၂၅ သင်၏ အမျိုးသားချင်းသည်ဆင်းရဲ၍၊ မိမိပိုင်သောမြေကို ရောင်းလျှင်၎င်း၊ သူ၏ပေါက်ဖေါ် တစ်စုံတစ်ယောက်သည် ဝယ်ခြင်းငှာလာလျှင်၎င်း၊ မိမိပေါက်ဖေါ် ရောင်းသောဥစ္စာကို ရွေးနှုတ်ရသော အခွင့်ရှိရမည်။
၁၂ ငါသည် ရွေးပိုင်သော အမျိုးသားချင်း မှန်ပေ၏။ သို့သော်လည်း ငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်း တစ်ယောက်ရှိသေး၏။၊%fo(a)
၄ သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူ များရှေ့မှာ ဝယ်ပါတော့၊ ဟုပြောမည် အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင် ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ်အား ကြားပြောပါတော့။ သင်မှတပါး ရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာ ကျသည်ဟုဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်၊ ဟုပြန်ပြော၏။
sဧလိမလက် အမျိုးသားက သူမရွေးနိုင်ပြော
၆ ထိုအခါ ယေရမိက၊ ငါ့ဆီသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
၁၄ ထာဝရဘုရား မတတ်နိုင်သောအမှု တစ်စုံတခုရှိသလော။ ချိန်းချက်သော ဖွားချိန်စေ့သောအခါ၊ သင့်ဆီသို့ငါပြန်လာ၍၊ စာရာသည်သားကို ရလိမ့်မည်၊ ဟုထာဝရဘုရားသည် အာဗြဟံအား မိန့်တော်မူ၏။
၁၈ ကိုယ်တော် မတတ်နိုင်သော အရာတစုံတခုမျှ မရှိပါ။
၂၇ ငါထာဝရဘုရားသည် ခပ်သိမ်း သောသတ္တဝါတို့ကို အစိုးရသော ဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင်သော အရာတစုံတခု ရှိလိမ့်မည်လော။
၆ တဖန်မိန့်တော်မူသည်ကား၊ ထိုအမှုသည် ယခုကာလတွင် ကျန်ကြွင်းသော ဤလူတို့မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်သော်လည်း၊ ငါ့မျက်မှောက်၌ အံ့ဩဘွယ် ဖြစ်ရာလေသလော၊ ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၂၆ ယေရှုသည်လည်း၊ သူတို့ကို ကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်၊ ဟုမိန့်တော်မူ၏။
s အသစ်ပြုပြင်သောကာလ
၂၇ ယေရှုသည်လည်း၊ သူတို့ကိုကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင်မတတ်နိုင်သည် မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို၊ တတ်နိုင်တော်မူသည်၊ ဟုမိန့်တော်မူ၏။
sကိုယ်တော်နောက်လိုက်ခ
၃၇ ဘုရားသခင် တတ်နိုင်တော်မမူသောအမှုမရှိ ဟုပြောဆိုလျှင်၊
၂၇ ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင် တတ်နိုင်တော်မူသည်၊ ဟုမိန့်တော်မူ၏။
sကိုယ်တော်နောက်လိုက်ရကျိုး
၈ သူတို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ နို့နှင့်ပျားရည် စီးတတ်သောပြည်သို့ ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ။
၁၇ အဲဂုတ္တုပြည်၌ ခံရသောဒုက္ခထဲက သင်တို့ကိုငါနှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ နေရာ၊ နို့နှင့်ပျားရည်စီးတတ်သောပြည်သို့ပို့ဆောင်မည်၊ ငါကတိရှိသည်၊ ဟုမိန့်တော်မူပြီ၊ ဟုသူတို့အား ပြောလော့။
sဣသရေလလူတို့သည် ကြွယ်၀စွာ ထွက်သွားကြမည်
၅ သင်တို့အား ပေးခြင်းငှာ ဘိုးဘေးများ၌ ထာဝရဘုရား ကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ တိတ္တိလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ နေရာတည်းဟူသော နို့နှင့်ပျားရည်စီးသော ပြည်သို့ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကို ပြုရကြမည်။
၃ နို့နှင့်ပျားရည်စီးသောပြည်သို့ သင်တို့ကို ပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင်မသွား။ သင်တို့သည် လည်ပင်းခိုင်မာသောလူမျိုး ဖြစ်သောကြောင့်၊ လမ်း၌ သွားစဉ် သင်တို့ကို ငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်၊ ဟုမောရှေအား မိန့်တော်မူ၏။
၂၇ မောရှေအားလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော် စေလွှတ်သော ပြည်သို့ ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည် စီးသောပြည် ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌ သီးသော အသီးဖြစ်ပါ၏။
၈ ထာဝရဘုရားသည် ငါတို့ကို နှစ်သက်လျှင်၊ နို့နှင့်ပျားရည်စီးသောထိုပြည်သို့ ငါတို့ကို ဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။
၁၃ သင်သည် ဤတော၌ ငါတို့ကို သတ်လိုလျှင် နို့နှင့်ပျားရည်စီးသောပြည် မှဆောင်ခဲ့သော်လည်း၊ ငါတို့အပေါ်၌ လုံးလုံးမင်း မပြုလျှင်၊ စိတ်မပြေသေးသည်တကား။
၂၄ သူတို့ပြည် တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည် ကိုသင်တို့သည် အမွေခံစေခြင်းငှာ ငါအပိုင်ပေးမည်၊ ဟုငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
၃ အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့်ပျားရည်စီးသောပြည်၌ ချမ်းသာရ၍ အလွန်ပွားများမည် အကြောင်း နားထောင်လော့။ သတိနှင့်ကျင့်စောင့်လော့။
၉ ထာဝရဘုရားသည် သင်တို့၏ ဘိုးဘေးတို့နှင့် သူတို့ အမျိုးအနွယ်အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့ အသက်တာ ရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ရကြမည်။
၉ နို့နှင့်ပျားရည်စီးသောဤပြည် သို့ပို့ဆောင်၍ ပေးသနားတော်မူ၏။
၁၅ ကိုယ်တော်၏ သန့်ရှင်းသော နေရာ ကောင်းကင်ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလ အမျိုးကို၎င်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည် အတိုင်း၊ အကျွန်ုပ်တို့အား ပေးတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်ကို၎င်း ကောင်းကြီးပေးတော်မူပါ၊ ဟုလျှောက်ဆိုရမည်။
sဘုရား စကားနားထောင်ဖို့ဝန်ခံပြီ
၃ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော် ရှိသည်အတိုင်း သင့်အားပေးတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည် သို့ဝင်စားအံ့သောငှာ ကူးသွားပြီးမှ၊ ဤတရားစကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။
၂၀ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးတို့အား ငါကျိန်ဆို၍ နို့နှင့်ပျားရည်စီးသောပြည် သို့သူတို့ကို ငါဆောင်သွင်းသဖြင့်၊ သူတို့သည် ဝစွာစားရ၍ ဆူဖြိုးသောအခါ၊ အခြားတပါးသော ဘုရားတို့ ထံသို့လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုပုန်ကန်၍ ငါ့ပဋိညာဉ် တရားကို ဖျက်ကြလိမ့်မည်။
၆ အဲဂုတ္တုပြည်မှ ထွက်လာသော စစ်သူရဲ အပေါင်းတို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲနေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလ အမျိုးသားတို့သည် အနှစ်လေးဆယ် ပတ်လုံးတော၌ လှည့်လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်၊ ဟုဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်ကို ထိုသူတို့သည် မမြင်ရကြ၊ ဟုကျိန်ဆိုတော်မူ၏။
၃ ယနေ့ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည် စီးသောပြည် ကိုငါပေးမည်ဟု သင်တို့၏ ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာဂတိကို စောင့်ရသောအခွင့် ရှိစေခြင်းငှါ၊ သင်တို့သည် ငါ၏လူဖြစ်၍၊
၂၂ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်တည်းဟူသော၊ နို့နှင့်ပျားရည်စီးသော ဤပြည်ကို ပေးသနားတော်မူသဖြင့်၊
၆ သူတို့ကိုအဲဂုတ္တုပြည်မှ ငါနှုတ်ပြီးလျှင်၊ ပြည်တကာတို့၏အထွတ်ဖြစ်၍ နို့နှင့်ပျားရည်စီးသောပြည်၊ သူတို့အဘို့ငါကြည့်ရှုသောပြည်သို့ ဆောင်သွားခြင်းငှါ ကျိန်ဆိုသောအခါ၊
၁၅ တဖန် ပြည်တကာတို့၏အထွတ်ဖြစ်၍၊ နို့နှင့်ပျားရည်စီးသောပြည်၊ သူတို့အား ငါပေးသောပြည်သို့ မပို့ဆောင်နိုင်ခြင်းငှါ၊ တော၌ ငါကျိန်ဆို၏။
၁၄ ထာဝရဘုရား မတတ်နိုင်သောအမှု တစ်စုံတခုရှိသလော။ ချိန်းချက်သော ဖွားချိန်စေ့သောအခါ၊ သင့်ဆီသို့ငါပြန်လာ၍၊ စာရာသည်သားကို ရလိမ့်မည်၊ ဟုထာဝရဘုရားသည် အာဗြဟံအား မိန့်တော်မူ၏။
၁၈ ကိုယ်တော် မတတ်နိုင်သော အရာတစုံတခုမျှ မရှိပါ။
၂၇ ငါထာဝရဘုရားသည် ခပ်သိမ်း သောသတ္တဝါတို့ကို အစိုးရသော ဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင်သော အရာတစုံတခု ရှိလိမ့်မည်လော။
၆ တဖန်မိန့်တော်မူသည်ကား၊ ထိုအမှုသည် ယခုကာလတွင် ကျန်ကြွင်းသော ဤလူတို့မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်သော်လည်း၊ ငါ့မျက်မှောက်၌ အံ့ဩဘွယ် ဖြစ်ရာလေသလော၊ ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၂၆ ယေရှုသည်လည်း၊ သူတို့ကို ကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်၊ ဟုမိန့်တော်မူ၏။
s အသစ်ပြုပြင်သောကာလ
၂၇ ယေရှုသည်လည်း၊ သူတို့ကိုကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင်မတတ်နိုင်သည် မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို၊ တတ်နိုင်တော်မူသည်၊ ဟုမိန့်တော်မူ၏။
sကိုယ်တော်နောက်လိုက်ခ
၃၇ ဘုရားသခင် တတ်နိုင်တော်မမူသောအမှုမရှိ ဟုပြောဆိုလျှင်၊
၂၇ ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင် တတ်နိုင်တော်မူသည်၊ ဟုမိန့်တော်မူ၏။
sကိုယ်တော်နောက်လိုက်ရကျိုး
၁၃ ယခုတွင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်၎င်း၊ ငါသည် စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည်မထူးသောကြောင့်၎င်း၊
၇ အကြောင်းမူကား၊ ငါ့စကားကို နားထောင်ကြလော့ဟု သင်တို့၏ဘိုးဘေးများကို အဲဂုတ္တုပြည်က ငါနှုတ်ဆောင်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမသော်လည်း၊
၃ ယုဒရှင်ဘုရင်အာမုန်သားယောရှိနန်းစံဆယ်သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံးထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍အမိန့်တော်ကိုအထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည်နားမထောင်ဘဲနေကြ၏။
၅ ငါသည်စောစောထ၍သင်တို့ရှိရာသို့အထပ်ထပ်စေလွှတ်သောငါ၏ကျွန်ပရောဖက်တို့၏စကားကိုနားမထောင်ဘဲနေသကဲ့ သို့၊ ယခုလည်းနားမထောင်ဘဲနေလျှင်၊
၁၈ အကြောင်းမူကား၊ ငါသည် စောစောထ၍၊ အထပ်ထပ်မှာထားစေလွှတ်သော ငါ၏ကျွန် ပရောဖက်တို့၏စကားကို၊ သူတို့သည်နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။
sပရောဖက်အတုများ အသတ်ခံရမည်
၁၅ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကို သနားသောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက် တော်မူသော်လည်း၊
၁၄ စပျစ်ရည်ကို မသောက်ရဟု ရေခပ်သား ယောနဒပ်သည် မိမိသားတို့၌ ထားသော ပညတ်စကားအတိုင်း၊ သူတို့သည်ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲ နေလျက်၊ အဘ၏ ပညတ်စကားကို နားထောင်ကြ၏။ ငါသည်စောစောထ၍ သင်တို့ကို အထပ်ထပ် ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။
၄ ငါ၏ကျွန် ပရောဖက် အပေါင်းတို့ကို ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်လျက်၊ ငါမုန်းသောအမှု၊ ဤစက်ဆုပ်ရွံရှာဘွယ်သော အမှုကိုမပြုပါနှင့်ဟု ပြောသော်လည်း၊
c၂၄
sသင်္ဘောသဖန်းသီးတောင်း နှစ်လုံး
၁ ထာဝရဘုရား ပြတော်မူသော ရူပါရုံဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းအစရှိသော ယုဒမှူးမတ်များ၊ လက်သမားများ၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောနောက်၊ ထာဝရဘုရား၏ ဗိမာန်တော်ရှေ့၌ ထားသော သင်္ဘောသဖန်းသီး တောင်းနှစ်လုံးသည် ထင်ရှားလေ၏။ ၂ တောင်းတလုံး၌ကား၊ အဦးမှည့်သော သင်္ဘောသဖန်းသီးကဲ့သို့ အလွန်ကောင်းသော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။ တလုံး၌ကား၊ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။ ၃ ထာဝရဘုရားကလည်း၊ ယေရမိ၊ သင်သည် အဘယ်အရာကို မြင်သနည်း၊ ဟုမေးတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ဘောသဖန်းသီးကိုမြင်ပါ၏။ ကောင်းသော သင်္ဘောသဖန်းသီးသည် အလွန်ကောင်းပါ၏။ ညံ့သော သင်္ဘောသဖန်းသီးသည် မစားနိုင်အောင် အလွန်ညံ့ပါသည်၊ ဟုပြန်လျှောက်၏။
sသိမ်းသွားခြင်းခံသူတို့ ကောင်းသောသဖန်းသီး
၄ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ၅ ဤအရပ်မှ ခါလဒဲပြည်သို့ ငါစေလွှတ်၍ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားတို့သည်၊ ဤကောင်းသောသင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်၊ ဟုငါဝန်ခံမည်။ ၆ သူတို့၌ ကျေးဇူးပြုမည်၊ ဟုငါကြံစည်၍၊ ဤပြည်သို့ တဖန်ငါဆောင်ခဲ့ဦးမည်။နောက်တဖန် မဖြိုမဖျက်ဘဲ တည်ဆောက်မည်။ မနှုတ်မပယ်ဘဲ စိုက်ထားမည်။ ၇ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို၊ သူတို့သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူ ဖြစ်ကြ၍၊ ငါသည်လည်း သူတို့၏ ဘုရားသခင် ဖြစ်လိမ့်မည်။ ငါ့ထံသို့ စိတ်နှလုံး အကြွင်းမဲ့နှင့် ပြန်လာကြလိမ့်မည်။
sယေရုရှလင်မြို့၌ ကျန်ရစ်သူတို့ ညံ့သောသဖန်းသီး
၈ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့၊ ငါသည် ယုဒရှင်ဘုရင် ဇေဒကိမှစ၍၊ မှူးတော်မတ်တော်၊ ဤပြည်၌ ကျန်ကြွင်းသော ယေရုရှလင်မြို့သား၊ အဲဂုတ္တုပြည်၌ နေသော အမျိုးသားတို့ကို ဖြစ်စေမည်။ ၉ သူတို့သည် ငါနှင်ရာ အရပ်ရပ်တို့၌ ကဲ့ရဲ့ခြင်း၊ ပုံခိုင်းခြင်း၊ ဆဲရေးခြင်း၊ ကျိန်ခြင်းတို့ကို ခံရမည်အကြောင်း၊ ငါသည်မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့၌ နှောင့်ယှက် ညှဉ်းဆဲခြင်းသို့ သူတို့ကို အပ်လိုက်မည်။ ၁၀ သူတို့နှင့် သူတို့၏ ဘိုးဘေးတို့အား ငါပေးသောပြည်မှ၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးကို သူတို့ရှိရာသို့ ငါစေလွှတ်မည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။
၃၃ နောင်ကာလအခါ ဣသရေလ အမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ် တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည်သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။