-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၂


ထာ၀ရဘုရား၏ အိမ်တော်ချီးမြှောက်မည်

ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သား ဟေရှာယ ခံရသော ဗျာဒိတ်တော်အချက်ဟူမူကား။ နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏ အိမ်တော် တည်သောတောင်သည်၊ တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ [A] ခပ်သိမ်းသော လူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသော သူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏ တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့် အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်၊ ဟုခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက်လိမ့်မည်။


စစ်မတိုက်လက်နက်များ ထွန်သွားလုပ်မည်

ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍၊ များပြားသော လူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ဓါးလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း၊ ထုလုပ်ကြလိမ့်မည်။ [B]တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။(a)



အိုယာကုပ်အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏ အလင်းတော်၌ ကျင်လည်ကြကုန်အံ့။ အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ် အမျိုးသားတည်းဟူသော ကိုယ်တော်၏ လူတို့ကို စွန့်ပစ်တော်မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ ပြည်အတတ်နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိ ဆရာဖြစ်ကြ၏။ တပါးအမျိုးသားနှင့် အပေါင်းအဖေါ်ပြုကြ၏။ သူတို့ပြည်သည် ရွှေငွေနှင့် ကြွယ်ဝ၍၊ ဥစ္စာပစ္စည်းအတိုင်း မသိများ၏။ သူတို့ပြည်သည် မြင်းနှင့်ကြွယ်ဝ၍၊ မြင်းရထားအတိုင်း မသိများ၏။ သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့် ကြွယ်ဝ၍၊ မိမိလက်နှင့် လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသော အရာကိုပင် သူတို့သည် ဦးချကြသည်တကား။ ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။


CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၀ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကို ကြောက်ခြင်းအရှိန်၊ [C]ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့်၊ ကျောက်ထဲသို့ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။ ၁၁ ထိုကာလ၌ လူတို့၏ မော်သောမျက်နှာကို နှိမ့်ရမည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရား တပါတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။ ၁၂ ကောင်းကင် ဗိုလ်​ခြေ အရှင် ထာဝရဘုရား၏ နေ့ရက်ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သော အရာရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်း ရှိကြလိမ့်မည်။ ၁၃ ကြီးမြင့်သော လေဗနုန်အာရဇ်ပင်ရှိသမျှကို၎င်း၊ ဗာရှန်သပိတ်ပင်ရှိသမျှကို၎င်း၊ ၁၄ မြင့်သောတောင်ရှိသမျှကို၎င်း၊ မိုမောက်သော တောင်ပို့ရှိသမျှကို၎င်း၊ ၁၅ မြင့်သောရဲတိုက်ရှိသမျှကို၎င်း၊ ခိုင်ခံ့သော မြို့ရိုးရှိသမျှကို၎င်း၊ ၁၆ တာရှု သင်္ဘောအပေါင်းတို့ကို၎င်း၊ နှစ်သက်ဘွယ်သော ရူပါရုံအလုံးစုံတို့ကို၎င်း ဆီးတားလိမ့်မည်။ ၁၇ ထိုကာလ၌ လူတို့၏မာနကို ရှုတ်ချ၍၊ လူတို့၏ စိတ်မြင့်သော သဘောကို နှိမ့်ရမည်။ ထာဝရဘုရား တပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။ ၁၈ ရုပ်တုဆင်းတုတို့သည် ရှင်းရှင်း ကွယ်ပျောက်ကြလိမ့်မည်။ ၁၉ ထာဝရ ဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ [D] ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့်လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။ ၂၀ ထိုကာလ၌ လူတို့သည် မိမိတို့ ကိုးကွယ်ဘို့ မိမိတို့ လုပ်ဘူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များ၌ ပစ်ထားကြလိမ့်မည်။ ၂၁ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။ ၂၂ နှာခေါင်းနှင့် အသက်ရှုတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သောသူကို အဘယ်သို့ ပမာဏပြုစရာရှိသနည်း။ [E]

_________________________
Footnotes


(a) ယောလ ၃း၁၀ ၌ထွန်းသွားများကို လက်နက်များထုလုပ်စေပြီး၊ ဟေရှာယ ၂း၄ ၌လက်နက်များကို ထွန်သွားများထုလုပ်စေသည်။ ဆန့်ကျင်ဖက်ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.