၆ ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။
၁၈ သို့ဖြစ်၍ ငါဟောပြောသော ဤစကားကို စိတ်နှလုံး၌ သွင်းထား၍၊ လက်၌ လက္ခဏာ သက်သေဖို့ရာ၎င်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း၊ ချည်ထားရကြမည်။
၄ ငါ့အဘ သွန်သင်၍ မြွတ်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌ သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။
sပညာကို ဆည်းဖူးလော့
၁၈ ဖြောင့်မတ်သောသူတို့၏ လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည့် တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။
၃ ပညာရှိသောသူတို့သည်လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်း တရားလမ်းထဲသို့ သွင်းသောသူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။
၄၃ ထိုအခါ ဖြောင့်မတ်သော သူတို့သည် နေထွန်းလင်း သကဲ့သို့ မိမိတို့ အဘ၏ နိုင်ငံတော်၌ ထွန်းလင်းကြလတံ့။ ကြားစရာ နားရှိသောသူ မည်သည်ကား ကြားပါစေ။
s ဝှက်ထားသောဘဏ္ဍာ
၉ သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ရပ်နေကြသောအခါ၊ ကိုယ်တိုင် မြင်သောအမှုအရာတို့ကို မမေ့မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည် အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။ စိတ်နှလုံးကို ကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။
s သိနာတောင်၌ ဘုရားစကားပြော
၆ ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။
၄၆ သင်တို့အား ယနေ့ ငါသက်သေခံ သမျှသော စကားတို့ကို နှလုံးသွင်းကြလော့။ သင်တို့ သားသမီးတို့သည် ဤပညတ်တရား စကားတော် အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ သူတို့အား ထပ်ဆင့်၍ မှာထားရကြမည်။
၁၂ အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်း မိမည်အကြောင်း၊ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်ခြင်းငှါ သွန်သင်တော်မူပါ။
၂၁ သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးသွင်း၌ စောင့်ထားလော့။
၇ ဖြောင့်မတ်ခြင်းတရားကို သိ၍၊ ငါ့၏တရားကို နှလုံးသွင်း မိသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ လူတို့သည် အပြစ်တင်မည်၊ ဟုမစိုးရိမ်ကြနှင့်။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။
၁၀ တဖန်အချင်းလူသား၊ သင့်အား ငါပြောလတံ့သမျှသော စကားတို့ကို နားထောင်၍ နှလုံးသွင်းလော့။
၄ ထိုသူကအချင်းလူသား၊ စေ့စေ့ကြည့်ရှုလော။ စေ့စေ့နားထောင်လော့။ ငါပြလတံ့သမျှတို့ကို နှလုံးသွင်းလော့။ သင့်အား ငါ့ပြအံ့သောငှါ သင့်ကို ဤအရပ်သို့ ဆောင်ခဲ့တော်မူပြီ။ မြင်သမျှတို့ကိုလည်း ဣသရေလ အမျိုးအားပြရမည်ဟု ဆို၏။
၂၃ ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကို ကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာ ပွားများ၍ အသီးသီး တတ်သည်၊ ဟုဆိုလိုသတည်း၊ ဟုမိန့်တော်မူ၏။
s ရန်သူကြဲသော တောမျိုးစေ့
၈ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါး နှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသော သတင်းတပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို၎င်း၊ နှလုံးသွင်းကြလော့။
၁၅ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို၊ ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။