၂ ခါလဒဲလူတို့ဘက်သို့ ထွက်သွားသောသူသည် အသက်ချမ်းသာ၍၊ လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည် ဟူ၍၎င်း၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေလက်သို့ ဆက်ဆက်အပ်၍၊ သူသည် သိမ်းယူလိမ့်မည်ဟူ၍၎င်း၊
၁၈ ငါသည် သင့်ကို စင်စစ်ကယ်နှုတ်မည်။ သင်သည် ဓါးဖြင့်မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကို ကိုးစားသောကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
၅ သင်သည် ကြီးစွာသော အရာတို့ကို ကိုယ်အဘို့ရှာသလော။ မရှာနှင့်၊ အကြောင်းမူ ကား၊ ငါသည် ခပ်သိမ်းသော သတ္တဝါအပေါ်သို့ ဘေးရောက်စေမည်။ သို့ရာတွင်၊ သင်ရောက်လေရာ အရပ်ရပ်တို့၌၊ သင်၏အသက်ကို လက်ရဥစ္စာကဲ့သို့ သင့်အားငါပေးမည်၊ ဟု ထာဝရဘုရား မိန့်တော်မူ၏။