-
AA
+
🡀
|
🡂
သုတ္တံကျမ်း
၂၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၂၇


CROSS REFERENCES






နက်ဖြန်နေ့ကိုအမှီပြု၍မဝါကြွားနှင့်။ တရက်အတွင်းတွင်အဘယ်သို့ဖြစ်လိမ့်မည်ကိုမသိနိုင်။ [A] ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ သူတပါးချီးမွမ်းပါလေစေ။ ကိုယ်နှုတ်နှင့် ကိုယ်ကိုမချီးမွမ်းဘဲ၊ ကိုယ်နှင့်မဆိုင်သောသူတပါး ချီးမွမ်းပါလေစေ။ [B] ကျောက်နှင့်သဲသည်လေး၏။ မိုက်သောသူ၏ဒေါသသည် ထိုနှစ်ပါးထက်သာ၍လေး၏။ မာနသည်ကြမ်းကြုတ်သောသဘောရှိ၏။ ဒေါသသည်ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ခံနိုင်သနည်း။ ထင်ရှားစွာဆုံးမပြစ်တင်ခြင်းသည် တိတ်ဆိတ်စွာချစ်ခြင်းထက် သာ၍ကောင်း၏။ အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာ စောင့်လျက်ပေး၏။ ရန်သူမူကား၊ နမ်းသောအခါ လှည့်စားတတ်၏။ စား၍ဝသောသူသည် ပျားလပို့ကိုပင် ငြင်းပယ်လိမ့်မည်။ မွတ်သိပ်သောသူမူကား ခါးသောအရာကို ချိုသည်ဟုထင်တတ်၏။ မိမိနေရာကိုစွန့်၍ လည်သောသူသည် မိမိအသိုက်ကိုစွန့်၍ လည်သောငှက်နှင့်တူ၏။ နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့သို့ ကြည်ညိုသောစိတ်နှင့်အကြံပေးတတ်သော အဆွေခင်ပွန်း၏ ချစ်ဘွယ်သောလက္ခဏာသည် ရွှင်လန်းစေတတ်၏။ ၁၀ ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏အဆွေခင်ပွန်းကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကိုအိမ်သို့မသွားနှင့်။ နီးသောအိမ်နီးချင်းသည် ဝေးသောညီအစ်ကိုထက် သာ၍ကောင်း၏။ ၁၁ ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့။ ၁၂ သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းရှောင်လျက်နေတတ်၏။ ဥာဏ်တိမ်သောသူမူကားအစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။

၁၃ မ​ကျွမ်းသောသူအတွက်၊ အမျိုးပျက်သောမိန်းမအတွက်၊ အာမခံတတ်သောသူသည် အဝတ်အစရှိသော ဥစ္စာတစုံတခုကို ပေါင်ထားစေ။ ၁၄ နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။ ၁၅ ရန်တွေ့တတ်သောမယားသည် မိုးသည်းစွာရွာသောနေ့၌ အစက်စက်ကျသော မိုးပေါက်နှင့်တူ၏။ ၁၆ ထိုမိန်းမကို သိမ်းထားသောသူသည် လေကိုသိမ်းထားသောသူနှင့်တူ၏။ လကျ်ာလက်၌ လိမ်းသောနံ့သာဆီကိုဝှက်၍ မထားနိုင်။ ၁၇ သံကိုသံဖြင့် ထက်စေသကဲ့သို့၊ လူသည်အဆွေခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။(a) ၁၈ သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကိုစားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သောသူသည် ဂုဏ်အသရေကိုရတတ်၏။ ၁၉ ရေသည် မျက်နှာကို ရောင်ပြန်ဟပ်သကဲ့သို့ နှလုံးသားသည် လူသားအစစ်ကို ထင်ဟပ်စေသည်။(b) ၂၀ မရဏာနိုင်ငံနှင့် အဗဒ္ဒုန်သည် (c) အလိုမပြည့်စုံသကဲ့သို့၊ လူတို့မျက်စိသည်အလိုမပြည့်စုံတတ်။ ၂၁ ငွေစစ်စရာဘို့မိုက်ရှိ၏။ ရွှေစစ်စရာဘို့မီးဖိုရှိ၏။ လူကိုစစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ၏။ (d) ၂၂ မိုက်သောသူကို စပါးနှင့်အတူ ဆုံ၌ ကျည်ပွေ့နှင့်ထောင်းသော်လည်း၊ မိုက်သောသဘောမထွက်တတ်။ ၂၃ သင်၏သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုးစားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။ ၂၄ စည်းစိမ်သည် အမြဲမတည်တတ်။ [C] ရှင်ဘုရင်၏စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက်မတည်တတ်။ ၂၅ မြက်ပင်ပေါက်တတ်၏။ ပျိုးပင်လည်း ထင်ရှားတတ်၏။ တောင်ယာအသီးကိုလည်းသိမ်းရ၏။ ၂၆ သိုးသငယ်တို့သည် သင်ဝတ်စရာဘို့၊ ဆိတ်တို့လည်း မြေအဘိုးကို ​ဖြေစရာဘို့ဖြစ်၏။ ၂၇ သင်စားစရာဘို့၊ အိမ်သူအိမ်သားစားစရာဘို့၊ ​ကျွန်မိန်းမများကို ကျွေးစရာဘို့ဆိတ်နို့လောက်လိမ့်မည်။

_________________________
Footnotes


၁၇ (a) အင်္ဂလိပ်ကျမ်းစာအချို့၌ "အဆွေခင်ပွန်းကိုထက်စေတတ်၏၊" ဟုဘာသာပြန်ကြသည်။

၁၉ (b) မြန်မာကျမ်းစာ၌၊ "ရေ၌လူမျက်နှာချင်းတူသကဲ့သို့၊ လူတယောက်နှင့်တယောက် စိတ်သဘောတူကြ၏။" ဟု ဘာသာပြန်ထားသည်။

၂၀ (c) וַאֲבַדֹּה အဗဒ္ဒုန် ဟူသောစကားလုံးသည် ကျမ်းစာတအုပ်လုံးတွင် ဤနေရာ၌သာ သုံးသည်။ အဓိပ္ပါယ်မှာ "ပျက်စီးခြင်း" ဟူ၍ဖြစ်သည်။

၂၁ (d) လူ၏တန်ဘိုးကို သူတပါးချီးမွမ်းခြင်းအားဖြင့် သိရ၏ ဟုဆိုလိုခြင်းဖြစ်မည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.