၈ ကောင်းကင် သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏာနိုင်ငံ၌ အိပ်ရာကို ခင်းလျှင် ကိုယ်တော် ရှိတော်မူ၏။
၂၄ ငါမမြင်စေခြင်းငှါအဘယ်သူသည်မထင်ရှားသောအရပ်၌ ပုန်းရှောင်၍နေနိုင်သနည်း၊ ဟုထာဝရဘုရား မေးတော်မူ၏။ ငါသည်ကောင်းကင်မြေကြီးကိုနှံ့ပြားသည်မဟုတ်လောဟုထာဝရဘုရားမေးတော်မူ၏။
sအိပ်မက်မြင်သောသူတို့
၆ သူ၏ဘုန်းသည် မိုးပေါ်သို့တက်၍ သူ၏ခေါင်းသည် မိုးတိမ်တိုင်အောင် မှီသော်လည်း၊
၅၃ ဗာဗုလုန်မြို့သည်မိုးကောင်းကင်သို့တက်၍မြို့ရိုးအထွဋ်ကိုခိုင်ခံ့စွာတည်သော်လည်းငါစေလွှတ်၍၊ လုယူသောသူတို့သည်သူရှိရာသို့ရောက်ကြလိမ့်မည် ၊ ဟုထာဝရဘုရားမိန့်တော်မူ၏။
၄ သင်သည် လင်းယုန်ကဲ့သို့ ကိုယ်ကို ချီးမြှောက်၍၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကိုငါနှိမ့်ချမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။
၂၃ အို ကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင် တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏာနိုင်ငံ တိုင်အောင် နှိမ့်ချခြင်းကို ခံရလတံ့။ အကြောင်းမူကား၊ သင်၌ပြသော တန်ခိုးကို သောဒုံမြို့၌ ပြဖူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင် တည်ရာ၏။
၃၃ သူတို့စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန်သော မြွေဆိုး အဆိပ်အတောက် ဖြစ်၏။
၁၂ ငါသည် ပင်လယ် ဖြစ်သလော။ နဂါး ဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကို အစောင့် ထားတော်မူရသလော။
၁၃ ဝိညာဉ်တော်အားဖြင့် မိုးကောင်းကင် တန်ဆာများကိုပြင်၍ လျှင်မြန်သော နဂါး ကိုလည်း ဖန်ဆင်းတော်မူ၏။
၁၃ သင်သည် ခြင်္သေ့နှင့် မြွေဆိုးအပေါ်မှာ ကျော်သွား၍၊ ခြင်္သေ့နှင့်နဂါး တို့ကို ခြေဖြင့်နင်းလိမ့်မည်။
၁ ထိုကာလ၌ ထာဝရဘုရားသည် ပြေးတတ်သော မြွေလဝိသန်ကို၎င်း၊%fo(a) လိမ်သော မြွေလဝိသန်ကို၎င်း၊ ခိုင်ခံ့ကြီးမားသော ဓါးတော်နှင့် ဒဏ်ပေး၍၊ ပင်လယ်၌ ရှိသော နဂါး ကိုလည်း သတ်တော်မူလိမ့်မည်၊၊
sဥယျာဉ်တော်စောင့် ထာ၀ရဘုရား
၉ အိုထာဝရဘုရား၏ လက်ရုံးတော်၊ နိုးတော်မူပါ။ နိုး၍ခွန်အားကို ယူတော်မူပါ။ ရှေးကာလနှင့် လွန်ဘူးသောကာလ၌ ကဲ့သို့ နိုးတော်မူပါ။ ရာခပ်ကိုဒဏ်ခတ်၍ နဂါး ကို နာစေသောသူကား၊ ကိုယ်တော်မဟုတ်လော။
၃၄ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည်ငါတို့ကိုကိုက်စား၍နှိပ်စက်ပါပြီ။ ငါတို့ကိုဟင်းလင်းသောအိုးဖြစ်စေပါပြီ။ နဂါးမျိုတတ်သကဲ့သို့ငါတို့ကိုမျို၍၊ ငါတို့ပျော်မွေ့စရာတို့နှင့်မိမိဝမ်းကိုပြည့်စေပါပြီ။ ငါတို့ကိုနှင်ထုတ်ပါပြီ။
၃ ကရမေလ တောင်ထိပ်၌ ပုန်းရှောင်သော်လည်း၊ ငါရှာ၍ ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှါ သမုဒ္ဒရာအောက်၌ ပုန်းရှောင်သော်လည်း၊ ငါသည်နဂါးကို မှာလိုက်၍ ကိုက်စေမည်။
၄ သူ၏အမြီးသည် ကောင်းကင်ကြယ် သုံးစုတစုကို ဆွဲငင်၍၊ မြေကြီးသို့ ချလိုက်လေ၏။ သားကိုဖွားလုသော မိန်းမသည် ဖွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ ရပ်နေ၏။
s သံလှံတံနှင့် အုပ်စိုးလတံ့သောသားမွေး
၇ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလ နှင့် သူ၏ ကောင်းကင်တမန်တို့သည်၊ နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့်သူ၏ တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌ လည်းသူတို့နေစရာမရှိ။
၉ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။
၁၃ ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဖွားမြင်သော မိန်းမကိုညှဉ်းဆဲ၏။
၁၆ မြေကြီးသည် မိန်းမကိုမစ၍ မိမိခံတွင်းကိုဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်းထဲက ထုတ်ပစ်သောမြစ်ရေကို မျိုလေ၏။ ၁၇ နဂါးသည် မိန်းမကိုအငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍၊ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော၊ ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါသွား၏။
၂ ထိုသို့ငါမြင်သော သားရဲသည်၊ ကျားသစ်နှင့်တူ၏။ သူ၏ခြေသည် ဝံခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည်လည်း၊ ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကို၎င်း၊ ကြီးစွာသော အာဏာစက်ကို၎င်း၊ သားရဲ၌ အပ်ပေး၏။
၄ ထိုသားရဲ၌ အာဏာစက်ကို အပ်ပေးသောနဂါးကို ကိုးကွယ်ကြ၏။ သားရဲကိုလည်း ကိုးကွယ်၍၊ အဘယ်သူသည် သားရဲနှင့်တူသနည်း၊ အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်း၊ ဟုပြောဆိုကြ၏။
၁၁ အခြားသော သားရဲတကောင်သည်၊ သိုးသားငယ်၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊ မြေကြီးထဲက ထွက်သည်ကိုငါမြင်၏။
၁၃ ထိုအခါ၊ နဂါး၏ ခံတွင်းထဲက၎င်း၊ သားရဲ၏ ခံတွင်းထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲက၎င်း၊ ဖားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါး ထွက်သည်ကို ငါမြင်၏။
၂ ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသော နဂါးကိုကိုင်ဖမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။