-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၂၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၂၇


သစ္စာဂတိပြုသောအခါ ဖြတ်မည့်တန်ဘိုး

တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ လူသည် သစ္စာဂတိပြု၍ ပူဇော်လျှင်၊ ပူဇော်အပ်သောသူသည်၊ သင်အဘိုး ဖြတ်သည်အတိုင်း ထာဝရဘုရား၏ ဘဏ္ဍာတော်ဖြစ်ရမည်။ သင်သည် အဘယ်မျှ အဘိုးဖြတ်ရမည် နည်းဟူမူကား၊ ယောကျ်ားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ် ငါးဆယ်နှင့် အဘိုးဖြတ်ရမည်။ မိန်းမဖြစ်လျှင်၊ ငွေအကျပ် သုံးဆယ်နှင့် အဘိုးဖြတ်ရမည်။ အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင်၊ ယောကျာ်းကို အကျပ်နှစ်ဆယ်၊ မိန်းမကို အကျပ်တစ်ဆယ်နှင့် အဘိုးဖြတ်ရမည်။ အသက်တလမှသည် ငါးနှစ်တိုင်အောင်၊ ယောကျ်ားကို ငွေငါးကျပ်၊ မိန်းမကို သုံးကျပ်နှင့် အဘိုးဖြတ်ရမည်။ အသက်​ ခြောက်ဆယ်လွန်လျှင်၊ ယောကျ်ားကို ဆယ်ငါးကျပ်၊ မိန်းမကို တစ်ဆယ်နှင့် အဘိုးဖြတ်ရမည်။ သင်အဘိုး ဖြတ်သည်အတိုင်း မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ် ထံသို့ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ်သည် သစ္စာဂတိပြုသော သူတတ်နိုင်သမျှ အတိုင်းအဘိုး ဖြတ်ရမည်။


တိရစ္ဆာန်ကို ထာဝရဘုရားအား ပူဇော်လျှင်

လူသည် တိရစ္ဆာန်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ ပူဇော်သမျှသည် သန့်ရှင်းရမည်။ ၁၀ ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ၊ တစ်ကောင်အတွက် တစ်ကောင်ကို မလဲရ။ လဲလိုလျှင်၊ နှစ်ကောင်စလုံး သန့်ရှင်းရမည်။ ၁၁ ထာဝရဘုရားအား မပူဇော်အပ်၊ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အား ပြ၍၊ ၁၂ ကောင်းမကောင်းရှိသည် အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ် ဖြတ်သည်အတိုင်း အဘိုးရှိရမည်။ ၁၃ ပူဇော်သောသူသည် ရွေးလိုလျှင်၊ အဘိုးရင်းနှင့် ငါးစုတစ်စုကိုထပ်၍ ပေးရမည်။


အိမ်ကိုထာဝရဘုရားအဖို့ သန့်ရှင်းစေလျှင်

၁၄ လူသည် မိမိအိမ်ကို ထာဝရဘုရား အဖို့ သန့်ရှင်းစေလျှင်၊ ကောင်းမကောင်း ရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ် ဖြတ်သည်အတိုင်း အဘိုးရှိရမည်။ ၁၅ ထိုအိမ်ကို သန့်ရှင်းစေသော သူရွေးလိုလျှင်၊ ပြတ်သော အဘိုးရင်းနှင့် ငါးစုတစ်စုကို ပေး၍ အိမ်ကိုယူရမည်။


လယ်ယာကို ထာဝရဘုရားအဖို့ သန့်ရှင်းစေလျှင်

၁၆ လူသည် ကိုယ်ပိုင်သော လယ်ယာကို ထာဝရဘုရား အဖို့ သန့်ရှင်းစေလျှင်၊ မုယော မျိုးစေ့ကြဲရသည်အတိုင်း အဘိုးဖြတ်ရမည်။ မျိုးစေ့ တစ်ဩမဲ ကြဲရသောလယ်ကို၊ ငွေအကျပ်ငါးဆယ်နှင့် အဘိုးဖြတ်ရမည်။ ၁၇ ယုဘိလနှစ်မှစ၍ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ ဖြတ်သည်အတိုင်း အဘိုးရှိရမည်။ ၁၈ ယုဘိလနှစ်လွန်မှ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ နောင်ယုဘိလနှစ် မှီအောင် လိုသေးသော နှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ် ရေတွက်၍ ဖြတ်သော အဘိုးရင်းငွေကို လျော့ရမည်။ ၁၉ မိမိလယ်ကို သန့်ရှင်းစေသောသူသည် ရွေးလိုလျှင်၊ ဖြတ်သော အဘိုးရင်းနှင့် ငါးစုတစ်စုကိုပေး၍ လယ်ကိုအပိုင်ယူရမည်။ ၂၀ သို့မဟုတ် လယ်ကိုမရွေးလို၊ အခြားသောသူအား ရောင်းမိလျှင်၊ နောက်တဖန် မရွေးရ။ ၂၁ ယုဘိလနှစ်တွင် ထိုလယ်သည် အမှုလွတ်သောအခါ၊ ကျိန်ဆိုသော လယ်ကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်။ ၂၂ လူသည် ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သော လယ်ယာကို ထာဝရဘုရား အဖို့ သန့်ရှင်းစေလျှင်၊ ၂၃ ယုဘိလနှစ်တိုင်အောင် ဖြတ်သောအဘိုးကို၊ ယဇ်ပုရောဟိတ် ရေတွက်၍၊ ထာဝရဘုရား အဖို့ သန့်ရှင်းစေသော နေ့၌ အဘိုးဖြတ်သော အဘိုးငွေကို ပေးရမည်။ ၂၄ ယုဘိလနှစ် ရောက်သောအခါ၊ ထိုလယ်ကို အရင်ပိုင်၍ ရောင်းသောသူ လက်သို့ပြန်စေရမည်။ ၂၅ အဘိုးဖြတ်လေရာရာ၌ အကျပ်တော် အလိုက်ဖြတ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ် ဖြစ်သတည်း။


ကျိန်ဆို၍ပူဇော်သမျှမရွေးရ

၂၆ ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ထာဝရဘုရား ဥစ္စာဖြစ်၏။ ၂၇ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ အဘိုးဖြတ်သည် အတိုင်းရွေး၍၊ ငါးစုတစ်စုကို ထပ်၍ ပေးရမည်။ မရွေးလိုလျှင်၊ အဘိုးဖြတ် သည်အတိုင်း ရောင်းရမည်။ ၂၈ သို့ရာတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်း လယ်ဖြစ်စေ၊ ထာဝရဘုရားအား ကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့်ရှင်းရမည်။ ၂၉ လူကိုပင် ကျိန်ဆို၍ ပူဇော်လျှင်၊ နောက်တဖန် မရွေးရ၊ သတ်ရမည်။ [A] ၃၀ စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသော အသီးအနှံ ဆယ်စုတစ်စုသည် ထာဝရဘုရား၏ ဘဏ္ဍာတော်ဖြစ်၏။ ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။ ၃၁ ဆယ်စုတစ်စုကို ရွေးလိုလျှင်၊ အဘိုးရင်းနှင့် ငါးစုတစ်စုကို ထပ်၍ပေးရမည်။ ၃၂ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌ သွားသမျှသော အကောင် ဆယ်စုတစ်စုသည်၊ ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။ ၃၃ ကောင်းသလော၊ ညံ့သလော၊ ဟုမမေးမစစ်ရ။ တစ်ကောင်အတွက် တစ်ကောင်ကိုမလဲရ။ လဲလိုလျှင် နှစ်ကောင်စလုံး သန့်ရှင်းရမည်။ အလျှင်းမရွေးရ၊ ဟုမိန့်တော်မူ၏။ ၃၄ ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုး သားတို့အဖို့ မောရှေ၌ ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း။


မောရှေစီရင်ရေးထားသော ဝတ်ပြုရာကျမ်းပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.