-
AA
+
🡀
|
🡂
ဒေသနာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒေသနာကျမ်း
အခန်းကြီး ၂


ကာမဂုဏ်ခံစားခြင်းသည် အနတ္တ
CROSS REFERENCES






တဖန် ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည်ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ ပျော်မွေ့လော့၊ ဟုဆိုရာတွင် ထိုအမှုအရာသည်လည်း အနတ္တဖြစ်လေ၏။ [A] ရယ်မောခြင်းကို သင်သည် အရူးဖြစ်၏ ဟူ၍၎င်း၊ ရွှင်လန်းခြင်းကို အဘယ်ကြောင့် ဤသို့ပြုသနည်းဟူ၍၎င်း၊ ငါဆိုရ၏။ တဖန် လူသားတို့သည် မိုးကောင်းကင် အောက်၌၊ တသက်လုံး ပြုသင့်သော အမှုကောင်းကို သိအံ့သောငှာ၊ ပညာတရားကို လေ့ကျင့်လျက်နှင့် စပျစ်ရည်အလိုသို့ လိုက်၍ မိုက်သော အကျင့်ဓလေ့၌ ကျင်လည်ခြင်းငှာ၊ ငါကြံစည်၏။


အိမ်၊ ခြံ၊ ရွှေ၊ ငွေ၊ မိန်းမ၊ မျက်စိတပ်မက်ခြင်းများ၊ အနတ္တသက်သက်
CROSS REFERENCES






ကြီးကျယ်သော အလုပ်ကို စီရင်၍ အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျာဉ်တို့ကိုလည်း စိုက်၏။ ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသောအသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက်၏။ သစ်ပင်မျိုးနှင့် ပြည့်စုံသော တောကို ရေလောင်းစရာဖို့ ရေကန်တို့ကိုလည်း လုပ်၏။ ​ကျွန်ယောကျ်ား၊ ကျွန်မိန်းမတို့ကို သိမ်းယူ၍၊ ​ကျွန်သားပေါက်များလည်း ရှိကြ၏။ ငါ့အရင် ယေရုရှလင်မြို့၌ ဖြစ်ဖူးသော သူအပေါင်းတို့ထက် ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။ ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သော ဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသော အခွန်ကို၎င်း ငါဆည်းဖူး၏။ အငြိမ့်သမား ယောက်ျား၊ မိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့တတ်သော ကြင်လျာ၊ မိန်းမ၊ မောင်းမ၊ မိဿံတို့ကို၎င်း၊​ ငါသိမ်းယူ၏။ ထိုသို့ ငါ့အရင် ယေရုရှင်လင်မြို့၌ ဖြစ်ဖူးသော သူအပေါင်းတို့ထက် ငါသည် တိုးပွား၍ ကြီးမြင့်ခြင်းသို့ ရောက်၏။ ငါ့ပညာလည်း တည်လျက်ရှိ၏။ ၁၀ ငါ့မျက်စိ တပ်မက်လိုချင်သောအရာ တစုံတခုကိုမျှ မငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှ မပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍ ကြိုးစားခြင်း အကျိုးကို ခံရ၏။ ၁၁ ထိုအခါ ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ [A]လေကို ကျက်စားသော အကျိုး တစုံတခုမျှ မရှိ။




၁၂ တဖန် ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ ရှင်ဘုရင်နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဖူးသည်အတိုင်းသာ ပြုနိုင်၏။ ၁၃ သို့ရာတွင် အလင်းသည် မှောင်မိုက်ထက် မြတ်သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက် မြတ်သည်ကို ငါသိမြင်၏။ ၁၄ ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ဦးခေါင်း၌ ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်သော အရပ်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ၏။
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၅ သို့ဖြစ်၍၊ မိုက်သောသူ တွေ့ကြုံသကဲ့သို့၊ ငါသည်တွေ့ကြုံလျှင်၊ အဘယ်ကြောင့် သူ့ထက်သာ၍ ပညာရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ [A]ဖြစ်သည်ဟူ၍၎င်း၊ ငါအောက်မေ့၏။ ၁၆ ယခုဖြစ်သမျှ အမှုအရာတို့ကို နောင်ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက်သောသူ သေသကဲ့သို့ သေတတ်ပါသည်တကား။ ၁၇ ထို့ကြောင့် အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုရသောမှုသည်ငါ၌ ခက်ခဲ၏။ အလုံးစုံတို့သည် အနတ္တအမှု၊ [A]လေကို ကျက်စားသောအမှု ဖြစ်ကြ၏။ ၁၈ ထိုမှတပါး ငါသည် နေအောက်မှာ ကြိုးစားအားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှ ဖြစ်လတံ့သောသူအဖို့ ငါချန်ထားရမည်။ ၁၉ ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လော၊ ဟုအဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာ ငါ့ပညာကို ထင်ရှားပြလေသမျှသော အမှုတို့ကို အစိုးရလိမ့်မည်။ ထိုအမှုအရာသည်လည်း အနတ္တ [A]ဖြစ်၏။ ၂၀ ထို့ကြောင့် နေအောက်မှာ ငါကြိုးစား အားထုတ်သမျှတို့၌ မျှော်လင့်စရာမရှိ။ စိတ်ပျက်အောင် တဖန် ငါကြံစည်၏။ ၂၁ အကြောင်းမူကား ပညာရှိလျက် သိပ္ပံအတတ်နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ်သောသူ ဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဖို့ ထိုအမှုကို စွန့်ထားရမည်။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှု ဖြစ်၏။ ၂၂ လူသည် နေအောက်မှာ ကြိုးစားအားထုတ်သောအမှု၊ အလွန်စိတ်စွဲလမ်းသော အမှုအလုံးစုံတို့၌ အဘယ်အကျိုး ရှိသနည်း။ ၂၃ သူ၏နေ့ရက် အပေါင်းတို့သည်ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညအခါ၌ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ [A] ၂၄ စားသောက်ခြင်းငှာ၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှာ၎င်း၊ လူ၌ ကောင်းသောအခွင့်မရှိ။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ထိုသို့သော အခွင့်ကို ရနိုင်သည်၊ ဟုငါသိမြင်၏။ ၂၅ ဘုရားသခင်၏ အခွင့်မရှိဘဲ အဘယ်သူ စားရသနည်း။ အဘယ်သူ ခံစားရသနည်း။ ၂၆ ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ ရှေ့တော်၌ ကောင်းသောသူအား ပေးစရာဖို့၊ ဆည်းဖူး သိုထားရသောအခွင့်ကို၎င်း၊ ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ [A]လေကို ကျက်စားသောအမှု ဖြစ်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.