-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၃၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၃၈

ဂေါဂ၊ မာဂေါဂစစ်ဖြစ်မည်

တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ အချင်းလူသား ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား [A] ဂေါဂမင်းတဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အိုဂေါဂမင်း၊ သင့်တဘက်၌ ငါနေ၏။ သင့်ကို ငါပြန်လာစေမည်။ သင့်ပါးရိုးကို သံချိတ်နှင့် ချိတ်ပြီးလျှင်၊ သင်မှစ၍၊ ထူးဆန်းသောလက် နက်စုံအမျိုးမျိုးကို ဆောင်သောသူ၊ ဒိုင်းလွှားပါ၍ ဓါးကိုလက်စွဲသော လူအလုံးအရင်းများနှင့် မြင်း၊ မြင်းစီးသူရဲ ဗိုလ်​ခြေအပေါင်းတို့ကို ငါဆောင်ခဲ့မည်။ အသီးအသီး ဒိုင်းလွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသော ပေရသိပြည်သား(အီရန်)၊ ကုရှပြည်သား (ဆူဒန်)၊ ဖုတပြည်သား(လစ်ဗျား)၊ ဂေါမာနှင့် သူ၏တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏တပ်များ (တူရကီ) အလုံးအရင်းများ အပေါင်းတို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။ သင်သည် မိမိ၌ စုဝေးသော လူအလုံးအရင်းများနှင့် တကွ ကိုယ်ကို ပြင်ဆင်လော့၊ ပြင်ဆင်လျက် နေလော့။ သူတို့ကို စောင့်လျက်နေလော့။


ဣသရေလကို ဂေါဂအဖွဲ့က တိုက်မည်

ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ်ရသော အခွင့်ရှိလိမ့်မည်။ ဓါးဘေးနှင့်လွတ်၍ လူအမျိုးမျိုးထဲက နှုတ်သောပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံလျက်နေသော ဣသရေလ တောင်တို့အပေါ်သို့ တဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့၊ နောင်ကာလ၌ သင်သည် စစ်ချီ၍ လာလိမ့်မည်။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နှုတ်ဆောင်သော သူဖြစ်၍၊ တပြည်လုံး ငြိမ်ဝပ်လျက် ရှိနေသောအခါ၊ သင်သည် မိုးသက်မုန်တိုင်းကဲ့သို့ တက်လာ၍၊ သင်၌ ပါသမျှသော တပ်သားအလုံးအရင်းနှင့် တကွ၊ ထိုပြည်ကို မိုးအုံ သကဲ့သို့ ဖြစ်လိမ့်မည်။ ၁၀ အရှင်ထာဝဘုရား မိန့်တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့၍ မကောင်းသော အကြံအစည်ကို ကြံစည်လျက်၊ ၁၁ ရွာဇနပုဒ်များသောပြည်၊ မြို့ရိုးမရှိ၊ တံခါးကျင်နှင့် တံခါးမရှိ၊ စိုးရိမ်စရာ အကြောင်းအလျှင်းမရှိ၊ ငြိမ်ဝပ်သော ပြည်သားတို့ရှိရာသို့ ငါချီသွား၍၊ ၁၂ သူတို့ဥစ္စာကို လုယက်သိမ်းယူမည်။ အရင်ဆိတ်ညံ၍ ယခုလူနေသော အရပ်တို့ကို၎င်း၊ လူအမျိုးမျိုးထဲက စုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကို ရတတ်၍၊ ပြည်အလယ်၌ နေသောသူတို့ကို၎င်း၊ တိုက်မည်ဟု ကြံစည်လိမ့်မည်။


ရှေဘ၊ ဒေဒန်ပြည်သားတာရှုကုန်သည်၊ ခြင်္သေ့ပျိုတို့

၁၃ ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှုကုန်သည်များ၊ ခြင်္သေ့ပျိုအပေါင်းတို့က၊ ကိုယ်တော်သည်သူ့ ဥစ္စာကို လုယူခြင်းငှါ လာသလော၊ သူ့ ဥစ္စာကိုဝေငှ၍ ရွှေငွေကို၎င်း၊ တိရစ္ဆာန်များနှင့် ဥစ္စာများကို၎င်း၊ သိမ်းသွားလျက် များစွာ လုယက်ဖျက်ဆီးခြင်းငှါ အပေါင်းအသင်းကို စုဝေးစေပြီလောဟု မေးမြန်းကြလိမ့်မည်။ ၁၄ သို့ဖြစ်၍ အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဂေါဂအား ဆင့်ဆိုရမည်မှာ၊ ငါ၏ ဣသရေလလူ အမျိုးသားတို့သည် ငြိမ်ဝပ်စွာ နေသောအခါ သင်သည်သိ၍၊ ၁၅ မြင်းစီးသောသူ အလုံးအရင်းအပေါင်း၊ အားကြီးသော စစ်သူရဲ အပေါင်းနှင့်တကွ မြောက်မျက်နှာမှ ချီလာမည်။ ၁၆ ပြည်ကို မိုးအုံ့သကဲ့သို့ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို တက်၍ တိုက်လာမည်။ နောင်ကာလတွင် ငါ၏ပြည် တဘက်၌ သင့်ကို ငါဆောင်ခဲ့မည် မဟုတ်လော။ အကြောင်းမူကား၊ အိုဂေါဂ၊ လူအမျိုးမျိုးတို့ မျက်မှောက်၌ သင့်အားဖြင့် ငါသည် ချီးမြှောက်ရာသို့ ရောက်သောအခါ၊ သူတို့သည် ငါ့ကိုသိရကြမည်အကြောင်းတည်း။ ၁၇ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် စစ်ချီစေမည်ဟု လွန်လေပြီးသော ရှေးကာလ၌ ပရောဖက်ပြုသော ငါ၏​ကျွန်၊ ဣသရေလ ပရောဖက်တို့အား ငါသည် ဗျာဒိတ်ပေးသောအခါ၊ သင့်ကို ရည်မှတ်သည် မဟုတ်လော။


မြေငလျှင်၊ အချင်းချင်းသတ်ခြင်း၊ မိုးသီးမီးမိုး

၁၈ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ဂေါဂသည် ဣသရေလပြည်ကို တိုက်လာသောအခါ၊ ငါသည် ဒေါသအရှိန်ထ၍ အမျက်ထွက်လိမ့်မည်။ ၁၉ အကယ်စင်စစ် ထိုအခါ ဣသရေလ ပြည်၌ ကြီးစွာသော ငလျှင်လှုပ်ရှားခြင်း (a) ဖြစ်လိမ့်မည်၊ ဟုငါ၏ ဒေါသမီးလောင်လျက် ငါပြောပြီ။ ၂၀ ပင်လယ်ငါး၊ မိုးကောင်းကင်ငှက်၊ တောတိရစ္ဆာန်နှင့်မြေ၌ တွားတတ်သော တိရစ္ဆာန်၊ မြေပေါ်မှာရှိသော လူအပေါင်းတို့သည်၊ ငါ့ရှေ့မှာ တုန်လှုပ်ကြလိမ့်မည်။ တောင်တို့သည် ပြိုလျက် အစောက်မြင့်သော အရပ်တို့သည် လဲလျက်၊ အလုံးစုံသော အုတ်ရိုးပြိုလျက် ရှိကြလိမ့်မည်။ ၂၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့တောင်များ အရပ်ရပ်တို့တွင် သူ့တဘက်၌ ဓါးကို ငါမှာလိုက်သဖြင့်၊ လူအပေါင်းတို့သည်၊ တယောက်ကို တယောက် ဓါးနှင့် ခုတ်ကြလိမ့်မည်။ ၂၂ ငါသည် ကာလနာဘေး၊ အသေသတ်ခြင်းဘေး အားဖြင့် သူ့ကိုဒဏ်ပေးမည်။ သူနှင့်သူ၌ ပါသော တပ်များ၊ အလုံးအရင်းများပေါ်မှာ လွှမ်းသောမိုးရေ၊ ကြီးသောမိုးသီး၊ ကန့်နှင့်ရောသော မီးမိုးကိုရွာစေမည်။ ၂၃ ထိုသို့ငါသည် ကိုယ်ကို ချီးမြှောက်၍၊ ရိုသေဘွယ်သော ဂုဏ်လက္ခဏာကို ပြလျက်၊ များစွာသော လူမျိုးတို့ရှေ့မှာ ထင်ရှားသောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

_________________________
Footnotes


၁၉ (a) မြန်မာကျမ်းစာအုပ်၌ "ကြီးစွာသောလှုပ်ရှားခြင်း" ဟုသာပါသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.