၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ သင်သည် ယေရုရှလင်မြို့သို့သွားပြီးလျှင်၊
၁၄ အိုဖောက်ပြန်သော သူငယ်တို့၊ ပြန်လာကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင်၏ လင်ဖြစ်သော်လည်း၊%fo(a) သင်တို့မြို့များထဲက တမြို့လျှင် လူတယောက်၊ အမျိုးသားချင်းအစုစုထဲက တစုလျှင် လူနှစ်ယောက်ကိုရွေးယူ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည်။
၃၂ ငါသည် သူတို့၏လင် ဖြစ်ဘူးသော်လည်း %fo(b)အရင်ငါပေးဘူးသော ပဋိညာဉ်တရားကို သူတို့သည် ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။
၈ တဖန်ငါသည်လျှောက်သွား၍ သင့်ကိုမြင်သောအခါ၊ သင်၌ချစ်လိုဘွယ်သောအချိန် အရွယ်ရှိသောကြောင့်၊ ငါသည်ကိုယ်အဝတ်စွန်းကိုဖြန့်၍၊ သင်၌အချည်းစည်းရှိခြင်းကိုဖုံးအုပ်၏။ ကျိန်ဆိုခြင်းပြု၍သင်နှင့်ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည်ငါ၏ခင်ပွန်းဖြစ်လေ၏။%fo(b)
၂၅ ထိုသူလင်မယား နှစ်ဦးတို့သည်၊ အဝတ်မဝတ်ဘဲနေ၍၊ ရှက်ကြောက်ခြင်းနှင့် %fo(a) ကင်းလွတ်ကြ၏။
%ln
၇ ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌အဝတ်အချည်းစည်း ရှိသည်ကိုသိမြင်လျှင်၊မိမိတို့ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင် အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
s လူလင်မယားထံဘုရားရှင်လာ
၂၀ နောဧသည် လယ်လုပ်သော အတတ်ကိုပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။
၄၈ ထာဝရဘုရား စေလွှတ်တော်မူသော ရန်သူ၏ အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမှီ တိုင်အောင် သင့်လည်ပင်း၌ သံထမ်းပိုးကို တင်ထားတော်မူမည်။
၂၀ ထိုနောက် ဒါဝိဒ်သည် နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှာ သွား၍ ရောက်သောအခါ၊ ရှောလု၏သမီး မိခါလသည် ဆီး၍ ကြိုလျက်၊ လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကို ချွတ်သကဲ့သို့၊ ယနေ့ ကျွန်ယောကျ်ား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကို ချွတ်သော ဣသရေလ ရှင်ဘုရင်သည်၊ ယနေ့ အဘယ်မျှလောက် ဘုန်းကြီး တော်မူပါသည်တကား၊ ဟုဆို၏။
၂၀ ထိုအခါ ယောဘသည် ထ၍၊ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်၍ မြေပေါ်မှာဝပ်လျက်ကိုးကွယ်ပြီးလျှင်၊ ငါသည်အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
၇ ချမ်းသောကာလ၌ ကိုယ်ကို ဖုံးလွှမ်းစရာအဝတ်မရှိ။ အချည်းစည်း အိပ်ရကြ၏။
၂ ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်းသော လျှော်တေအဝတ်နှင့် ခြေနင်းကို ချွတ်လော့ ဟုအာမုတ်သား ဟေရှာယကို မိန့်တော်မူသည်အတိုင်း၊ သူသည်ပြု၍ အဝတ်ကိုမဝတ်၊ ခြေနင်းကို မစီးဘဲ သွားလာလျက်နေ၏။
၃ သင်သည် အဝတ်အချည်းစည်းရှိ၍၊ အရှက်ကွဲခြင်းကိုခံရမည်။ ငါသည် အပြစ်ဒဏ်ကိုပေးမည်။ အဘယ်သူနှင့်မျှ မိဿဟာယမဖွဲ့။%fo(a)
၈ ယေရုရှလင်မြို့ ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့်၊ ရွံရှာဖွယ်ဖြစ်လေ၏။ သူ့ကိုရိုသေဘူးသောသူ အပေါင်းတို့သည် သူ၌အချည်းစည်းရှိခြင်းကို မြင်သောကြောင့် မထီမဲ့မြင်ပြုကြ၏။ သူသည်လည်း ညည်းတွား၍ နောက်သို့ ပြန်သွားလေ၏။
၈ တဖန်ငါသည်လျှောက်သွား၍ သင့်ကိုမြင်သောအခါ၊ သင်၌ချစ်လိုဘွယ်သောအချိန် အရွယ်ရှိသောကြောင့်၊ ငါသည်ကိုယ်အဝတ်စွန်းကိုဖြန့်၍၊ သင်၌အချည်းစည်းရှိခြင်းကိုဖုံးအုပ်၏။ ကျိန်ဆိုခြင်းပြု၍သင်နှင့်ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည်ငါ၏ခင်ပွန်းဖြစ်လေ၏။%fo(b)
၃၆ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ရည်းစားများ၊ စက်ဆုပ်ရွံ့ရှာဘွယ်သော ရုပ်တုအပေါင်းတို့နှင့် မှားယွင်းခြင်းအားဖြင့်၎င်း၊ သူတို့အားပေးသော သားသမီးတို့၏အသွေးအားဖြင့်၎င်း၊ သင်သည်ကိုယ်ရှက်ကြောက်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကိုထင်ရှားစွာဖေါ်ပြသောကြောင့်၊
၁၈ ထိုသို့မတရားသောမေထုန်ကိုပြုခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ကိုထင်ရှားဖော်ပြသောကြောင့်၊ ငါသည်သူ့အစ်မကို ရွံရှာသကဲ့သို့၊ သူ့ကိုလည်းရွံရှာ၏။
၉ သို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကို၎င်း၊ စပျစ်ရည်လုပ်ရာကာလ၌ ငါ့စပျစ်ရည်ကို၎င်း၊ သူ၏ကိုယ်ကိုဖုံးလွှမ်းစရာ ငါ့သိုးမွေးနှင့်ပိုက်ဆန်ကို၎င်း၊ ငါသိမ်းယူမည်။
၈ ထိုအမှုကြောင့် ငါသည် ငိုကြွေးမြည်တမ်းမည်။ အဝတ်ကိုချွတ်၍ အချည်းစည်းလည်သွားမည်။ မြေခွေးကဲ့သို့အူလျက်၊ ကုလားအုပ်ငှက်ကဲ့သို့ မြည်လျက်နေမည်။
၅ ထိုအမှုသည် ယာကုပ်လွန်ကျူး၍၊ ဣသရေလအမျိုး ပြစ်မှားသောကြောင့် ရောက်သတည်း။ ယာကုပ်လွန်ကျူးရာ ကားအဘယ်သို့နည်း။ ရှမာရိမြို့မဟုတ်လော။ ယုဒ၏ မြင့်ရာအရပ်ကား အဘယ်မှာရှိသနည်း။ ယေရုရှလင်မြို့၌ ရှိသည်မဟုတ်လော။
၁၅ မိမိအိမ်နီးချင်း၌ အဝတ်အချည်းစည်းရှိခြင်းကိုမြင်လို၍၊ သူ့ကိုယစ်မူးစေခြင်းငှါ သေရည်သေရက်ကို လောင်း၍သောက်စေသောသူသည်အမင်္ဂလာရှိ၏။
၃၆ ငါသည် အဝတ်အချည်းစည်း ရှိသောအခါ၊ သင်တို့သည် အဝတ်နှင့် ဖုံးလွှမ်းကြ၏။ ငါသည် အနာရောဂါ စွဲသောအခါ၊ သင်တို့သည် ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာ နေရသောအခါ၊ သင်တို့သည် ငါ့ထံသို့ လာကြ၏၊ ဟုမိန့်တော်မူလျှင်၊
၁၅ ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသောအစာမရှိသောအခါ၊
၁၅ အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။
၃၆ အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည်၊ အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဖို့ရာ ထားသော သိုးကဲ့သို့၊ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏။ ဟုကျမ်းစာလာသည် နှင့်အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကို ခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည်၊ ခရစ်တော်၏ ချစ်ခြင်း မေတ္တာတော်နှင့်၊ ငါတို့ကို ကွာစေမည်နည်း။
၁၇ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှ မလိုဟုပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်း ရှိခြင်းဖြစ်သည်ကို၊ မသိပါတကား။
၁၆ အသံတော်ကား သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍၊ သူတပါးရှေ့၌ ရှက်စရာအကြောင်းမရှိ စေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။
s သတ္တမဖလား အလွန်ပြင်းထန်သောမြေလှုပ်
၃ စုန်းမသား၊ နောက်မီးလင်းသော မိန်းမသား၊ ပြည်တန်ဆာ မိန်းမသားတို့၊ ချဉ်းကပ်ကြလော့။
၂၀ ရှေးကာလ၌ သင်ထမ်းရသောထမ်းပိုး၊ သင်၌ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးချွတ်၍သင်က၊ အကျွန်ုပ်သည် မမှားယွင်းဘဲ နေပါမည်ဟု ဂတိထားသော်လည်း၊ မြင့်သောတောင် ရှိသမျှအပေါ်၌၎င်း၊ စိမ်းသောသစ်ပင် ရှိသမျှအောက်၌၎င်း၊ ကိုယ်ကိုချ၍ ပြည်တန်ဆာလုပ်လေ၏။
၃ မိုးခေါင်၍ နောက်မိုးတိုင်အောင် မရွာသော်လည်း၊ သင်သည် ပြည်တန်ဆာနဖူး ရှိ၍ ရှက်ခြင်းသဘောကို ပယ်ရှားပြီ။
၇ ထိုသို့သောအပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ်နိုင်သနည်း။ သင်၏သားသမီးတို့သည် ငါ့ကိုစွန့်၍၊ ဘုရားမဟုတ်သော သူတို့ကိုတိုင်တည်လျက် ကျိန်ဆိုကြပြီ။ ငါသည် ဝစွာကျွေးသောအခါ သူတို့သည် ပြည်တန်ဆာအိမ်၌ စည်းဝေး၍ မှားယွင်းကြပြီ။
၁၅ သို့ရာတွင်သင်သည်၊ ကိုယ်လှသောအဆင်းကိုကိုးစား၍၊ ဂုဏ်အသရေကျော်စောသောကြောင့်၊ ပြည်တန်ဆာလုပ်၍ ခရီးသွားသောသူအပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြားပြုသဖြင့်၊ ယောက်ျားတိုင်းအခွင့်ရ၏။
၃၁ သင်၏ရုပ်ပွား၊ စေတီ %fo(c)ကိုခပ်သိမ်းသောလမ်း၌ တည်၍၊ လမ်းရှိတိုင်းမြင့်သောအရပ်ကိုလုပ်သဖြင့်၊ အခကိုငြင်းသောကြောင့် ပြည်တန်ဆာနှင့်မတူ။
၄၁ သင့်အိမ်တို့ကိုလည်းမီးရှို့၍၊ များစွာသောမိန်းမတို့ရှေ့မှာသင့်ကိုအပြစ်ပေးကြသဖြင့်၊ သင်သည်နောက်တဖန်ပြည်တန်ဆာမလုပ်ဘဲနေစေခြင်းငှါငါပြုမည်။ နောက်တဖန်သင်သည်သူတပါးတို့ကိုမငှါးရ။
၄၃ ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမနှင့်ပင် အကယ်၍မတရားသောမေထုန်ကို ပြုကြလိမ့်မည်လော၊ ဟုအိုသည်တိုင် အောင် ပြည်တန်ဆာလုပ်သော ထိုမိန်းမကို ရည်မှတ်၍ဆိုသော်၊
၂ သင်သွား၍ ပြည်တန်ဆာ မိန်းမနှင့်တကွ၊ သူဖွားမြင်သော သားသမီးတို့ကို သိမ်းပိုက်လော့။ အကြောင်းမူကား၊ ပြည်သားတို့သည် ထာဝရဘုရားကို စွန့်ပစ်၍ အထပ်ထပ် မှားယွင်းကြပြီ၊ ဟုဟောရှေအား မှာထားတော်မူသည် အတိုင်း၊
၂ သင်တို့အမိနှင့် ဆွေးနွေးကြလော့။ သူသည် ငါ့မယားမဟုတ်၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွေးကြလော့။ ပြည်တန်ဆာ မျက်နှာကိုပယ်၍ မှားယွင်းခြင်းအမှုကို ရှောင်စေ။
၃ သင်သည်ငါ့အဘို့နေ့ရက်များစွာစောင့်၍နေရမည်။ ပြည်တန်ဆာ မလုပ်ရ။ အခြားသောယောက်ျားနှင့်မပေါင်းဖေါ်ရ။ သို့ပြုလျှင်၊ သင့်အဘို့ငါစောင့်၍နေမည်ဟုပြောထား၏။
၁၄ သင်တို့သမီးတို့သည်ယောက်ျားနှင့်မှားယွင်း၍၊ ချွေးမတို့သည်လည်း နောက်မီးလင်းသော်လည်း ငါမစစ်ကြော။ အကြောင်းမူကား၊ ယောက်ျားတို့သည် ကိုယ်မယားကို စွန့်ပစ်၍၊ ပြည်တန်ဆာ တို့နှင့်ပေါင်းဖေါ်တတ်ကြ၏။ မိန်းမရွှင်တို့နှင့်အတူယဇ်ပူဇော်တတ်ကြ၏။ သို့ဖြစ်၍၊ ပညာမရှိသောသူတို့သည်ဆုံးရှုံးကြလိမ့်မည်။