-
AA
+
🡀
|
🡂
ဇေဖနိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဇေဖနိ အနာဂတ္တိ
အခန်းကြီး ၃



ဆန့်ကျင်ဘက်ပြု၍ ညစ်ညူးလျက် ညှဉ်းဆဲတတ်သောမြို့သည် အမင်္ဂလာရှိ၏။ နှုတ်ကပတ်တော်အသံကို နားမထောင်၊ ဆုံးမတော်မူခြင်းကိုမခံ၊ ထာဝရဘုရားကို မခိုလှုံ၊ မိမိဘုရားသခင့် ထံတော်သို့ မချဉ်းကပ်၊ မြို့အလယ်၌ မင်းများတို့သည် ဟောက်သော ခြင်္သေ့ဖြစ်ကြ၏။ တရားသူကြီးသည် နံနက်တိုင်အောင် အဘယ်အရာမျှ မချန်မထား။ ည၌ လှည့်လည်တတ်သော တောခွေးဖြစ်ကြ၏။ ပရောဖက်တို့သည် လျှပ်ပေါ်သောသူ၊ သစ္စာပျက်သောသူ ဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍ တရားတော်ကိုလည်း ရှုတ်ချကြ၏။ သို့သော်လည်း ထာဝရဘုရားသည် မြို့အလယ်၌ တရားသဖြင့် ပြုတော်မူ၏။ မတရားသောအမှုကို ပြုတော်မမူ။ နံနက်အစဉ်အတိုင်း ဖြောင့်မတ်ကြောင်းကို မချွတ်မယွင်း ဖေါ်ပြတော်မူ၏။ သို့သော်လည်း၊ အဓမ္မလူတို့သည် ရှက်ကြောက်ခြင်း မရှိကြ။ လူအမျိုးမျိုးတို့ကို ငါပယ်ဖျက်၍ သူတို့ရဲတိုက်များကို ဖျက်ဆီးလေပြီ။ လမ်းတို့၌ အဘယ်သူမျှ မသွားမလာစေခြင်းငှါ လူဆိတ်ညံစေပြီ။ မြို့တို့ကိုလည်း လူတစုံတယောက်မျှ မနေစေခြင်းငှါ ဖျက်ဆီးလေပြီ။ ထိုအခါငါက၊ အကယ်စင်စစ် ဤမျှလောက် ငါဆုံးမပြီးမှ သင်သည် ကိုယ်နေရာကို မပယ်ရှင်းစေခြင်းငှါ၊ ငါ့ကို ကြောက်ရွံ့၍ နည်းခံလိမ့်မည်၊ ဟုဆိုသော်လည်း၊ သူတို့သည်ကြိုးစား၍ မှားယွင်းသော အကျင့်ကိုသာ ကျင့်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဖမ်းဆီးလုယက်ခြင်းငှါ မချမှီတိုင်အောင် ငါ့ကိုငံ့လင့်ကြလော့။ တိုင်းနိုင်ငံပြည်သား အမျိုးမျိုးတို့ကို စုဝေးစေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်းလောင်းမည်၊ ဟုငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေတပြင်လုံးကို လောင်ရလိမ့်မည်။ အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏ အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက်မည်အကြောင်း၊ နာမတော်ကို ပဌနာပြုစေခြင်းငှါ သန့်ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။ ၁၀ ကုရှပြည်၏ မြစ်တို့တဘက်၊ အရပ်ရပ်၌ ကွဲပြားလျက်နေသော ငါ၏လူမျိုးသတို့သမီး၊ ငါ့ကိုတောင်းပန်သောသူတို့သည် ငါ့အဘို့ ပူဇော်သက္ကာကို ဆောင်ခဲ့ကြလိမ့်မည်။ ၁၁ ငါ့ကိုပြစ်မှားသော အပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ။ သင်၏ ဂုဏ်အသရေကြောင့် ဝါကြွားသောသူတို့ကို သင့်အလယ်၌ ငါပယ်ရှင်းမည်။ သင်သည်လည်း ငါ၏သန့်ရှင်းသော တောင်ကိုအမှီပြု၍ နောက်တဖန် မာနမထောင်လွှားရ။ ၁၂ နှိမ့်ချဆင်းရဲသော အမျိုးကို သင့်အလယ်၌ ငါချန်ထားမည်။ ထိုသူတို့သည် ထာဝရဘုရား ၏နာမတော်ကို ခိုလှုံကြလိမ့်မည်။ ၁၃ ကျန်ကြွင်းသော ဣသရေလ အမျိုးသား တို့သည်မတရားသောအမှုကို မပြုရကြ။ မုသာမပြောရကြ။ သူတို့၌ လှည့်စားတတ်သောလျှာ မရှိရ။ အဘယ်သမျှ မကြောက်စေဘဲ စားသောက်လျက်၊ အိပ်လျက် နေရကြလိမ့်မည်။
CROSS REFERENCES






၁၄ အိုဇိအုန်သတို့သမီး၊ သီချင်းဆိုလော့။ အိုဣသရေလအမျိုး၊ ကြွေးကြော်လော့။ အိုယေရုရှလင်သတို့သမီး၊ စိတ်နှလုံးအကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့။ ၁၅ ထာဝရဘုရားသည် သင်၏အပြစ်ဒဏ်တို့ကို ပပြောက်စေ၍၊ သင်၏ရန်သူတို့ကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရားသည် သင့်အလယ်၌ ရှိတော်မူ၏။ သင်သည် နောက်တဖန် ဘေးဥပဒ်နှင့် မတွေ့မကြုံရ။ ၁၆ မစိုးရိမ်နှင့်၊ [A]ဟုယေရုရှလင်မြို့အား၎င်း၊ လက်အားမလျော့စေနှင့်၊ ဟုဇိအုန်တောင်အား၎င်း၊ ထိုအခါဆိုရ၏။ ၁၇ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်၌ရှိ၍၊ တန်ခိုးကြီးသောဘုရားသည် သင့်ကိုကယ်တင်တော်မူလိမ့်မည်။ သင်၌အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်းဆိုခြင်းနှင့်တကွ သင်၌ဝမ်းမြောက်တော်မူလိမ့်မည်။ ၁၈ ကဲ့ရဲ့ခြင်းဝန်ကို သင်ထမ်းရာ အကြောင်းတည်းဟူသော၊ သင်နှင့်ဝေး၍ ဓမ္မပွဲကို မခံရဘဲ ညှိုးငယ်လျက် ရှိသောသူတို့ကို ငါစုဝေးစေမည်။ ၁၉ သင့်ကို ညှဉ်းဆဲသော သူအပေါင်းတို့ကို ထိုအခါငါစီရင်မည်။ နာသောသူကို ချမ်းသာပေးမည်။ နှင်ထုတ်ခြင်းကို ခံရသောသူကို သင်းဖွဲ့စေမည်။ အရှက်ကွဲခြင်းကို ခံရရာ ပြည်အရပ်ရပ်တို့၌ ချီးမွမ်းခြင်း ဂုဏ်အသရေကို ပေးမည်။ ၂၀ ထိုကာလ၌ သင်တို့ကို တဖန် ငါဆောင်ခဲ့၍ စုဝေးစေသဖြင့်၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို သင်တို့မျက်မှောက်၌ တဖန် ဆောင်ခဲ့ပြန်သောအခါ၊ မြေကြီးသား အမျိုးမျိုးတို့တွင် ချီးမွမ်းခြင်း ဂုဏ်အသရေကို သင်တို့အား ပေးမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။

ပရောဖက် ဇေဖနိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.