-
AA
+
🡀
|
🡂
သုတ္တံကျမ်း
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၁၆


CROSS REFERENCES





CROSS REFERENCES






စိတ်နှလုံးအကြံအစည်တို့သည်လူနှင့်ဆိုင်ကြ၏။ လျှာနှင့်ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော်မူ၏။ လူသည်မိမိကျင့်သမျှသောအကျင့်တို့ကိုနှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘောတို့ကိုချိန်တော်မူ၏။ ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌ အပ်လော့။ သို့ပြုလျှင်သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။ ထာဝရဘုရားသည်ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့ မတရားသောသူတို့ကိုလည်း ဘေးဒဏ်ခံရသောနေ့အဘို့ဖန်ဆင်းတော်မူ၏။ မာနကြီးသောသူအပေါင်းတို့ကိုထာဝရဘုရားစက်ဆုပ်ရွှံရှာတော်မူ၏။ သူတို့သည်အသင်းဖွဲ့သော်လည်းအပြစ်ဒဏ်နှင့်မလွှတ်ရကြ။ ကရုဏာတရားနှင့်သမ္မာတရား [A]အားဖြင့်အပြစ်ပြေတတ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သောသဘောအားဖြင့်ဒုစရိုက်ကိုရှောင်တတ်၏။ [B] လူကျင့်သောအကျင့်တို့ကိုထာဝရဘုရားသည်နှစ်သက်သောအခါထိုသူ၏ရန်သူကိုပင်သူနှင့်သင့်တင့်စေတော်မူ၏။ ​ဖြောင့်မတ်ခြင်းပါရမီနှင့်ယှဉ်သောဥစ္စာအနည်းငယ်သည်၊ မတရားသဖြင့်ရသောဥစ္စာအများထက် သာ၍ကောင်း၏။ လူသည်မိမိသွားရာလမ်းကိုစိတ်ထဲမှာကြံစည်၏။ သို့သော်လည်းသူ၏​ခြေရာတို့ကိုထာဝရဘုရားစီရင်တော်မူ၏။ ၁၀ ရှင်ဘုရင်၏နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည်ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည်မမှားစေနှင့်။ ၁၁ မှန်သောအလေးနှင့်မှန်သောချိန်ခွင်သည်ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ ပါသမျှသောအလေးတို့သည်စီရင်တော်မူရာဖြစ်ကြ၏။ ၁၂ ရှင်ဘုရင်ပြုသောဒုစရိုက်သည်စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ အကြောင်းမူကား၊ ရာဇပလ္လင်သည်ဖြောင့်မတ်ခြင်းအားဖြင့်သာတည်တတ်၏။ ၁၃ ​ဖြောင့်မတ်သောနှုတ်ခမ်းတို့သည်ရှင်ဘုရင်နှစ်သက်ရာဖြစ်၏။ မှန်ကန်စွာပြောသောသူကိုရှင်ဘုရင်ချစ်တတ်၏။ ၁၄ ရှင်ဘုရင်၏အမျက်သည်သေမင်းတမာန်ကဲ့သို့ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည်အမျက်တော်ကိုဖြေတတ်၏။ ၁၅ ရှင်ဘုရင်မျက်နှာပွင့်လန်းသောအားဖြင့်အသက်ချမ်းသာရာရ၏။ ကျေးဇူးတော်သည်နောက်ရွာသောမိုးတိမ်ကဲ့သို့ဖြစ်၏။

၁၆ ရွှေကိုရတတ်ခြင်းထက်ပညာကိုရတတ်ခြင်းသည်အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဥာဏ်နှင့်ပြည့်စုံခြင်းကို အမြတ် ထားစရာအလွန်ကောင်း၏။ ၁၇ ​ဖြောင့်မတ်သောသူလိုက်သောလမ်းကိုကား၊ ဒုစရိုက်ကိုရှောင်ခြင်းတည်း။ ထိုလမ်းမှမလွှဲဘဲအမြဲလိုက်သောသူသည်မိမိအသက်ဝိညာဉ်ကိုစောင့်တတ်၏။ ၁၈ မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည်ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။ ၁၉ စိတ်နှိမ့်ချသောသူတို့နှင့်ပေါင်းဖေါ်၍စိတ်နှိမ့်ချခြင်းသည်၊ မာနကြီး သောသူတို့နှင့်ဆက်ဆံ၍လုယူသောဥစ္စာကိုဝေမျှခြင်းထက်သာ၍ကောင်း၏။ ၂၀ ပညာနှင့်အမှုစောင့်သောသူသည်အကျိုးကိုရလိမ့်မည်။ ထာဝရဘုရားကိုခိုလှုံသောသူသည်လည်းမင်္ဂလာရှိ၏။ ၂၁ လိမ္မာသောစိတ်သဘောရှိသောသူသည်ပညာသတ္တိရှိသည်ဟုကျော်စောရာသို့ရောက်တတ်၏။ ချိုသောစကားကိုပြောတတ်သောနှုတ်သတ္တိသည်လည်းပညာအတတ်ကိုတိုးပွားစေတတ်၏။ ၂၂ ဥာဏ်ပညာကိုရသောသူသည်အသက်စမ်းရေတွင်းကိုရ၏။ မိုက်သောသူတို့၏သွန်သင်ခြင်းမူကား၊ မိုက်ခြင်းဖြစ်၏။ ၂၃ ပညာရှိသောသူ၏နှလုံးသည်သူ၏နှုတ်ကိုသွန်သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကိုထပ်လောင်းတတ်၏။ ၂၄ သာယာသောစကားသည်ပျားလပို့ကဲ့သို့ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်ကိုယ်အရိုးကိုကျန်းမာစေလျက်ရှိကြ၏။ ၂၅ လူထင်သည်အတိုင်းမှန်သောလက္ခဏာရှိသော်လည်းအဆုံး၌ သေခြင်းသို့ပို့သောလမ်းတမျိုးရှိ၏။ ၂၆ အလုပ်လုပ်သောသူသည်မိမိပါးစပ်တောင်းသောကြောင့်မိမိအဘို့လုပ်တတ်၏။ ၂၇ အဓမ္မလူသည်မကောင်းသောအမှုကိုကြိုးစား၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ရှိ၏။ ၂၈ သဘောကောက်သောသူသည်ရန်မျိုးစေ့ကိုကြဲတတ်၏။ ကုန်းတိုက်သောသူသည်လည်းမိတ်ဆွေတို့ကိုကွဲပြားစေတတ်၏။ ၂၉ ကြမ်းကြုတ်သောသူသည်အိမ်နီးချင်းကိုချော့မော့၍မကောင်းသောလမ်းထဲသို့သွေးဆောင်တတ်၏။ ၃၀ ကောက်သောအကြံကိုကြံစည်ခြင်းငှါမျက်စိမှိတ်၍နှုတ်ခမ်းတို့ကိုလှုပ်သဖြင့်ဆိုးသောအမှုကိုပြီးစီးတတ်၏၊ ၃၁ ဖြူသောဆံပင်သည်ဖြောင့်မတ်ခြင်းတရား၌ တည်လျှင်၊ ဘုန်းကြီးသောသရဖူ ဖြစ်၏။ ၃၂ စိတ်ရှည်သောသူသည်ခွန်အားကြီးသောသူထက်၎င်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည်မြို့ကိုတိုက်ယူသောသူထက်၎င်း၊ သာ၍ကောင်း၏။ ၃၃ စာရေးတံတို့ကိုအိတ်ထဲ၌ လောင်းလျက်ရှိရာတွင်ခွဲဝေစီရင်ခြင်းအမူကိုထာဝရဘုရားပိုင်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.