-
AA
+
🡀
|
🡂
ဟဗက္ကုတ် အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဟဗက္ကုတ် အနာဂတ္တိ
အခန်းကြီး ၃


CROSS REFERENCES






ပရောဖက်ဟဗက္ကုတ်၏ပဌနာစကားတည်းဟူသောရှိဂျောနုတ်သီချင်း၊Shigionoth အိုထာဝရဘုရား၊ အ​ကျွန်ုပ်သည်ကိုယ်တော်၏ဗျာဒိတ်တော်သံကိုကြား၍ကြောက်ရွံ့ပါပြီ။ [A] အိုထာဝရဘုရား၊ ယခုနစ်များအတွင်းတွင်အမှုတော်ကိုပြုပြင်တော်မူပါ။ ယခုနစ်များတွင်အမှုတော်ကိုပြုပြင်စေတော်မူပါ။ အမျက်ထွက်တော်မူသော်လည်းကရုဏာတရားကိုအောက်မေ့တော်မူပါ။

ဘုရားသခင်သည်တေမန်မြို့မှ၎င်း၊ သန့်ရှင်းသောဘုရားသည်ပါရန်တောမှ၎င်း၊ ကြွတော်မူ၏။ ဘုန်းတော်သည်မိုးကောင်း ကင်ကိုဖုံးအုပ်လျက်၊ မြေကြီးသည်ဂုဏ်အသရေတော်နှင့်ပြည့်စုံလျက်ရှိ၏။ အဆင်းအရောင်တော်သည်နေရောင်ကဲ့သို့ဖြစ်၏။ လက်တော်မှရောင်ခြည်သည်ထွက်၍၊ ဘုန်းအာနုဘော်တော်ကိုကွယ်ကာလေ၏။ ရှေ့တော်ကာလနာဘေးသည် သွား၍၊ ပူလောင်ခြင်းဘေးသည်​ခြေတော်ကိုခြံရံလျက်ရှိ၏။ ရပ်၍မြေကြီးကိုတိုင်းတော်မူ၏။ အစဉ်အမြဲတည်သော တောင်တို့သည်ကျိုးပဲ့၍၊ ထာဝရဘုရားကုန်းရိုးတို့သည်ညွတ်ကြ၏။ ထာဝရဘုရားလမ်းတို့ကိုကြွတော်မူ၏။ ကုရှန်ပြည်၌ တဲတို့သည်ဆင်းရဲခံခြင်း၊ မိဒျန်ပြည်၌ ကုလားကာတို့သည်လှုပ်ရှားခြင်းကိုငါမြင်၏။

အိုထာဝရဘုရား၊ ကိုယ်တော်သည်ကယ်တင်ရာမြင်းရထားတော်ကိုစီးတော်မူသည်အကြောင်း၊ မြစ်တို့ကိုအမျက်ထွက်တော်မူသလော။ မြစ်များတဘက်၌ စိတ်ထတော်မူသလော။ ပင်လယ်ကိုရန်ငြိုးဖွဲ့တော်မူသလော။ ကိုယ်တော်သည်အမျိုးအနွယ်တော်တို့၌ ထားတော်မူသောသစ္စာဂတိရှိသည်အတိုင်း၊ လေးလက်နက်တော်ကိုထုတ်ပြတော်မူ၏။ မြေကြီး၌ မြစ်တို့ကိုပေါက်စေတော်မူ၏။ ၁၀ တောင်တို့သည်ကိုယ်တော်ကိုမြင်၍တုန်လှုပ်ကြပါ၏။ လျှံသောရေသည်လွှမ်းမိုးပါ၏။ ပင်လယ်သည်အော်ဟစ်၍ လက်ကိုချီပါ၏။ ၁၁ နေနှင့်လသည်မိမိတို့နေရာ၌ ရပ်၍နေပါ၏။ [B] သူတို့အလင်း၌ မြှားတော်တို့သည်သွား၍၊ သူတို့ရောင်ခြည်၌ လှံတော်သည်လည်းလျှပ်စစ်ပြက်ပါ၏။ ၁၂ အမျက်တော်ထွက်လျက်တပြည်လုံးချီ သွား၍၊ ဒေါသစိတ်နှင့်လူအမျိုးမျိုးတို့ကိုနင်းနယ်တော်မူ၏။ ၁၃ ကိုယ်တော်၏လူတို့ကို ကယ်တင်ခြင်း၊ ကိုယ် တော်ပေးတော်မူ၍ ဘိသိက်ခံသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ ထွက် ကြွတော်မူ၏။ အဓမ္မလူ၏အိမ်၌ ဦးခေါင်းကို နှိပ်စက်၍၊ မူလအမြစ်ကို လည်ပင်းတိုင်အောင် ပယ်ရှင်းတော်မူ၏။ ၁၄ ဗိုလ်မင်းတို့၏ ဦးခေါင်းကို မြှားတော်တို့နှင့် ထုတ်ချင်းခပ်ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ်တို့ကို လွင့်စေခြင်းငှါ လေပြင်းမုန်တိုင်းကဲ့သို့ တိုက်ကြပါ၏။ ဆင်းရဲသားတို့ကို အမှတ်တမဲ့ ကိုက်စားမည့်အကြံရှိသကဲ့ သို့ ဝမ်းမြောက်ကြပါ၏။ ၁၅ ကိုယ်တော်သည် မြင်းတော်များကိုစီး၍၊ ရေဟုန်းဟုန်းမြည်သော ပင်လယ်အလယ်သို့ ချီသွားတော်မူ၏။ ၁၆ ဗျာဒိတ်တော်သံကိုငါကြားသောအခါရင်၌ လှုပ်ရှားခြင်း၊ မေးခိုင်ခြင်း၊ အရိုးဆွေးမြှေးခြင်း၊ တကိုယ်လုံးတုန်လှုပ်ခြင်းရှိ၏။ အကြောင်းမူကား၊ အမှုရောက်သောနေ့၊ လုပ်ကြံသောသူသည်ငါ၏လူမျိုးကိုတိုက်လာသောနေ့တိုင်အောင်ငါသည်လူမျိုးကိုတိုက်လာသောနေ့တိုင်အောင်ငါသည်နေရစ်ရမည်။ ၁၇ သင်္ဘောသဖန်းပင်မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကိုမြော်လင့်၍မခံရ၊ လယ်တို့သည်အသီးအနှံကိုမပေးရ၊ သိုးခြံ၌ သိုးကုန်၍တင်းကုပ်၌ နွားမရှိရ။ ၁၈ သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကိုအမှီပြုလျက်ရွှင်လန်းမည်။ ၁၉ အရှင်ထာဝရဘုရားသည်ငါ၏ အစွမ်းသတ္တိဖြစ်တော်မူ၏။ ငါ့​ခြေကိုသမင်​ခြေကဲ့သို့ဖြစ်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာငါ့ကိုနေရာချတော်မူမည်။

ပရောဖက်ဟဗက္ကုတ်စီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.