-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၄၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၄၈


ဣသရေလအမျိုးခုနစ်မျိုး၏မြေများ

ဣသရေလအမျိုးခရိုင်စု အမည်ကား မြောက်ဘက်၌ ဟေသဟုန်လမ်းနှင့် ဟာမတ်လမ်းနား ဟာဇရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက်ဟာမတ်မြို့တိုင်အောင်၎င်း၊ အရှေ့ဘက်မှသည် ပင်လယ်တိုင်အောင်၎င်း၊ ဒန်ခရိုင်ရှိရမည်။ ဒန်ခရိုင်အနား အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။ အာရှာခရိုင်အနားအရှေ့ဘက်မှသည်အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။ နဿလိခရိုင်အနားအရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှည်ခရိုင်ရှိရမည်။ မနာရှေခရိုင်အနား အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။ ဧဖရိမ်ခရိုင်အနား အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။ ရုဗင်ခရိုင်အနားအရှေ့ဘက်မှသည်အနောက်ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။


သန့်ရှင်းရာဌာနမြေ

ယုဒခရိုင်အနားအရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် သင်တို့ပူဇော်ရသောမြေကွက်ရှိရမည်။ ထိုမြေအနံကားကျုလုံးအပြန်နှစ်သောင်းငါးထောင်၊ အလျားကားအရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာနရှိရမည်။ ထာဝရဘုရားအား ပူဇော်ရသောမြေကွက်မူကား အလျားနှစ်သောင်းငါးထောင်အနံတစ်သောင်းရှိရမည်။ ၁၀ ထိုသန့်ရှင်းသောပူဇော်သက္ကာသည် ယဇ်ပုရောဟိတ်ဘို့ဖြစ်၍၊ မြောက်ဘက်၌ အလျားနှစ်သောင်းငါးထောင် အနောက်ဘက်၌ အနံတစ်သောင်း၊ အရှေ့ဘက်၌ အနံတစ်သောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင်ကျယ်၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။


ယဇ်ပုရောဟိတ်များမြေ

၁၁ ဣသရေလအမျိုးသားတို့သည် လမ်းလွဲသောအခါ လေဝိလူကဲ့သို့ လမ်းမလွဲပါ။ ငါ့အမှုကိုအစဉ်ဆောင်၍သန့်ရှင်းသောဇာဒုတ်သား ယဇ်ပုရောဟိတ်တို့ဘို့ဖြစ်သည်။ ၁၂ လေဝိလူနေရာမြေအနားမှာ ထိုသို့ပူဇော်သောမြေသည်ယဇ်ပုရောဟိတ်တို့အဘို့ အလွန်သန့်ရှင်းသောမြေဖြစ်ရမည်။ ၁၃ ယဇ်ပုရောဟိတ်မြေအနားမှာ လေဝိလူနေရာမြေကွက်အလွတ်သည် အလျားနှစ်သောင်းငါးထောင်၊ အနံတစ်သောင်းရှိရမည်။ ၁၄ ထိုမြေသည် ထာဝရဘုရားအဘို့သန့်ရှင်းသောကြောင့် လေဝိလူတို့သည်မြေကိုမရောင်းရ။ အဦးသီးသောအသီးကို အခြားသောဥစ္စာနှင့်မဖယ်ရ။ အဘိုးနှင့်မရောင်းရ။


လူနေသောမြို့မြေ

၁၅ နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေးသောမြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည်စရာဘို့ဖြစ်၍ ထိုမြေအလယ်၌ မြို့တည်ရမည်။ ၁၆ မြို့အတိုင်းအရှည်ကား မြောက်ဘက်၌ လေးထောင့်ငါးရာ၊ ရှေ့ဘက်၌ လေးထောင့်ငါးရာ၊တောင်ဘက်၌ လေးထောင့်ငါးရာ၊ အနောက်ဘက်၌ လေးထောင့်ငါးရာရှိရမည်။ ၁၇ မြို့နယ်ကား၊ မြောက်ဘက်၌ နှစ်ရာ့ငါးဆယ်၊ တောင်ဘက်၌ နှစ်ရာ့ငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာ့ငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာ့ငါးဆယ်ရှိရမည်။


အသီးအနှံစိုက်မည့်မြေ

၁၈ သန့်ရှင်းသော မြေအနားမှာအလျား၌ ကြွင်းသောအရှေ့ဘက်၌ တစ်သောင်း၊ အနောက်ဘက်၌ တစ်သောင်းရှိသောမြေ၌ အသီးအနှံသည် မြို့အမှုစောင့်သောသူတို့ စားစရာဘို့ဖြစ်ရမည်။ ၁၉ မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်းထဲက ရွေးကောက်ရမည်။ ၂၀ ပူဇော်သောမြေကွက်အပေါင်းကား အလျားနှစ်သောင်းငါးထောင်၊ အနံနှစ်သောင်းငါးထောင်ကျယ်၍ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော်ရမည်။


မင်းသားအဘို့မြေ

၂၁ ထိုသန့်ရှင်းသော ပူဇော်သက္ကာမြေနှင့် မြို့နယ်နှစ်ဘက်၌ကြွင်း၍၊ ရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်၊ ကျယ်သောမြေစွန်းနှစ်ကွက်တို့သည် မင်းသားအဘို့ဖြစ်ရမည်။ သန့်ရှင်းသောပူဇော်သက္ကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားတွင် နေရာကျရမည်။ ၂၂ ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာအပိုင်းအခြား မြို့နယ်အပိုင်းအခြားနှင့် ပြင်ဘက်နှစ်ဘက် ယုဒခရိုင်ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှသည် မင်းသားအဘို့ဖြစ်သည်။


ဣသရေလအမျိုးငါးမျိုး၏မြေများ

၂၃ ကြွင်းသောဣသရေလခရိုင်ဟူမူကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင်ရှိသည်။ ၂၄ ဗင်္ယာမိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရှိမောင်ခရိုင်ရှိရမည်။ ၂၅ ရှိမောင်ခရိုင်အနား အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါရိုင်ရှိရမည်။ ၂၆ ဣသခါခရိုင်အနား အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင်ရှိရမည်။ ၂၇ ဇာဗုလုန်ခရိုင်အနား အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင်ရှိရမည်။ ၂၈ ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့မေရိဘရေတိုင်အောင်၎င်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်၎င်း၊ လျှောက်သွားရမည်။ ၂၉ ဤရွေ့ကား ဣသရေလအမျိုးအနွယ်ကို အမွေခံစရာအဘို့ စာရေးတံချ၍ ဝေရသောမြေ၊ ဤရွေ့ကားသူတို့ပိုင်းခြား၍ နေရသောခရိုင်အသီးသီးဖြစ်သည်၊ ဟုအရှင်ထာဝရဘုရားမိန့်တော်မူသည်။


မြို့တံခါးများ

၃၀ မြို့မှထွက်ရာတံခါးများဟူမူကား၊ မြို့မြောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ၃၁ မြို့တံခါးသည်ဣသရေလ အမျိုးအနွယ်တို့အမည်ကိုဆောင်လျက် မြောက်ဘက်၌ ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။ ၃၂ မြို့အရှေ့ဘက်၌ လေးထောင့်ငါးရာကျယ်၍ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။ ၃၃ မြို့တောင်ဘက်၌ လေးထောင့်ငါးရာကျယ်၍ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။ ၃၄ မြို့အနောက်ဘက်၌ လေးထောင့်ငါးရာကျယ်၍ ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။ ၃၅ ထိုသို့မြို့ပတ်လည် အတိုင်းအရှည်ကား၊ တစ်သောင်းရှစ်ထောင်ရှိရလိမ့်မည်။ တည်သောနေ့မှစ၍ ထိုမြို့ကိုယေဟောဝါရှမ္မ (Jehovah Shammah)အမည်ဖြင့် ခေါ်တွင်ရလိမ့်သတည်း။

ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။

_________________________
Footnotes

ယေဇကျေလအနာဂတ္တိကျမ်း၏ အဓိကရည်ရွယ်ချက်သည်၊ "ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရကြလိမ့်မည်" ဟူသောအရာဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.