-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၂၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၂၇

တုရုမြို့နှင့်ပတ်သက်၍

တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ တုရုမြို့အတွက်မြည်တမ်းခြင်းကိုပြု၍၊ တုရုမြို့အား ဆင့်ဆိုရမည်မှာ၊ အိုပင်လယ်ဝ၌ တည်သောမြို့၊ များစွာသောကျွန်းသူ​ကျွန်းသားတို့အဘို့ ကုန်သွယ်တက်သောမြို့၊ သင့်ကိုအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင်က၊ ငါ၏တင့်တယ်ခြင်းစုံလင်ပြီ၊ ဟုဆိုတတ်၏။ သင်၏နံပါးတို့သည် ပင်လယ်ထဲမှာရှိ၏။ သင်၏ဗိသုကာတို့သည် သင့်ကိုစုံလင်စွာ တင့်တယ်စေခြင်းငှါ ပြုကြပြီ။ သင်၏ပျဉ်ပြားရှိသမျှတို့ကို စေနိရ Senir (a) ထင်းရှုးသစ်သားဖြင့်လုပ်၍၊ ရွက်တိုင်ဘို့ လေဗနုန်အားအာရဇ်ပင်တို့ကို ယူကြပြီ။ ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကို၎င်း၊ ခိတ္တိမ်​ကျွန်းတို့မှယူခဲ့၍ ဆင်စွယ်နှင့်စီချယ်သောတာရှုရသစ်သားဖြင့် ကန့်တို့ကို၎င်းလုပ်ကြပြီ။ အဲဂုတ္တိပြည်၌ ချယ်လှယ်သောပိတ်ချောရွက်တို့ကိုဖြန့်၍၊ ဧလိရှ​Elishah ကျွန်းတို့မှယူခဲ့သောအထည်ပြာ၊ အထည်မောင်းဖြင့်လုပ်သောမျက်နှာကျက်နှင့်ပြည့်စုံ၏။ ဇိအုန်မြို့သား၊ အာဝဒ်မြို့သားတို့သည်သင်္ဘောသားဖြစ်၍၊ တုရုပညာရှိတို့သည်လမ်းပြမာလိန်ဖြစ်ကြ၏။ ဂေဗလလူကြီးပညာရှိတို့သည်သင့်ကိုပြုပြင်လျက်လိုက်ကြ၏။ ပင်လယ်ကူးတက်သောသင်္ဘောရှိသမျှ၊ သင်္ဘောသားတို့နှင့်တကွသင်နှင့်ဖောက်ကားရောင်းဝယ်ခြင်ငှါပါကြ၏။ ၁၀ ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည်သင်၏တပ်သားစစ်သူရဲလုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကိုပြင်ဆင်၍၊ သင်၏ဂုဏ်အသေရေကို ထင်ရှားစေကြ၏။ ၁၁ အာဝဒ်အမျိုးသားတို့သည်သင်၏တပ်သားတို့နှင့်တကွမြို့ရိုးပတ်လည်စီးကြ၏။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့်၍၊ မြို့ရိုးပတ်လည်၌ မြှားတောင့်တို့ကိုပြင်ဆင်သဖြင့်၊ သင်၏တင့်တယ်ခြင်းကိုစုံလင်စေကြ၏။ ၁၂ သင့်၌ ကုန်သွယ်ရန်ဥစ္စာများသောကြောင့်၊ တာရှုမြို့သည်ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကိုသင့်ဝိုင်းသို့ယူခဲ့၍သင်နှင့်ကုန်သွယ်ခြင်းကိုပြုလေ၏။ ၁၃ ယာပန်မြို့၊ တုဗလမြို့၊ မေရှက်မြို့တို့သည်သင်နှင့်ကုန်သွယ်၍၊ လူ​ကျွန်တို့နှင့်​ကြေးနီဖလားတို့ကိုသင့်စျေး၌ ရောင်းကြ၏။ ၁၄ တောဂါမအမျိုးသားတို့သည်မြင်း၊ မြင်းစီးသူ၊ လားတို့ကိုသင့်ဝိုင်း၌ သွင်းကြ၏။ ၁၅ ဒေဒန်မြို့သားတို့သည်လည်းသင်နှင့်ကုန်သွယ်ကြ၏။ များစွာသောတ​ကျွန်းတနိုင်ငံအရပ်သားတို့သည်သင်လုပ်သောဥစ္စာကိုဝယ်၍ဦးချို၊ ဆင်စွယ်၊ သစ်သားနက်ကိုပြန်ပေးကြ၏။ ၁၆ သင်လုပ်သောဥစ္စာများသောကြောင့်ရှုရိပြည်သည်သင်နှင့်ကုန်သွယ်၍၊ နပတ်ကျောက်၊ ပြာသောအထည်၊ ချယ်လှယ်သောအဝတ်၊ ပိတ်ချော၊ သန္တာကျောက်နီတို့ကိုသင့်ဝိုင်း၌ သွင်းကြ၏။ ၁၇ ယုဒပြည်နှင့်ဣသရေလပြည်သည်သင်နှင့်ကုန်သွယ်၍၊ ဂျုံစပါး၊ မုရန်စေး၊ ပနက်စေး၊ ဗာလံစေး၊ ဆီ၊ ပျားရည်တို့ကိုသင့်စျေး၌ သွင်းကြ၏။ ၁၈ ဒမာသက်မြို့သည် သင်လုပ်သော ဥစ္စာများ စည်းစိမ်များ ပြား သောကြောင့်၊ ဟေဗလုန်စပျစ်ရည် ဖြူသောသိုးမွှေးကိုဖယ်လျက်ဖောက်ကားတတ်၏။ ၁၉ ဝေဒန်မြို့မှာယာဝန်ပြည်ဥဇာလမြို့သည်လည်းပြောင်ကိုသင့်ဝိုင်းသို့ ယူခဲ့၍၊ သင့်စျေး၌ သစ်ကြမ်းပိုးနှင့်ကြံလည်းရှိ၏။ ၂၀ ဒေဒန်မြို့သည်မြင်းစီးသူရဲသုံးစရာချောသောအထည်မျိုးကိုရောင်း၍ သင်နှင့်ကုန်သွယ်၏။ ၂၁ အာရပ်ပြည်နှင့်ကေဒါမင်းအပေါင်းတို့သည်သင်လုပ်သောဥစ္စာကိုရခြင်းငှါသိုးသငယ်၊ သိုးထီး၊ ဆိတ်များတို့နှင့်ဖယ်လှယ်၍ကုန်သွယ်ကြ၏။ ၂၂ ရှေဘကုန်သည်၊ ရာဂမကုန်သည်တို့သည်သင်နှင့်ကုန်သွယ်၍အမြတ်ဆုံးသောနံ့သာမျိုး၊ အဘိုးကြီးသောကျောက်မျိုး၊ ရွှေမျိုးကိုသင့်ဝိုင်း၌ သွင်းကြ၏။ ၂၃ ခါရန်မြို့သား၊ က‌န္နေမြို့သား၊ ဧဒင်မြို့သား၊ ရှေဘကုန်သည်အာရှုရိကုန်သည်ခိလမဒ်ကုန်သည်တို့သည်လည်း၊ သင်နှင့်ကုန်သွယ်၍၊ ၂၄ ထူးဆန်းသောဥစ္စာ၊ ပြာသောအထည်၊ ချယ်လှယ်သောအထည်အဘိုးထိုက်သောအဝတ်တန်ဆာပါ၍၊ ကြိုးနှင့်ပတ်ရစ်ရသောအာရဇ်သေတ္တာတို့ကို သင်၏ကုန်ထဲသို့သွင်းကြ၏။ ၂၅ တာရှုသင်္ဘောတို့သည်သင်၏ကုန်ကိုဆောင်လျက်သွားသဖြင့်သင်သည်ပင်လယ် အလယ်၌ ကြွယ်ဝ၍အလွန်ဘုန်းကြီးလေ၏။

၂၆ ယခုမူကား၊ သင်၏တက်ခတ်သားတို့သည်သင့်ကိုကြီးစွာသောရေထဲသို့ဆောင်သွား၍၊ အရှေ့လေကို၎င်းပင်လယ်အလယ်၌ ချိုးလေပြီ။ ၂၇ သင်သည်လဲပျက်သောအခါသင်၏ ဥစ္စာ၊ ဝိုင်း၊ ကုန်၊ သင်္ဘောသား၊ လမ်းပြမာလိန်၊ ပြုပြင်သူ၊ ကုန်သည်၊ စစ်သူရဲအလုံးအရင်းပါသမျှတို့သည်ပင်လယ်အလယ်၌ ကျရကြလိမ့်မည်။ ၂၈ သင်သည်လမ်းပြမာလိန်တို့ အော်ဟစ်သံကြောင့်ပတ်ဝန်းကျင်အရပ်တို့သည်လှုပ်ရှားကြလိမ့်မည်။ ၂၉ တက်ခတ်သောသူအပေါင်းတို့သည်သင်္ဘောမှဆင်း၍သင်္ဘောသားများပင်လယ်လမ်းပြမာလိန်အပေါင်းတို့သည်ကုန်းပေါ်မှာရပ်လျက်၊ ၃၀ သင့်အဘို့အော်ဟစ်၍ပြင်းစွာ ငိုကြွေးကြလိမ့်မည်။ မြေမှုန့်ကိုမိမိကိုခေါင်းပေါ်မှာပစ်တင်၍ပြာ၌ လူးကြလိမ့်မည်။ ၃၁ ဆံပင်ကိုလည်းဖြတ်၍လျှော်တေအဝတ်ကိုဝတ်စည်းလျက်ညှိုးငယ်သောစိတ်နှင့်သင့်အဘို့ပြင်းစွာငိုကြွေးမြည်တမ်းရသည်ကား၊ ၃၂ ပင်လယ်အလယ်၌ ဆုံးသောမြို့တည်းဟူသောတုရုမြို့နှင့်အဘယ်မြို့တူသနည်း။ ၃၃ သင်၏ဥစ္စာတို့သည်ပင်လယ်ကမ်းဖြင့်ထွက်သွားသောအခါ၊ လူမျိုးများတို့သည်ရောင်ရဲစေ၍များပြားသောဥစ္စာကုန်စလယ်တို့ဖြင့်၊ လောကီရှင်ဘုရင်တို့ကိုကြွယ်ဝစေတတ်၏။ ၃၄ ယခုမူကား၊ သင်သည်ပင်လယ်၌ ၎င်း၊ သင့်ကုန်သွယ်ရန်ဥစ္စာတို့သည်လှိုင်းတံပိုးအလယ်၌ ၎င်း၊ ကျိုးပဲ့၍၊ သင့်နှင့်ပါသောသူအပေါင်းတို့သည်ဆုံးရှုံးကြပြီ။ ၃၅ ​ကျွန်းသူ​ကျွန်းသားအပေါင်းတို့သည်သင့်အမှုကြောင့်၊ မိန်းမောတွေဝေ၍ရှင်ဘုရင်တို့သည် မျက်နှာပျက်ကြလျက်ကြက်သီးမွေးညှင်းထကြ၏။ ၃၆ အမျိုးမျိုးသောကုန်သည်တို့သည်သင့်အားကဲ့ရဲ့သံကိုပြုကြ၏။ သင်သည်ကြောက်မက်ဘွယ်ဖြစ်လေပြီတကား။ နောက်တဖန်မပေါ်လာရပါတကားဟုငိုကြွေးမြည်တမ်းကြလိမ့်မည်ဟုမိန့်တော်မူ၏။

_________________________
Footnotes


(a) စေနိရ Senir သည် အရပ်ဒေသ နာမည်ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.