-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၂၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၂၉


အဲဂုတ္တုရှင်ဘုရင်ဖါရောနှင့်ပတ်သက်သောပရောဖက်ပြုချက်
CROSS REFERENCES






သက္ကရာဇ်ဆယ်ခု၊ ဒသမလတဆယ်ရက်နေ့တွင်၊ ထာဝရဘုရားနှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ သင်သည်အဲဂုတ္တုရှင်ဘုရင်ဖါရောမင်းတဘက်၌ မျက်နှာထား၍၊ သူနှင့်အဲဂုတ္တုပြည်တပြည်လုံးတဘက်၌ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ အိုအဲဂုတ္တုရှင်ဘုရင်ဖါရောမင်း၊ ကိုယ်မြစ်များအလယ်၌ နေလျက်၊ ငါ့မြစ်ကိုငါပိုင်၏။ ငါ့အဘို့ငါဖန်ဆင်းပြီဟုဆိုတတ်သောမိကျောင်းကြီး၊ သင်တဘက်၌ ငါနေ၏။ သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြစ်၌ နေသောငါးတို့ကိုသင့်အ​ကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ်များအလယ်ထဲကသင့်ကိုငါနှုတ်၍၊ မြစ်၌ ရှိသမျှသောငါးတို့သည်သင့်အ​ကြေးတို့၌ ကပ်ကြလိမ့်မည်။ သင်နှင့်သင့်မြစ်၌ ရှိသမျှသောငါးတို့ကိုတော၌ ငါပစ်ထားမည်။ လွင်ပြင်၌ ကျ၍နောက်တဖန်စုဝေးခြင်းကိုမပြုရ။ တောသားရဲများ၊ မိုးကောင်းကင်ငှက်များစားစရာဘို့သင့်ကိုငါအပ်၏။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုပြည်သားအပေါင်းတို့သည် သိရကြလိမ့်မည်။ [A] အကြောင်းမူကား၊ သင်သည်ဣသရေလ အမျိုး၌ ကျူတောင်ဝှေးဖြစ်လေပြီ။ သင့်ကိုလက်နှင့်ကိုင်သောအခါသင်သည်အကိုင်မခံ၊ သူတို့ပခုံးဆစ်ကိုဖြုတ်လေ၏။ သင်နှင့်ကိုယ်ကိုထောက်သောအခါသင်သည်ကျိုး၍သူတို့ခါးကိုနာစေ၏။


အဲဂုတ္တုပြည်ကိုအနှစ်လေးဆယ်ဖျက်ဆီးမည်
CROSS REFERENCES






သို့ဖြစ်၍၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည်သင့်အပေါ်သို့ဓါးကိုဆောင်ခဲ့၍လူနှင့်တိရစ္ဆာန်တို့ကိုပယ်ဖြတ်သဖြင့်၊ အဲဂုတ္တုပြည်သည်လူဆိတ်ညံလျက်၊ ပျက်စီးလျက်ရှိသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရလိမ့်မည်။ [A] သင်ကငါ့မြစ်ကိုငါပိုင်၏။ ငါဖန်ဆင်းပြီဟုဆိုမိသောကြောင့်၊ ၁၀ သင်နှင့်သင့်မြစ်တဘက်၌ ငါနေ၏။ အဲဂုတ္တုပြည်ကို မိဂဒေါလမှစ၍သု​ဏေမြို့တိုင်အောင်၎င်း၊ အဲသယောပိပြည်စွန်းတိုင်အောင်၎င်း၊ ထားနှင့်ဖျက်ဆီး၍ဆိတ်ညံစေမည်။ ၁၁ အနှစ်လေးဆယ်ပတ်လုံးလူရှောက်၍မသွားရ။ တိရစ္ဆာန်လည်းရှောက်၍မသွားရ။ အဘယ်သူမျှမနေရ။ ၁၂ ပျက်စီးသော ပြည်တို့တွင်အဲဂုတ္တုပြည်ကိုငါဖျက်ဆီးမည်။ လူဆိတ်ညံသောမြို့တို့တွင်အနှစ်လေးဆယ်ပတ်လုံး၊ အဲဂုတ္တုမြို့တို့သည်ပျက်စီးလျက် ရှိကြလိမ့်မည်။ အဲဂုတ္တုလူတို့ကိုအတိုင်းတိုင်းအပြည်ပြည်တို့သို့ငါကွဲပြားပြန့်လွင့်စေမည်။


အဲဂုတ္တုပြည်ကိုအယုတ်ဆုံးဖြစ်စေ၍ဣသရေလကမခိုလှုံရ
CROSS REFERENCES






၁၃ သို့ရာတွင်၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ်လေးဆယ်စေ့သောအခါ၊ ကွဲပြားလျက်နေရသောလူမျိုးတို့မှ အဲဂုတ္တုလူတို့ကိုငါခေါ်၍စုဝေးစေမည်။ ၁၄ သိမ်းသွားခြင်းခံရသောအဲဂုတ္တုလူတို့ကို၊ ငါတဖန်ဆောင်ခဲ့၍သူတို့နေရင်းပြည်၊ ပါသရုပြည်သို့ပြန်စေမည်။ ထိုပြည်၌ ယုတ်သောနိုင်ငံဖြစ်ရလိမ့်မည်။ ၁၅ တပါးသောလူမျိုးတို့ကိုနောက်တဖန်အစိုးမရ။ နိုင်ငံတကာတို့တွင်အယုတ်ဆုံးဖြစ်ရလိမ့်မည်။ တပါးသောလူမျိုးတို့ကိုနောက်တဖန်အစိုးမရစေခြင်းငှါငါရှုတ်ချမည်။ ၁၆ ဣသရေလအမျိုးသားတို့သည်ထိုပြည်သားတို့ကိုမြော်လင့်၍၊ မိမိတို့အပြစ်ကိုငါအောက်မေ့စေသဖြင့်၊ နောက်တဖန်ထိုပြည်သည်သူတို့ခိုလှုံရာမဖြစ်ရာ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရကြလိမ့်မည် [A] ဟုမိန့်တော်မူ၏။


ဗာဗုလုန်စစ်သူရဲများအားတုရုမြို့သိမ်းခအဲဂုတ္တုကိုပေးမည်
CROSS REFERENCES






၁၇ သက္ကရာဇ်နှစ်ဆယ်ခုနစ်ခု၊ ပဌမလတရက်နေ့တွင်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်၊ ငါ့ဆီသို့ရောက်လာ၍၊ ၁၈ အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည်၊ သူ၏စစ်သူရဲတို့ကိုတုရုမြို့တဘက်၌ များစွာသောအမှုကို ဆောင်ရွက်စေပြီ။ စစ်သူရဲတိုင်းခေါင်းတုံးပြီ။ ပခုံးလည်းပွန်းပြီ။ သို့ရာတွင်၊ ရှင်ဘုရင်နှင့်စစ်သူရဲတို့သည်တုရုမြို့တဘက်၌ အမှုဆောင်ရွက်ခကိုထိုမြို့တွင်မခံရကြ။ ၁၉ သို့ဖြစ်၍၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်ကိုဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာအားငါပေးမည်။ ထိုမင်းသည်ပြည်သားအလုံးအရင်းကို၎င်း၊ လက်ရဥစ္စာအမျိုးမျိုးကို၎င်း၊ သိမ်းယူပြီးလျှင်၊ မိမိစစ်သူရဲတို့အခဘို့ဝေငှလိမ့်မည်။ ၂၀ ငါ့အမှုကိုဆောင်ရွက်သောကြောင့်တုရုမြို့တဘက်၌ အမှုဆောင်ရွက်ခဘို့ အဲဂုတ္တုပြည်ကိုငါပေးပြီ။ ၂၁ ထိုကာလ၌ ဣသရေလအမျိုး၏ချိုကိုငါပေါက်စေ၍၊ သူတို့အထဲမှာသင်ဟောပြောရသောအခွင့်ကိုငါပေးမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသူတို့သိရကြလိမ့်မည် [A] ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.