၁၃ သူတို့ကို ငါရှင်းရှင်း ဖျက်ဆီးမည်။ စပျစ်နွယ်ပင်၌ စပျစ်သီးမရှိရ။ သင်္ဘောသဖန်းပင်၌ သင်္ဘောသဖန်းသီးမရှိရ။ အရွက်လည်း ညှိုးနွမ်းရမည်အကြောင်း၊ လွှမ်းမိုးသော သူတို့ကို ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
sချမ်းသာကို မြော်လင့်သော်လည်း ဘေးသက်သက်
၁၀ တော၌ စပျစ်သီးကဲ့သို့ဣသရေလအမျိုးကိုငါတွေ့၏။ သီးစသောသင်္ဘောသဖန်းပင်၌ အဦးဆုံးမှည့်သောသင်္ဘောသဖန်းသီးကဲ့သို့သင်တို့ဘိုးဘေးများကိုငါမြင်၏။ သူတို့သည်ကိုယ်အလိုအလျောက်ဗာလပေဂုရဘုရားထံသို့သွား၍၊ ထိုရှက်ဘွယ်သောအရာ အဘို့ကိုယ်ကိုအပ်နှံသဖြင့်တပ်မက်သည်အတိုင်းစက်ဆုပ်ရွံရှာဘွယ်သောအမှုတို့ကိုပြုကြ၏။
၄ လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင် အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တယောက်မျှမရှိရ။ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။
၁၈ နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။
၆ တဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတယောက်သည် ဥယျာဉ်၌ စိုက်သော သင်္ဘောသဖန်းပင် တပင်ရှိ၏။ ထိုအပင်သို့လာ၍ အသီးကို ရှာသော်လည်းမတွေ့။
၁၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ ယေရမိ၊ သင်သည်အဘယ်အရာကို မြင်သနည်း၊ ဟုမေးတော်မူလျှင်ငါက၊ အကျွန်ုပ်သည် ဗာတံကိုင်းကိုမြင်ပါ၏၊ ဟုလျှောက်သော်၊
၁၃ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်၍၊ သင်သည်အဘယ်အရာကို မြင်သနည်း၊ဟုမေးတော်မူလျှင်၊ ငါက၊ အကျွန်ုပ်သည် ဆူပွက်သောအိုးကင်းကို မြင်ပါ၏။ မြောက်ဘက်သို့ မျက်နှာပြုလျက်ရှိပါ၏၊ ဟုလျှောက်လျှင်၊
၈ အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်း၊ ဟုမေးတော်မူလျှင်၊ ချိန်ကြိုးကိုမြင်ပါသည်၊ ဟုလျှောက်သော်၊ ဘုရားရှင်က၊ ငါ၏လူ ဣသရေလ အမျိုးအလယ်၌ ချိန်ကြိုးကို ငါချမည်။ နောင်တဖန် သူတို့ကို သည်းမခံ။
၂ အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်း၊ ဟု မေးတော်မူလျှင်၊ နွေကာလအသီးပါသော တောင်းကို မြင်ပါသည်၊ ဟုငါလျှောက်သော်၊ ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူ ဣလရေလအမျိုး၌ ရောက်လေပြီ။ နောက်တဖန် သူတို့ကိုသည်း မခံ။
၂ သင်သည် အဘယ်အရာကို မြင်သနည်း၊ ဟုမေးလျှင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီမီးခုံကိုမြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတလုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံးဆက်သော ပြွန်တံခုနစ်တံရှိပါ၏။
၁၅ နှုတ်ပြီးမှ တဖန် ငါသနား၍၊ အသီးအသီးတို့ကို မိမိတို့ ပိုင်ထိုက်သောမြေ၊ မိမိတို့နေရင်းပြည်သို့ ငါပြန်ပို့မည်။
၁၀ တဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌ အနှစ်ခုနစ်ဆယ် စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကို တည်စေ၍၊ သင်တို့ကို ဤပြည်သို့ ပို့ဆောင်ဦးမည်။
၃၇ ငါသည်အမျက် ဟုန်းဟုန်းထွက်၍၊ အမျက်အရှိန်အားကြီးသည်နှင့်၊ သူတို့ကို နှင်ထုတ်ရာ တိုင်းပြည်ရှိသမျှတို့မှ တဖန်စုသိမ်း၍ ဤအရပ်သို့ဆောင် ခဲ့ပြီးလျှင်၊ ငြိမ်ဝပ်စွာနေစေမည်။
၁၇ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကားသူတို့ကိုဖြန့်ကြဲသောလူအမျိုးမျိုးနေရာအတိုင်းတိုင်းအပြည်ပြည်တို့မှငါသိမ်းယူ၍၊ စုဝေးပြီးလျှင်၊ ဣသရေလပြည်ကိုပေးမည်။