၁၂ ဒန်အမျိုး၊ ဂေမလ္လိသားအမျေလ။
၁၃ သူတို့အဆွေအမျိုးချင်း ပေါက်ဖေါ်တော်သောသူကား မိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာ၊ ယေဗာ၊ ပေါင်းခုနစ်ယောက်တည်း။
၃၉-၄၃ လေဝိ၊ ဂေရရှုံ၊ ယာဟတ်၊ ရှိမိ၊ ဇိမ္မ၊ ဧသန်၊ အဒါယ၊ ဇေရ၊ ဧသနိ၊ မာလခိ၊ ဗာသေယ၊ မိက္ခေလ၊ ရှိမာ၊ ဗေရခိတို့မှ ဆင်းသက်သော အာသပ်၊ ဟေမန်လက်ျာဘက်မှာ နေရာရှိသော အပေါင်းအဖေါ် အာသပ်တစ်ပါး၊
၁၆ မိက္ခေလ၊ ဣရှပ၊ ယောဟတို့သည် ဗေရိယသား ဖြစ်ကြ၏။
၂၀ မိမိအမျိုးသားတို့တွင် လူတထောင်ကို အုပ်သော ဗိုလ်အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိ ၊ ဟုဇိလသဲတည်း။
၂ ယုဒရှင်ဘုရင် ယောရှဖတ်သား ယဟောရံ ညီဟူမူကား၊ အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိတည်း။
၈ ရှေဖတိအမျိုး မိက္ခေလ အသား ဇေဗဒိနှင့် ယောကျ်ားပေါင်း ရှစ်ကျိပ်၊
၁၃ ပေရသိနိုင်ငံကို အစိုးရသော မင်းမူကား၊ အရက်နှစ်ဆယ်တရက် ပတ်လုံး ငါ့ကိုဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်းစုထဲက၊ မိက္ခေလ သည် ငါ့ကို အကူလာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံမှာ စိုင်းလင့်၍ နေရ၏။
၁ ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏ အမှုကို စောင့်သော အရှင်ကြီး မိက္ခေလ သည် ပေါ်လာလိမ့်မည်။ လူမျိုးတစုံတမျိုးမျှ ဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခ ကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏ အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ ရောက်ကြလိမ့်မည်။
၉ ကောင်းကင် တမန်မင်း မိက္ခေလ(Michael) မူကား၊ မောရှေ၏ ကိုယ်ကို အကြောင်း ပြု၍ မာရ်နတ်(the devil)နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုဝံ့ဘဲ၊ ထာဝရ ဘုရားသည် သင့်ကိုဆုံးမတော်မူ စေသတည်းဟူ၍ သာပြောဆို၏။
၇ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလ နှင့် သူ၏ ကောင်းကင်တမန်တို့သည်၊ နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့်သူ၏ တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌ လည်းသူတို့နေစရာမရှိ။
၂ ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော် သောသူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား ထာဝရ အသက်ရှင်ခြင်းနှင့်၎င်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ထာဝရ အသရေ ပျက်ခြင်းနှင့်၎င်း၊ နိုးကြလိမ့်မည်။
၂၈ ဤအမှုအရာကို အံ့ဩခြင်း မရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူ အပေါင်းတို့သည်၊ သားတော်၏ စကားသံကိုကြား၍၊
၂၄ မာသကလည်း၊ နောက်ဆုံးသော နေ့တည်းဟူသော၊ ထမြောက်ရာကာလ၌သူသည်ထမြောက်လိမ့်မည်ကို၊ ကျွန်မသိပါသည်၊ ဟုလျှောက်၏။
sယေရှုသည်ထမြောက်ခြင်းအသက်ရှင်ခြင်းဖြစ်
၁၅ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ ရှိသမျှတို့သည်၊ သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ သူတို့မြော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မြော်လင့်ပါ၏။
၃၀ ဖြောင့်မတ်သောသူ သီးသောအသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကိုရသောသူသည်လည်းပညာရှိဖြစ်၏။ ဖြောင့်မတ်သောသူသော်လည်းမြေကြီးပေါ်မှာအပြစ်ဒဏ်ကိုခံရ၏။ မတရားသောသူနှင့်အပြစ်ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာရှိသနည်း။
၃ ပညာရှိသောသူတို့သည်လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်း တရားလမ်းထဲသို့ သွင်းသောသူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။
၁၈ ဖြောင့်မတ်သောသူတို့၏ လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည့် တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။
၃ ပညာရှိသောသူတို့သည်လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်း တရားလမ်းထဲသို့ သွင်းသောသူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။
၄၃ ထိုအခါ ဖြောင့်မတ်သော သူတို့သည် နေထွန်းလင်း သကဲ့သို့ မိမိတို့ အဘ၏ နိုင်ငံတော်၌ ထွန်းလင်းကြလတံ့။ ကြားစရာ နားရှိသောသူ မည်သည်ကား ကြားပါစေ။
s ဝှက်ထားသောဘဏ္ဍာ
၂၇ တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသောသူသည် ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည်၊ ပျက်စီးအပ်သောသူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ ဖြစ်လိမ့်မည်၊ ဟုကြားပြော၏။
%ln
၃၁ ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာသဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍၊ နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ရှင်းကြလိမ့်မည်။ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ်အရာကိုလည်း တည်ထားကြလိမ့်မည်။
၁၁ နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ်ရှင်း၍၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ်အရာသည် ပေါ်လာပြီးမှ၊ အရက် တထောင်နှစ်ရာ ကိုးဆယ် ကြာလိမ့်မည်။
၁၅ ထိုကြောင့် ပရောဖက် ဒံယေလ ဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည်၊%fo(b) သန့်ရှင်းသော အရပ်ဌာန၌%fo(c) စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည်၊ နားလည်ပါစေ။
၁၄ ပရောဖက် ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် မနေသင့်သောအရပ်၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ ထိုသို့မြင်ရလျှင်၊ ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။
၃ အဘယ်သူမျှ သင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲခြင်း%fo(a)သည် အရင်ဖြစ်၍၊ ဒုစရိုက်လူ တည်းဟူသော ပျက်စီးခြင်း၏သား%fo(b)သည် ပေါ်လာရလိမ့်မည်။
၁ ပင်လယ်နား၌ သဲပေါ်မှာငါ %fo(a) ရပ်၍၊ သားရဲတကောင်သည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသောနာမရှိလျက်၊ ပင်လယ် ထဲက တက်သည်ကိုမြင်၏။