-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၄၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၄၆


မင်းသား၏ယဇ်ပူဇော်ခြင်း

အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား အရှေ့သို့မျက်နှာပြုသော အတွင်းတန်တိုင်းတံခါးကို အလုပ်လုပ်သောနေ့​ခြောက်ရက်ပတ်လုံး ပိတ်ထားရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။ မင်းသားသည် ထိုတံခါးမုတ်ဖြင့်ဝင်၍ တံခါးတိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာယဇ် မိဿဟာရယဇ်တို့ကို ပူဇော်၍ သူသည်တံခါးခုံ၌ ဦးညွတ်ချပြီးမှ ပြင်သို့ထွက်သွားရမည်။ သို့ရာတွင် ညဦးယံမရောက်မှီ ထိုတံခါးကိုမပိတ်ရ။ ထိုနည်းတူဥပုသ်နေ့နှင့် လဆန်းနေ့တို့၌ ပြည်သူပြည်သားတို့သည် ထိုတံခါးဝအနားမှာ ထာဝရဘုရားရှေ့တော်တွင် ဦညွတ်ချရကြမည်။ ဥပုသ်နေ့၌ မင်းသားသည် မီးရှို့ရာယဇ်ဘို့ အပြစ်မပါသော သိုးသငယ်ခြောက်ကောင် အပြစ်မပါသောသိုးထီးတကောင်ကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည်။ ဘောဇဉ်ပူဇော်သက္ကာဘို့ သိုးထီးတကောင်နှင့် မုန့်ညက်တစ်ဧဖါ၊ ဆီတဟိန်ကို၎င်း၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း၊ ပူဇော်ရမည်။ လဆန်းနေ့၌ အပြစ်မပါသော နွားထီးတကောင်၊ သိုးသငယ်ခြောက်ကောင် သိုးထီးတကောင်ကို ပူဇော်ရမည်။ ဘောဇဉ်ပူဇော်သက္ကာဘို့ နွားတကောင်နှင့်၊ မုန့်ညက်တဧဖါ၊ သိုးတကောင်နှင့်တဧဖါ၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက်တဧဖါနှင့် ဆီတဟိန်ကို၎င်း၊ ပူဇော်ရမည်။


ဝင်ထွက်မည့်နေရာများ

မင်းသားဝင်သောအခါ အရှေ့တံခါးမုတ်ဖြင့်ဝင်ရမည်။ ထိုတံခါးမုတ်ဖြင့်လည်း ထွက်ရမည်။ ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွတ်ချခြင်းငှါ မြောက်တံခါးဖြင့်ဝင်သောသူသည်၊ တောင်တံခါးဖြင့်ထွက်ရမည်။ တောင်တံခါးဖြင့်ဝင်သောသူသည် မြောက်တံခါးဖြင့်ထွက်ရမည်။ ဝင်သောတံခါးဖြင့်မထွက်ရ။ ဝင်သောတံခါး တဘက်တချက်၌ ရှိသောတံခါးဖြင့်ထွက်ရမည်။ ၁၀ ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည်၊ သူတို့ဝင်သောအခါ ဝင်ရမည်။ ၁၁ သူတို့ထွက်သောအခါ ထွက်ရမည်။ ပွဲခံ၍ပရိသတ်စည်းဝေးရာကာလ၌ ဘောဇဉ်ပူဇော်သက္ကာဘို့နွားတကောင် နှင့်မုန့်ညက်တဧဖါ၊ သိုးတကောင်နှင့်တဧဖာ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက်တဧဖါနှင့် ဆီတဟိန်ကို၎င်း၊ ပူဇော်ရမည်။ ၁၂ မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ် မိဿဟရယဇ်ကို မိမိအလိုအလျောက်ထာဝရဘုရားအား ပူဇော်သက္ကာပြုသောအခါ အရှေ့သို့မျက်နှာပြုသော တံခါးကိုဖွင့်ရမည်။ သူသည်ဥပုသ်နေ့၌ မီးရှို့ရာယဇ်မိဿဟာရယဇ်ကို ပူဇော်သကဲ့သို့ပူဇော်ရမည်။ ပူဇော်ပြီးမှ ထွက်သွား၍ တံခါးကိုပိတ်ထားရမည်။ ၁၃ နေ့တိုင်းအစဉ် ထာဝရဘုရားအား မီးရှို့ရာယဇ်ဘို့ အပြစ်မပါ အခါမလည်သော သိုးသငယ်တကောင်ကို နံနက်အချိန်၌ ပူဇော်ရမည်။ ၁၄ နံနက်တိုင်းအစဉ် ထိုသိုးသငယ်နှင့် ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါတွင်​ ခြောက်စုတစ်စုကို၎င်း၊ မုန့်ညက်နှင့် ရောရသော ဆီလေးလောဃကို၎င်း၊ ပူဇော်ရမည်။ ဤရွေ့ကား ထာဝရဘုရားအား အစဉ်အမြဲပြုရသော ဘောဇဉ်ပူဇော်သက္ကာ တရားပေတည်း။ ၁၅ ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာနှင့် ဆီကို၎င်း၊ ပြင်ဆင်ရမည်။


အမွေပေးခြင်းနှင့်ပတ်သက်၍

၁၆ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား မင်းသားသည် မိမိသား၌ လက်ဆောင်တစုံတခုကိုပေးလျှင် ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ်၍ သားတော်သည် အမွေခံလျက် သိမ်းယူရမည်။ ၁၇ မိမိ​ကျွန်၌ အမွေဥစ္စာလက်ဆောင်တစုံတခုကိုပေးလျှင် မူကား၊ လွတ်ရာနှစ်သက္ကရာဇ်တိုင်ရုံမျှသာ ထို​ကျွန်သည်ပိုင်ရမည်။ နောက်မှ မင်းသားလက်သို့ ပြန်ရောက်ရမည်။ သားမူကား အစဉ်အမြဲအမွေခံရမည်။ ၁၈ ထိုမှတပါး မင်းသားသည် ပြည်သားအမွေမြေကို အနိုင်အထက်ယူ၍ မြေရှင်ကိုမနှင် ထုတ်ရ။ မိမိပိုင်သောမြေထဲက မိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့သည် မိမိတို့ပိုင်သောအမွေမြေ၌ မနေရဘဲအရပ်ရပ်သို့ ကွဲပြားစေခြင်းငှါမပြုရ။


ယဇ်များပြုတ်သောနေရာ

၁၉ ထိုနောက်မှ တခါးအနား၌ ရှိသောဝင်ဝဖြင့် ငါ့ကိုဆောင်သွား၍ မြောက်သို့မျက်နှာပြုသော ယဇ်ပုရောဟိတ်သန့်ရှင်းသော အခန်းများထဲသို့ သွင်းသဖြင့် အနောက်ဘက်၌ ရှိသောအရပ်တခုကို ငါမြင်၏။ ၂၀ ဤအရပ်ကား ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက်​ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်ကိုပြုတ်၍၊ ဘောဇဉ်ပူဇော်သက္ကာကို ဖုတ်ရသောအရပ်ဖြစ်၏။ လူများကိုသန့်ရှင်းစေခြင်းငှါ ထိုအရာတို့ကို ပြင်တန်တိုင်းထဲသို့ မထုတ်ရကြ၊ ဟုငါ့အားပြောဆို၏။ ၂၁ တဖန်ပြင်တန်တိုင်းထဲသို့ ငါ့ကိုခေါ်သွင်း၍ တန်တိုင်းထောင့် လေးထောင့်တို့ကို လျှောက်သွားစေသဖြင့် ထိုလေးထောင့်တို့၌ တန်တိုင်းငယ်တခုစီ ရှိသည်ကိုငါမြင်၏။ ၂၂ ထိုတန်တိုင်းငယ်တို့သည် အလျားအတောင်လေးဆယ်၊ အနံအတောင်သုံးဆယ်ရှိ၍ အတိုင်းအရှည်တညီတညွတ်တည်း ဖြစ်ကြ၏။ ၂၃ ထိုလေးထောင့်တို့ အတွင်းပတ်လည်၌ ချက်ပြုတ်စရာဘို့ အစဉ်အတိုင်း ခုံလောက်တန်းများရှိကြ၏။ ၂၄ ဤအရပ်တို့ကား အိမ်တော်အမှုစောင့်တို့သည် လူများပူဇော်သော ယဇ်ကောင်တို့ကို ပြုတ်ရသောအရပ်ဖြစ်ကြသည်၊ ဟုငါ့အားပြောဆို၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.