-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၄၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၄၀


CROSS REFERENCES






ငါတို့သည် သိမ်းသွားခြင်းကိုခံရာ သက္ကရာဇ်နှစ် ဆယ်ငါးခု၊ ပဌမလဆယ်ရက်နေ့၊ မြို့တော်ကို လုပ်ကြံ၍ တဆယ်လေးနှစ် စေ့သောနေ့တွင်၊ ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍၊ ထိုမြို့သို့ ဆောင်သွားတော်မူ၏။ ဘုရားသခင်၏ ဗျာဒိတ်ရှုပါရုံအားဖြင့်၊ ငါ့ကို ဣသရေလ ပြည်သို့ဆောင်သွား၍၊ အလွန်မြင့်သော တောင်ပေါ်မှာ တင်ထားတော်မှု၏။ ထိုတောင်အနားမှာ တောင်ဘက်၌ မြို့ပုံသဏ္ဍာန်ရှိ၏။ ထိုအရပ်သို့ ငါ့ကိုဆောင်သောအခါ၊ ​ကြေးဝါကဲ့သို့ အဆင်းအရောင်ရှိသော လူတဦးသည် တိုင်းစရာကျူလုံးနှင့် ချည်ကြိုးကိုကိုင်လျက် မြို့တံခါးဝမှာ ရပ်နေ၏။ ထိုသူကအချင်းလူသား၊ စေ့စေ့ကြည့်ရှုလော။ စေ့စေ့နားထောင်လော့။ ငါပြလတံ့သမျှတို့ကို နှလုံးသွင်းလော့။ [A] သင့်အား ငါ့ပြအံ့သောငှါ သင့်ကို ဤအရပ်သို့ ဆောင်ခဲ့တော်မူပြီ။ မြင်သမျှတို့ကိုလည်း ဣသရေလ အမျိုးအားပြရမည်ဟု ဆို၏။

အိမ်တော် ပြင်ပတ်လည်၌ တန်တိုင်းရှိ၏။ ထိုသူသည် သံတောင်အားဖြင့် အရှည်​ခြောက်တောင်ရှိသော ကျူလုံးကိုကိုင်လျက်၊ ထိုတန်တိုင်းကိုတိုင်း၍ အထုကျူတပြန်၊ အမြင့်လည်း ကျူတပြန်ရှိ၏။ ထိုနောက်၊ အရှေ့တံခါးသို့သွား၍ လှေကားကို တက်ပြီးမှ တံခါးထုပ်နှင့် တံခါးခုံကို တိုင်း၍ အနံကျူတပြန်စီရှိ၏။ အခန်းငယ်တို့သည် တခန်းနှင့်တခန်း ငါးတောင်ကွာလျက် အလျားကျူတပြန်၊ အနံလည်း ကျူတပြန်စီရှိကြ၏။ အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။ တံခါးမုတ်ကိုလည်း တိုင်း၍ အလျားရှစ်တောင်ရှိ၏။ မုတ်တောင်အမြင့် နှစ်တောင်ဆီရှိ၏။ တံခါးမုတ် အတွင်းဘက်၌ ရှိသတည်း။ ၁၀ အရှေ့တံခါး တဘက်တချပ်၌ အခန်းငယ်သုံးခန်းစီရှိ၍၊ အလျားအနံ တညီတည်း တဘက်တချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။ ၁၁ တံခါးဝကိုလည်း တိုင်း၍ အနံဆယ်တောင်၊ အမြင့်တဆယ်သုံးတောင်ရှိ၏။ ၁၂ အခန်းငယ်တို့ရှေ့မှာ တဘက်တချက်၌ ကြမ်းပြင်အနံတတောင်ရှိ၏။ တဘက်တချက်၌ ရှိသောအခန်းငယ်တို့သည် အလျားအနံ ခြောက်တောင်စီရှိ၏။ ၁၃ ထိုနောက် အခန်းငယ် အမိုးစွန်းတခုမှသည် တခုတိုင်အောင်တိုင်း၍ အကျယ် နှစ်ဆယ်ငါးတောင်ရှိ၏။ တံခါးတို့သည် မျက်နှာချင်းဆိုင်ကြ၏။ ၁၄ တံခါးပတ်လည် တန်တိုင်း အတွင်း၊ ထောင့်တိုင်အထိ၊ အတောင်​ ခြောက်ဆယ်ကျယ်အောင် တိုင်များကိုထားလေ၏။ ၁၅ ပြင်တံခါးဝမှသည် အတွင်းတံခါးမုတ်ဝတိုင်အောင် အတောင် ငါးဆယ်ရှိ၏။ ၁၆ အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုတ်များအတွင်းဘက်၌ ကျဉ်းသော ပြတင်းပေါက်များရှိ၏။ တိုင်များ၌ စွန်ပလွံပင် ပုံထုလျက်ရှိ၏။

၁၇ ထိုနောက် ငါ့ကို ပြင်တန်တိုင်းထဲသို့သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ်ရှိ၏။ ၁၈ တံခါးများ အစဉ်အတိုင်းလိုက်၍၊ တံခါးအနားမှာ ရှိသော ကျောက်ခင်းသည် အောက်ကျောက်ခင်း ဖြစ်၏။ ၁၉ ထိုနောက်၊ အောက်တံခါးဦးမှ သည်အတွင်းတန်တိုင်း ပြင်ဘက်ဦးတိုင်အောင် တိုင်း၍ အရှေ့မျက်နှာ၌ အတောင်တရာကွာ၏။

၂၀ တဖန် မြောက်မျက်နှာသို့ ခေါ်သွား၍၊ ပြင်တန်တိုင်းမြောက်ဘက်သို့ မျက်နှာပြုသောတံခါး၊ အမြင့်နှင့်အနံကို တိုင်း လေ၏။ ၂၁ အခန်းတို့သည် တဘက်တစ်ချက်၌ သုံးခန်းစီရှိ၏။ တိုင်များ၊ မုတ်များတို့သည် အရင်တံခါး ကဲ့သို့ဖြစ်၍၊ အလျား အတောင်ငါးဆယ်၊ အနံ နှစ်ဆယ်ငါးတောင်ရှိ၏။ ၂၂ ပြတင်းပေါက်၊ မုတ်၊ စွန်ပလွံများတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ၏။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့ တက်နေကြ၏။ မုတ်သို့လှေခါးနှင့် တတန်းတည်း ရှိကြ၏။ ၂၃ အရှေ့ဘက်၌ ရှိသကဲ့သို့ မြောက်တံခါး မျက်နှာချင်းဆိုင် အတွင်းတန်တိုင်း တံခါးဝ၌ ရှိ၏။ တံခါးဝတခုနှင့် တခု အတောင်တရာကွာ၏။

၂၄ ထိုနောက်၊ တောင်မျက်နှာသို့ ခေါ်သွား၍ တောင်တံခါးကို ငါမြင်၏။ တိုင်များ၊ မုတ်များကိုတိုင်း၍အရင်ပမာဏနှင့်တညီတည်းရှိကြ၏။ ၂၅ အရင်ပြတင်းပေါက်ကဲ့သို့ပြတင်းပေါက်များ၊ မုတ်များရှိ၍၊ အလျားအတောင် ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။ ၂၆ လှေခါးခုနစ်ထစ်ဖြင့် တံခါးသို့ တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်း တည်းရှိကြ၏။ တဘက်တချက်တိုင်များ၌ စွန်ပလွံပင်ပုံထုလျက်ရှိ၏။ ၂၇ တောင်မျက်နှာအတွင်းတန်တိုင်းတံခါးဝရှိ၏။ ထိုမျက်နှာ၌ တံခါဝတခုမှသည်တခုတိုင်အောင်တိုင်း၍အတောင်တရာကွာ၏။

၂၈ တဖန်အတွင်းတန်တိုင်းထဲသို့တောင်တံခါးဖြင့်သွင်း၍၊ အရင်ပမာဏနှင့်အညီထိုတံခါကို တိုင်းလေသည်။ ၂၉ အခန်းငယ်တိုင်များ၊ မုတ်များတို့သည်အရင်ပမာဏနှင့်တညီတည်းရှိကြသည်။ တခါးဝပတ်လည်၌ ၎င်း၊ မုတ်များ၌ ၎င်း၊ ပြတင်းပေါက်ရှိ၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။ ၃၀ ပတ်လည်ရှိသောမုတ်တို့သည်လည်း အလျားအတောင်နှစ်ဆယ်ငါးတောင်၊ အနံနှစ်ဆယ်တောင်ရှိ၏။ ၃၁ မုတ်တို့သည်ပြင်တန်တိုင်းသို့ မျက်နှာပြု၍တိုင်များအပေါ်မှာစွန်ပလွံပင်ပုံထုလျက်ရှိ၏။ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။

၃၂ အရှေ့ဘက်၌ လည်းအတွင်းတန်တိုင်းထဲသို့သွင်း၍၊ ထိုတံခါးကိုအရင်ပမာဏနှင့်အညီတိုင်း လေ၏။ ၃၃ အခန်းငယ်များတိုင်များ၊ မုတ်များတို့သည်အရင်ပမာဏနှင့်တညီတည်းရှိကြ၏။ တံခါးဝပတ်လည်၌ ၎င်း၊ မုတ်များ၌ ၎င်းပြတင်းပေါက်ရှိ၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။ ၃၄ မုတ်တို့သည်ပြင်တန်တိုင်းသို့မျက်နှာပြု၍၊ တဘက်တချက်တိုင်များအပေါ်မှာစွန်ပလွံပင်ပုံထုလျက် ရှိ၏။ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။

၃၅ တဖန်မြောက်တံခါးသို့ခေါ် သွား၍အရင်ပမာဏနှင့်အညီတိုင်းလေ၏။ ၃၆ အခန်းငယ်များ၊ တိုင်များမုတ်များ၊ ပတ်လည်၌ ပြတင်းပေါက်များတို့နှင့်ပြည့်စုံ၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးထောင်ရှိ၏။ ၃၇ မုတ်တို့သည် ပြင်တန်တိုင်းသို့မျက်နှာပြု၍၊ တဘက်တချက်တိုင်များအပေါ်မှာစွန်ပလွံပင်ပုံထုလျက်ရှိ၏၊ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။ ၃၈ မီးရှို့သောယဇ်ကောင်ကိုရေနှင့်ဆေးကြောစရာအခန်းများအခန်းဝင်ဝများတို့သည်ထိုတံခါးမုတ်၌ ရှိကြ၏။

၃၉ မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်​ဖြေရာယဇ်ကောင်ကိုသတ်စရာဘို့၊ တံခါးမုတ်အတွင်းတဘက်တချက်၌ စားပွဲနှစ်ခုစီရှိကြ၏။ ၄၀ မြောက်တံခါးဝသို့တက်ရာတံခါးမုတ်၊ ပြင်အနားတဘက်တချက်၌ လည်းစားပွဲနှစ်ခုစီရှိသည်ဖြစ်၍၊ ၄၁ တံခါးဝတဘက်တချက်၌ ယဇ်ကောင်ကိုသတ်စရာစားပွဲလေးခုစီ၊ ပေါင်းရှစ်ခုရှိကြ၏။ ၄၂ မီးရှို့ရာယဇ်ဘို့စားပွဲလေးခုတို့သည်ဆစ်သောကျောက်ဖြင့်ပြီး၍၊ အလျားတတောင်တထွာ၊ အနံတတောင်တထွာ၊ အမြင့်တတောင်ရှိ၏။ ထိုစားပွဲပေါ်မှာမီးရှို့ရာယဇ်ကောင်ကိုသတ်စရာတန်ဆာများကိုတင်ထားရကြ၏။ ၄၃ စားပွဲအပေါ်ပတ်လည်၌ အကျယ်လက်တဝါးရှိသော အနားပတ်တပ်လျက်ရှိ၍ပူဇော်စရာယဇ်သားကိုတင်ထားရကြ၏။

၄၄ အတွင်းတံခါးအပြင်မှာအတွင်းတန်တိုင်း၌ အခန်းနှစ်ခုကိုငါမြင်၏။ တခန်းကား၊ မြောက်တံခါးအနားမှာရှိ၍တောင်ဘက်သို့မျက်နှာပြု၏။ တခန်းကား၊ တောင်တံခါးအနားမှာရှိ၍မြောက်ဘက်သို့မျက်နှာပြု၏။ ၄၅ တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ အိမ်တော်အမှုကိုဆောင်သောယဇ်ပုရောဟိတ်နေစရာဘို့၊ ၄၆ မြောက်ဘက်သို့မျက်နှာပြုသောဤအခန်းကား၊ ယဇ်ပလ္လင်အမှုကိုဆောင်သောယဇ်ပုရောဟိတ်နေစရာဘို့ ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရားထံတော်သို့ချဉ်းကပ်၍ အမှုတော်ကိုဆောင်စေခြင်းငှါ၊ လေဝိသားတို့တွင်ရွေးကောက်သောဇာဒုတ်သားပေတည်းဟုငါ့အားပြောဆို၏။

၄၇ ထိုအခါတန်တိုင်းကိုတိုင်း၍အလျားအတောင်တရာ၊ အနံအတောင်တရာစတုရန်းရှိ၏။ ယဇ်ပလ္လင်သည်အိမ်တော်ရှေ့မှာ တည်၏။ ၄၈ အိမ်တော်ဦးသို့ခေါ်၍တံခါးဝနှစ်ဘက်ကိုတိုင်းလျှင်၊ အကျယ်ငါးတောင်စီရှိ၏။ တံခါးနှစ်ဘက်၊ အနံသုံးထောင်စီရှိ၏။ ၄၉ အိမ်တော်ဦးအလျားကားအတောင်နှစ်ဆယ်၊ အနံကားတဆယ်တတောင်ရှိ၏။ လှေကားဆယ်ထစ်ဖြင့် တက်ရ၏။ အိမ်တော်ဦးအနား၊ တဘက်တချက်၌ တိုင်တလုံးစီတည်လျက်ရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.