက်တဖန် ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား၏ အိမ်တော်၌ ခါနနိလူမရှိရ။

ပရောဖက် ဇာခရိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.