-
AA
+
🡀
|
🡂
သုတ္တံကျမ်း
၃၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၃၀



ယာကေသားအာဂုရသည်ဣသေလနှင့်ဥကလကိုဆုံးမသောတရားစကားဟူမူကား၊ အကယ်စင်စစ်ငါသည်လူမဟုတ်၊ တိရစ္ဆာန်ဖြစ်၏။ လူဥာဏ်နှင့်မပြည့်စုံ [A] ပညာတရားကိုမသင်၊ သန့်ရှင်းသောအရာတို့ကိုမလေ့ ကျက်။ ကောင်းကင်ဘုံသို့အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည်လေကိုမိမိလက်နှင့်ဆုပ်ယူသနည်း။ အဘယ်သူသည်ရေကိုအဝတ်နှင့်ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကိုအဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏အမည်နှင့်သူ၏သားအမည်ကားအဘယ်သို့နည်း။ သင်ပြောနိုင်သလော။ ဘုရားသခင်၏စကားတော်ရှိသမျှသည်စင် ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင်သည်အကွယ်အကာဖြစ်တော်မူ၏။ စကားတော်တို့၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင်အပြစ်တင်တော်မူ၍၊ သင်သည်မုသာသုံးသောသူဖြစ်လိမ့်မည်။
CROSS REFERENCES






ကိုယ်တော်ထံမှာဆုနှစ်ပါးကိုအ​ကျွန်ုပ်တောင်းပါ၏။ အ​ကျွန်ုပ်မသေမှီတိုင်အောင်ငြင်းတော်မမူပါနှင့်။ အ​ကျွန်ုပ်မှ အနတ္တ [B]နှင့်မုသာကိုပယ်တော်မူပါ။ ဆင်းရဲခြင်းနှင့်ငွေရတတ်ခြင်းကိုပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောအစာကိုသာပေးတော်မူပါ။ သို့မဟုတ်၊ အ​ကျွန်ုပ်သည်ကြွယ်ဝ၍၊ ထာဝရဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟုစိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍သူ့ဥစ္စာကိုခိုးသဖြင့်၊ အ​ကျွန်ုပ်၏ဘုရားသခင်နာမတော်ကိုမုသာနှင့်ဆိုင်၍ မြွတ်ဆိုမည်ဟုစိုးရိမ်စရာရှိပါ၏။

၁၀ ​ကျွန်ုပ်၏အကျိုးကိုဖျက်ခြင်းငှါသူ၏သခင်ကိုမပြောနှင့်။ ပြောလျှင်ကျွန်သည်သင့်ကိုကျိန်ဆဲ၍၊ သင်၌ အပြစ်ရောက်မည်ဟုစိုးရိမ်စရာရှိ၏။ ၁၁ အဘကိုကျိန်ဆဲ၍အမိကိုလည်းကောင်းကြီးမပေးတတ်သောလူတမျိုး၊ ၁၂ ငါသည်စင်ကြယ် ၏ဟုမိမိကိုထင်သော်လည်း၊ မိမိအညစ်အ​ကြေးမှမဆေးကြောသေးသောလူတမျိုး၊ ၁၃ အလွန်စိတ်မြင့်၍မော်ကြည့်တတ်သောလူတမျိုး၊ ၁၄ ဆင်းရဲသောသူတို့ကိုမြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကိုလူစုထဲက၎င်း၊ ကိုက်စားဖယ်ရှားစရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသောအံနှင့်ပြည့်စုံသောလူတမျိုးရှိ၏။ ၁၅ မျှော့ကောင်၌ ပေးပါနှင့်ပေးပါဟူသော သမီးနှစ်ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သောအရာသုံးပါးမက၊ တန်တော့ဟုမဆိုတတ်သောအရာလေးပါးဟူမူကား၊ ၁၆ သင်္ချိုင်းတပါး၊ မြုံသောမိန်းမဝမ်းတပါး၊ ရေမဝနိုင်သောမြေတပါး၊ တန်တော့ဟုမဆိုတတ်သောမီးတပါးတည်း။ ၁၇ အဘကို ကျီစားသောသူ၊ အမိစကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏မျက်စိကိုချိုင့်၌ ကျင်လည်သောကျီးအတို့သည်နှိုက်ကြလိမ့်မည်။ လင်းတသူငယ်တို့သည်လည်းစားကြလိ့မ်မည်။ ၁၈ ငါ့ဥာဏ်မမှီနိုင်သောအရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သောအရာလေးပါးဟူမူကား၊ ၁၉ လေ၌ လင်းယုန်သွားရာလမ်းတပါး၊ ကျောက်ပေါ်မှာမြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အမနှင့်ယောကျ်ားသွားရာလမ်းတပါးတည်း။ ၂၀ နောက်မီးလင်းသောမိန်းမလမ်းလည်း ထိုအတူဖြစ်၏။ အစာစားပြီးမှမိမိပါးစပ်ကိုသုတ်၍၊ ဒုစရိုက်ကိုငါမပြုမိဟုဆိုတတ်၏။

၂၁ မြေကြီးကိုမွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သောအရာလေးပါးဟူမူကား၊ ၂၂ မင်းပြုသော​ကျွန်တပါး၊ ဝစွာစားရသောလူမိုက်တပါး၊ ၂၃ လက်ထပ်သောမိန်းမဆိုးတပါး၊ သခင်မဥစ္စာကိုအမွေခံရသောကျွန်မတပါးတည်း။ ၂၄ မြေကြီးပေါ်မှာသေးနုပ်သော်လည်း၊ အထူးသဖြင့်ပညာရှိသောအရာလေးပါးဟူမူကား၊ ၂၅ ခွန်အားမရှိသောအမျိုး ဖြစ်သော်လည်း၊ နွေကာလ၌ မိမိစားစရာကိုပြင်ဆင်တတ်သောပရွက်ဆိတ်တပါး၊ ၂၆ မသန်စွမ်းသောအမျိုးဖြစ်သော်လည်း၊ ကျောက်တွင်း၌ နေရာချတတ်သောရှာဖန်ယုန်တပါး၊ ၂၇ မင်းမရှိသော်လည်း၊ တပ်ဖွဲ့၍အစဉ်အတိုင်းသွားတတ်သောကျိုင်းတပါး၊ ၂၈ လက်ဖြင့်ကိုင်ဆွဲ၍၊ နန်းတော်၌ ပင်နေတတ်သောအိမ်မြှောင်တပါးတည်း။ ၂၉ ကောင်းစွာသွားတတ်သောအရာ သုံးပါးမက၊ အသွားလှသောအရာလေးပါးဟူမူကား၊ ၃၀ တိရစ္ဆာန်တကာတို့ထက်ခွန်အားကြီး၍၊ အဘယ်သူကိုမျှမရှောင်တတ်သောခြင်္သေ့တပါး၊ ၃၁ စစ်မြင်းတပါး၊ ဆိတ်ထီးတပါး၊ အဘယ်သူမျှမဆီးတားနိုင်သောရှင်ဘုရင်တပါးတည်။ ၃၂ သင်သည်ကိုယ်ကိုချီးမြှောက်၍မိုက်သောအမှုကိုပြုမိသော်၎င်း၊ မကောင်းသောအကြံကိုကြံမိသော်၎င်း၊ သင်၏နှုတ်ကိုလက်နှင့်ပိတ်ထားလော့။ ၃၃ အကယ်စင်စစ်နို့ကိုမွှေလျှင်ထောပတ်ထွက်တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင်အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင်ခိုက်ရန်ထွက်တတ်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.