-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၄၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၄၄


CROSS REFERENCES






ထို့နောက်သန့်ရှင်းရာအရပ်သို့မျက်နှာပြုသောပြတင်းတံခါးသို့ဆောင်သွား၍ထိုတံခါးသည်ပိတ်လျက်ရှိ၏။ ထာဝရဘုရားကလည်းဤတံခါးကိုမဖွင့်ဘဲပိတ်ထားလျက်ရှိရမည်။ လူများမဝင်ရကြ။ အကြောင်းမူကားဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားဝင်တော်မူသောကြောင့်ပိတ်ထားလျက်ရှိရမည်။ မင်းသားအဘို့ဖြစ်သည်။ မင်းသားသည် ထာဝရဘုရားရှေ့တော်၌ စားသောက်၍ထိုတံခါးဝမှာထိုင်ရလိမ့်မည်။ မင်းသားသည်ထိုတံခါးမုတ်ဖြင့်ထွက်ဝင်ရလိမ်မည်၊ ဟုမိန့်တော်မူသည်။ ထိုအခါအိမ်တော်ရှေ့မြောက်တံခါးလမ်းဖြင့်ငါ့ကိုဆောင်သွား၍ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကိုဖြည့်တော်မူသဖြင့်ငါသည်ပြပ်ဝပ်လျက်နေ၏။ ထာဝရဘုရားကလည်းအချင်းလူသား စေ့စေ့ကြည့်ရှု၍မှတ်လော့။ ထာဝရဘုရားအိမ်တော်အဘို့ငါစီရင်ထုံးဖွဲ့ချက်ပညတ်တရားရှိသမျှတို့ကိုနားထောင်လော့။ အိမ်တော် ဝင်ရာတံခါးဝနှင့်သန့်ရှင်းရာဌာနမှထွက်ရာတံခါးဝရှိသမျှတို့ကိုစေ့စေ့မှတ်လော့။ ပုန်ကန်တတ်သောသူဣသရေလ အမျိုးသားတို့အားအရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ အိုဣသရေလအမျိုးသားတို့၊ သင်တို့သည်ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့်အသွေးကို ပူဇော်သောအခါ ငါ့ဗိမာန်ကို ညစ်ညူးစေခြင်းငှါ အရေဖျားလှီးခြင်းကိုမခံသောစိတ်နှင့် အရေဖျားလှီးခြင်း [A]ကို မခံသောကိုယ်ရှိ သောတပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်းရာဌာနထဲသို့သွင်း၍ နေရာချသဖြင့်စက်ဆုပ်ရွံရှာဖွယ်သောအမှုများကအားဖြင့်ငါ့ပဋိညာဉ်ကိုဖျက်ကြပြီ။ ငါ၏သန့်ရှင်းရေးဌာနကိုမစောင့်။ ထိုဌာန၌ စောင့်သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထားကြပြီ။
CROSS REFERENCES






အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ဣသရေလအမျိုးသားတို့တွင်နေ၍ အရေဖျားလှီးခြင်း [A]ကိုမခံသောစိတ်နှင့်အရေဖျားလှီးခြင်းကိုမခံသောကိုယ်ရှိသောတပါးအမျိုးသားသည်ငါ၏သန့်ရှင်းရာဌာနထဲသို့မဝင်ရ။ ၁၀ ဣသရေလအမျိုးသားတို့သည်ငါ့ထံမှထွက်၍လမ်းလွှဲပြီးလျှင်မိမိတို့ရုပ်တုများနောက်သို့လိုက်သွားသောအခါငါ့ထံမှထွက်၍လမ်းလွှဲသောလေဝိသားတို့သည်လည်းကိုယ်အပြစ်ကိုခံရမည်။ ၁၁ သို့ရာတွင်ငါ၏သန့်ရှင်းရာဌာနနှင့်ဆိုင်သောအမှုစောင့်ဖြစ်၍ဗိမာန်တော်တံခါးကို စောင့်လျက်အမှုတော်ကိုဆောင်ရွက်လျက်နေကြရမည်။ မီးရှို့ရာယဇ်နှင့်လူများပူဇော်သောယဇ်ကောင်တို့ကိုသတ်၍၊ လူများကိုယ်စားအမှုတော်ကိုဆောင်ရွက်ကြမည်။ ၁၂ သူတို့သည်ရုပ်တုတို့ရှေ့မှာလူများအမှုကိုဆောင်ရွက်သဖြင့်ဣသရေလ အမျိုးထိမိ၍ဒုစရိုက်အပြစ်ထဲသို့လဲစရာအကြောင်းဖြစ်ဘူးသောကြောင့်သူတို့တဘက်တွင်ငါကျိန်ဆို၍သူတို့သည်ကိုယ်အပြစ်ကို ခံကြရမည်။ ၁၃ ယဇ်ပုရောဟိတ်လုပ်၍ငါ့ထံသို့မချည်းကပ်ရကြ။ အလွန်သန့်ရှင်းသောငါဌာန၌ သန့်ရှင်းသောအရာကိုမချဉ်းကပ်ရကြ။ ကိုယ်အရှက်ကွဲခြင်းကိုယ်ပြုမိသောစက်ဆုပ်ရွံရှာဘွယ်အမှုတို့ကိုခံရကြမည်။ ၁၄ အိမ်တော်ကိုစောင့်၍ အိမ်တော်၌ ခပ်သိမ်းသောအမှုတို့ကိုဆောင်ရွက်စေခြင်းငှါငါခန့်ထားမည်။ ၁၅ ဣသရေလအမျိုးသားတို့သည်ငါ့ထံမှထွက်၍ လမ်းလွှဲသောအခါငါ၏သန့်ရှင်းရာဌာနကိုစောင့်နေသောလေဝိအမျိုးဖြစ်သောဇာဒုတ်သားယဇ်ပုရောဟိတ်တို့သည်ငါ့အမှုကို ဆောင်ခြင်းငှါငါ့ထံသို့ချဉ်းကပ်ရကြမည်။ ငါ့အားဆီဥနှင့်အသွေးကိုပူဇော်ခြင်းငှါငါ့ရှေ့မှာရပ်ရကြမည်၊ ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။ ၁၆ ထိုသူတို့သည်ငါ့၏သန့်ရှင်းရာဌာနထဲသို့ဝင်၍ငါ့အမှုကိုဆောင်ခြင်းငှါငါ့စားပွဲအနားသို့ချဉ်းကပ်၍ငါ့အမှု စောင့်ဖြစ်ကြရမည်။

၁၇ သူတို့သည်အတွင်းတန်တိုင်းတံခါးအတွင်းသို့ဝင်သောအခါပိတ်အဝတ်ကိုသာဝတ်ကြရမည်။ အတွင်းတံတိုင်း၊ တံခါးအတွင်း၌ အမှုတော်ကိုဆောင်ရွက်စဉ်၊ သိုးမွှေးအဝတ်ကိုမဝတ်ရကြ။ ၁၈ ခေါင်းပေါ်မှာပိတ်ဦးထုပ်ကိုဆောင်း၍၊ ခါး၌ ပိတ်ဘောင်းဘီကိုဝတ်ရကြမည်။ ချွေးထွက်စေသောအဝတ်ကိုမဝတ်ရကြ။ ၁၉ လူများရှိရာပြင်တံတိုင်းသို့ထွက်သွားသောအခါ၊ အမှုတော်ကိုဆောင်စဉ်တွင်ဝတ်သောအဝတ်ကိုချွတ်၍၊ သန့်ရှင်းသောအခန်းတို့၌ ထားပြီးလျှင်အခြားသောအဝတ်ကိုဝတ်ရကြမည်။ အရင်အဝတ်ကိုဝတ်လျက်လူများတို့ကိုမသန့်ရှင်းစေရကြ။ ၂၀ မိမိတို့ဆံပင်ကိုလည်းမရိတ်ရ။ မရှည်စေခြင်းငှါ ဖြတ်ရမည်။ ၂၁ ယဇ်ပုရောဟိတ်သည်အတွင်းတန်တိုင်းထဲသို့ဝင်သောအခါစပျစ်ရည်ကိုမသောက်ရ။ ၂၂ မုဆိုးမနှင့် မဆုံဘက်ရ။ လင်ကွာသောမိန်းမနှင့်မစုံဘက်ရ။ ဣသရေလအမျိုးအပျိုကညာနှင့်သော၎င်း၊ ယဇ်ပုရောဟိတ်၏မယားဖြစ်ဘူးသောမုဆိုးမနှင့်သော်၎င်းစုံဘက်ရမည်။ ၂၃ ငါ၏လူတို့သည်သန့်ရှင်းသောအရာမသန့်ရှင်းသောအရာတို့ကို၎င်းစင်ကြယ်သောအရာမစင်ကြယ်သောအရာတို့ကို၎င်း၊ ပိုင်းခြား၍သိစေခြင်းငှါသွန်သင်ကြရမည်။ ၂၄ တရားတွေ့မှုကိုစီရင်လျှင်ငါ၏ ဓမ္မသတ်ပွဲတို့ကိုဆောင်ရွက်လျှင်ငါစီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ ငါ၏ဥပုသ်နေ့တို့ကို၎င်း၊ စောင့်ရှောက်ကြရမည်။ ၂၅ အသေကောင်ကိုချဉ်း၍ကိုယ်ကိုမညစ်ညူးစေရ။ သို့ရာတွင်ကိုယ်မိဘကိုယ်သားသမီးညီအစ်ကိုလင်မနေသောနှမအတွက်ကိုယ်ကို ညစ်ညူးစေသောအခွင့်ရှိ၏။ ၂၆ သန့်ရှင်းခြင်းကိုပြုပြီးမှခုနစ်ရက်နေရမည်။ ၂၇ သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်ခြင်းငှါအတွင်းတန်တိုင်းသန့်ရှင်းရာဌာနထဲသို့ဝင်သောနေ့တွင်အပြစ်ဖြေရာယဇ်ကိုပူဇော်ရမည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏။ ၂၈ ထိုအရာသည်ယဇ်ပုရောဟိတ်တို့၏အမွေဥစ္စာဖြစ်ရမည်။ ငါသည်သူတို့အမွေဥစ္စာဖြစ်၏။ ဣသရေလပြည်၌ သူတို့အားအမွေမြေကိုမပေးရ။ ငါသည်သူတို့၏အမွေမြေဖြစ်၏။ ၂၉ ပူဇော်သောမုန့်ညက်နှင့်အပြစ်​ဖြေရာယဇ်ဒုစရိုက်​ဖြေရာယဇ်ကိုစားရကြမည်။ ဣသရေလအမျိုးသားကျိန်ဆို၍ပူဇော်သမျှတို့ကိုလည်းသိမ်းယူကြမည်။ ၃၀ အဦးအသီးသော အသီးအမျိုးမျိုးနှင့်ချီးမြှောက်ရာပူဇော်သက္ကာအလုံးစုံတို့ကိုယဇ်ပူဇော်ပုရောဟိတ်သည်သိမ်းယူရမည်။ သူသည်သင့်အိမ်၌ ကောင်းကြီးမင်္ဂလာကိုသက်ရောက်စေခြင်းငှါအဦးနယ်သောမုန့်စိမ်းကိုသူ၌ လှူရမည်။ ငှက်ဖြစ်စေအလိုလိုသေသောအကောင်သားရဲကိုက်၍သေသောအကောင်ကိုယဇ်ပုရောဟိတ်မစားရ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.