-
AA
+
🡀
|
🡂
သုတ္တံကျမ်း
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၁၀



ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက်သောသားမူကား၊ အမိဝမ်းနည်းခြင်း အကြောင်းကို ဖြစ်စေတတ်၏။ မတရားသော ဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ​ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ်၏။ ​ဖြောင့်မတ်သောသူကို ငတ်၍ သေစေခြင်းငှါ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသောသူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။ ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ်၏။ အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသော သားဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ်တတ်သောသူမူကား၊ အရှက်ခွဲတတ်သော သားဖြစ်၏။ တရားသောသူ၏ ခေါင်းပေါ်မှာ မင်္ဂလာ သက်ရောက်တတ်၏။ မတရားသောသူ၏ နှုတ်ကိုကား ညှဉ်းဆဲခြင်းအပြစ်သည် ပိတ်လိမ့်မည်။ တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏ နာမမူကား ပုပ်ပျက်တတ်၏။ [A] လိမ္မာသောသူသည် ပညတ်တရားကို ခံတတ်၏။ စကားများသော လူမိုက်မူကား ဆုံးရှုံးတတ်၏။ ​ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်း မှန်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ သဘော ထင်ရှားလိမ့်မည်။ ၁၀ မျက်စိမှိတ်သောသူသည် စိတ်ကို ပူစေတတ်၏။ စကားများသော လူမိုက်မူကား ဆုံးရှုံးတတ်၏။ ၁၁ ​ဖြောင့်မတ်သောသူ၏ နှုတ်သည် အသက်ရေတွင်းဖြစ်၏။ မတရားသောသူ၏ နှုတ်ကိုကား၊ ညှဉ်းဆဲခြင်း အပြစ်သည် ပိတ်လိမ့်မည်။ ၁၂ မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်းတတ်၏။ ချစ်သောစိတ်မူကား၊ ခပ်သိမ်းသောအပြစ်တို့ကို ဖုံးအုတ်တတ်၏။ ၁၃ ဥာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဥာဏ်မဲ့သောသူ၏ ကျောအဘို့မူကား ကြိမ်လုံးရှိ၏။ ၁၄ ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏ နှုတ်မူကား၊ အကျိုးနည်းခြင်းနှင့် နီးစပ်၏။ ၁၅ ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ ဆင်းရဲခြင်းမူကား၊ သူတို့၏အကျိုးနည်းကြောင်း ဖြစ်၏။ ၁၆ ​ဖြောင့်မတ်သောသူ၏ အလုပ်အကိုင်သည် အသက်နှင့်၎င်း၊ မတရားသောသူ၏ အကျိုးစီးပွားသည် အပြစ်နှင့်၎င်းယှဉ်၏။
CROSS REFERENCES






၁၇ နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏။ ၁၈ အငြိုးဖွဲ့သော သဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေ ပျက်အောင် ပြောတတ်သောသူသည် မိုက်သောသဘောရှိ၏။ ၁၉ စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသောသူမူကား ပညာရှိ၏။ ၂၀ ​ဖြောင့်မတ်သောသူ၏ လျှာသည် ငွေစင်နှင့်တူ၏။ ဆိုးသောသူ၏နှလုံးမူကား အဘိုးမထိုက်။ ၂၁ ​ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် လူအများကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဥာဏ်မရှိသောကြောင့် သေကြလိမ့်မည်။ ၂၂ ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်းနည်းခြင်း အကြောင်းကို ရောနှောတော်မမူ။ ၂၃ မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့တတ်၏။ ဥာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။ ၂၄ မတရားသောသူ ကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည်။ ​ဖြောင့်မတ်သောသူ တောင့်တသောအကျိုးကိုကား၊ ဘုရားသခင် ပေးတော်မူမည်၊ ၂၅ မတရားသောသူသည် လွန်သွားသော လေဘွေကဲ့သို့ ပျောက်တတ်၏။ ​ဖြောင့်မတ်သောသူမူကား၊ ကျွန်ုပ်သောတိုက်မြစ်ဖြစ်၏။ ၂၆ ပုံးရည်သည်သွား၌ လည်းကောင်း၊ မီးခိုးသည် မျက်စိ၌၎င်း ဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သောသူ၌ ဖြစ်၏။ ၂၇ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။ [B]မတရားသောသူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။ ၂၈ ​ဖြောင့်မတ်သောသူ၏ မြှော်လင့်ခြင်းသည် ဝမ်းမြောက်စရာ အကြောင်းဖြစ်၏။ ဆိုးသောသူ၏ မြော်လင့်ခြင်းမူကား [C] ပျောက်ပျက်လိမ့်မည်။ ၂၉ ထာဝရဘုရား၏ တရားလမ်းသည်​ ဖြောင့်မတ်သောသူ ခိုင်ခံ့ခြင်း အကြောင်းဖြစ်၏။ မတရားသဖြင့် ကျင့်သောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။ ၃၀ ​ဖြောင့်မတ်သောသူသည် အစဉ်မပျက် နေရာမှမရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည်မကျရ။ ၃၁ ​ဖြောင့်မတ်သောသူ၏ နှုတ်မှ ပညာစကားထွက်တတ်၏။ ကောက်လိမ်သောလျှာမူကား၊ အဖြတ်ခံရလိမ့်မည်။ ၃၂ ဖြာင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဖွယ်သောအရာကို သိ​ကျွမ်းတတ်၏။ မတရားသောသူတို့မူကား ဆန့်ကျင်သော စကားကို ပြောတတ်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.