၃၀ ဖြောင့်မတ်သောသူ သီးသောအသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကိုရသောသူသည်လည်းပညာရှိဖြစ်၏။ ဖြောင့်မတ်သောသူသော်လည်းမြေကြီးပေါ်မှာအပြစ်ဒဏ်ကိုခံရ၏။ မတရားသောသူနှင့်အပြစ်ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာရှိသနည်း။
၃ ပညာရှိသောသူတို့သည်လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်း တရားလမ်းထဲသို့ သွင်းသောသူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။